Entertainment

တောင်တရုတ်ပင်လယ် မြေပုံနဲ့ ပတ်သက်လို့ "Abominable" ရုပ်ရှင်ပြသခွင့် ဗီယက်နမ်မှာ ပိတ်ပင်ခံရ

Dreamworks ရဲ့ နောက်ဆုံးထွက် ကာတွန်းရုပ်ရှင် “Abominable” ဟာ ဗီယက်နမ်နိုင်ငံမှာ ဖြန့်ချိပြသပြီး တပတ်အကြာမှာပဲ နိုင်ငံတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ပြသခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။

AP သတင်းရဲ့ အဆိုအရ တရုတ်နဲ့ အမေရိကန်ကုမ္ပဏီတွေ ပူးပေါင်းထုတ်လုပ်ထားတဲ့ အဲ့ဒီရုပ်ရှင်မှာ တောင်တရုတ်ပင်လယ်တွင်း တရုတ်တွေက သူတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ မြေပုံတခု ပါဝင်လာခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကြောင့် ဗီယက်နမ်ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ရုပ်ရှင်ရုံဌာနက နိုင်ငံတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေအားလုံးအနေနဲ့ အဲ့ဒီရုပ်ရှင်ပြသခွင့် ရပ်ဆိုင်းဖို့ အမိန့် တခု ထုတ်ပြန်ခဲ့ပါတယ်။

ဇာတ်ဝင်ခန်းထဲက ဓာတ်ပုံထဲမှာ ပြထားတာကတော့ တရုတ်တို့က သူတို့ပိုင်နက်လို့ ပြောဆိုထားတဲ့ အရင်းအမြစ် ပေါကြွယ်ဝတဲ့ ရေပိုင်နက် ဝန်းကျင်မှာ ဝိုးတိုးဝါးတား အကန့်အသတ်ဖြစ်ကြောင်း ဖော်ပြထားတဲ့ မျည်းရှည် ၉ ကြောင်း ပါဝင်နေခဲ့ပါတယ်။

ဗီယက်နမ်နဲ့ အာရှဒေသထဲက အစိုးရအချို့က အဲ့ဒီနေရာကို သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြတာ နှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် အခု မျဉ်းရှည် ၉ ခုနဲ့ ပြသထားတဲ့ တရုတ်ပိုင်နက်ကိစ္စကို ဖိလစ်ပိုင်က နိုင်ငံတကာခုံရုံးကို တင်ခဲ့ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်မှာတော့ အဲ့ဒီတရုတ်ရဲ့ ပိုင်ဆိုင်မှုပြောဆိုချက် မမှန်ကန်ဘူးဆိုပြီး ထုတ်ပြန်ထားခဲ့တာပါ။

“Monsters, Inc” ရုပ်ရှင်ဒါရိုက်တာ Jill Culton ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်မှာတော့ Everest လို့ခေါ်တဲ့ နှင်းလူတကောင်နဲ့ သူငယ်ချင်း ဖြစ်ခဲ့တဲ့ တရုတ် မိန်းကလေးတဦးအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ သူ့သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ အဲ့ဒီ Everest နှင်းလူကို ဟိမဝန္တာတောင်တန်းပေါ်က အိမ်ကို ပြန်ပို့ပေးဖို့ ကြိုးစားခဲ့ပါတယ်။

တရုတ်လုံခြုံရေး သင်္ဘောတွေက ဗီယက်နမ် ငါးဖမ်းလှေတစင်းကို တိုက်ခိုက် နှစ်မြှုပ်လိုက်ကြောင်း စွပ်စွဲခဲ့ပြီး လအနည်းငယ်အကြာမှာပဲ “Abominable” ရုပ်ရှင်ကို ဗီယက်နမ်က ကန့်သတ်ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။

အဲ့ဒီဖြစ်ရပ်ဟာ တောင်တရုတ်ပင်လယ်အတွင်းက Parcel ကျွန်းတွေအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတဦးက အဲ့ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အဲ့ဒီဗီယက်နမ် လှေထံကနေ အကူအညီတောင်းတဲ့ အချက်ပြမှုကို ရခဲ့လို့ လှေထိုးသားတွေကို ကယ်ဆယ်ဖို့ သင်္ဘောတစင်းကို စေလွှတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

Ref: etcanada

You may also like these stories:

မြောက်အမေရိကရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Abominable” ကာတွန်းရုပ်ရှင်

ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၅၅.၅ သန်းနဲ့ ပွဲဦးထွက်လာခဲ့တဲ့ “How to Train Your Dragon 3”

၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိလာမယ့် Animation ရုပ်ရှင်များ

Loading