သရုပ်ဆောင် ခင်ဝင့်ဝါက လက်ရှိအချိန်မှာ အနုပညာအလုပ်တွေကိုပဲ အားစိုက်ပြီး လုပ်ကိုင်နေဖြစ်တယ်လို့ မီဒီယာတွေကို ဆိုလိုက်ပါတယ်။
“ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပါတယ်။ ကိုယ်က အခုချိန်မှာ အနုပညာကို ကြိုးစားနေတဲ့အချိန်ဆိုတော့ အနုပညာကိုပဲ အားစိုက်နေပါတယ်။ အမေကို အရာရာတိုင်ပင်ဖြစ်တယ်။ အမေကလည်း အနားမှာ အမြဲအနီးဆုံးရှိတယ်။ အမေက အမြဲတမ်းကိုယ့်ကို ဝေဖန်သုံးသပ်ပေးတယ်။ အစ်မကလည်း ဝေဖန်သုံးသပ်ပေးတယ်”
“ တိုင်ပင်ဖော်ကတော့ အမေနဲ့ အစ်မနဲ့ပေါ့။ အခုလတ်တလော အနုပညာအလုပ်တွေ နဲ့ရှုပ်နေတယ်။ နားတဲ့အချိန်မှာတော့ ဝတ္ထုဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ သီချင်းနားထောင်တယ်။ အဲ့ဒါတွေနဲ့ပဲ အနားယူဖြစ်ပါတယ်”လို့ ခင်ဝင့်ဝါက ပြောပါတယ်။
“အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲ မှာ “ချောစု”ဆိုတဲ့ ကောင်မလေးတယောက်နေရာက ပါဝင်ထားပြီး ဒီဇာတ်လမ်းတွဲက ခင်ဝင့်ဝါအတွက် ပထမဆုံးဇာတ်လမ်းတွဲ ဖြစ်တာကြောင့် အခက်အခဲတွေ လိုအပ်ချက်တွေ အများကြီးရှိသလို အရမ်းလည်း ရင်ခုန်စိတ်လှုပ်ရှားတယ်လို့ ပြောပါတယ်။
“အကြင်နာမြစ်ဖျားက အချစ်ဇာတ်လမ်းတွဲပေါ့။ အဲ့ဒီမှာ ကျမကာရိုက်တာက ချောစုပါ။ ညီမက နှလုံးသားထက် ဦးနှောက်နဲ့ု ရွေးချယ်ရတဲ့ ကာရိုက်တာလေးကို အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ဒိုင်ယာလော့တွေက ထိတယ်ဆိုတာ ကိုမိုးစက်ဝိုင်ရဲ့ ဒိုင်ယာလော့တွေကို စီးမျောပြီး သရုပ်ဆောင်ထားတယ်။ အချစ်ဆိုတာက အကုန်လုံးက ခံစားတတ် ကြတာပဲလေ။ ခံစားချက်ထပ်တူကျတဲ့ ပရိသတ်တွေက သဘောကျကြမှာပါ”
“ကျမအတွက် ပထမဆုံးဇာတ်လမ်းတွဲ ဆိုတော့ အခက်အခဲတွေ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ အခက်အခဲ တွေကြားက အောင်အောင်မြင်မြင် ပြီးဆုံးသွားတဲ့ ဇာတ်လမ်းတွဲလေးပေါ့။ အရမ်းလည်း ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ လိုအပ်ချက်တွေ အားနည်းချက်တွေကိုလည်း နားလည်ပေးကြပါလို့ ကြိုတင်တောင်းပန်ချင်ပါတယ်”လို့ ခင်ဝင့်ဝါက ပြောပါတယ်။
ဒါရိုက်တာ သားညီ ရိုက်ကူးထားတဲ့ “အကြင်နာမြစ်ဖျား” ရုပ်သံဇာတ်လမ်းတွဲကိုတော့ အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ပြီး MRTV-4 ရုပ်သံလိုင်းမှာ ပြသသွားမှာဖြစ်ပြီး သရုပ်ဆောင် ထူးအောင်၊ မိုးယံဇွန်၊ ခင်ဝင့်ဝါ၊ ထက်ထက်ထွန်း၊ K ညီနဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
ရိုက်ကူးမယ့် ဇာတ်ကို ရွေးနေလို့ ကားရိုက်နည်းသွားရတဲ့ ခင်ဝင့်ဝါ
ရွှေမှုံရတီ နေရာမှာ သရုပ်ဆောင်မယ့် ခင်ဝင့်ဝါ ဘယ်လိုပြင်ဆင်ထားလဲ
“ညီမမှာ မိန်းကလေးတယောက်အနေနဲ့ ဆွဲဆောင်စရာကောင်းတဲ့ အသံ မရှိသေးဘူး”