အိန္ဒိယနိုင်ငံဟာ Netflix နဲ့ Amazon Prime Video တို့လိုမျိုး အွန်လိုင်းကနေ ရုပ်ရှင်ဗီဒီယိုကြည့်ရှုနိုင်တဲ့ပလက်ဖောင်းတွေမှာ ဆင်ဆာဖြတ်တောက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အကြီးတန်းအစိုးရသတင်းရင်းမြစ် တခုက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
အဲ့ဒီ အွန်လိုင်းရုပ်သံကြည့် ပလက်ဖောင်းတွေ အနေနဲ့ အိန္ဒိယနိုင်ငံမှာ ပြည်သူတွေကြည့်ရှုဖို့ အချက်အလက်တွေ ချပြတဲ့အခါမှာ အချက်အလက်တွေကို ဆင်ဆာနဲ့ ဖြတ်တောက်မှုမလုပ်ဖို့ ဥပဒေနဲ့ တားမြစ်ထားပါတယ်။
ဒါပေမယ့် မကြာသေးခင်လတွေအတွင်း ရဲတွေကနေ တဆင့် လက်ခံရရှိခဲ့တဲ့ တိုင်ကြားချက်တွေနဲ့ တရားရုံးအမှု တော်တော် များများမှာ ပြသတဲ့အချက်အလက်တွေက ညစ်ညမ်းနေတာနဲ့ ဘာသာရေး အထွဋ်အမြတ်အရာတွေကို ထိပါးစော်ကားနေတာတွေရှိတယ်ဆိုတဲ့စွဲချက်တွေကြောင့် အစိုးရရဲ့ စိုးရိမ်မှုမြင့်တက်လာတာ ဖြစ်ပါတယ်။
အဲ့ဒီလိုမျိုး စိုးရိမ်မှုတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းဖြစ် Hotstar နဲ့ Netflix တို့လိုမျိုး အွန်လိုင်း ရုပ်သံကြည့် ဝန်ဆောင်မှုတွေအနေနဲ့ လာမယ့် ဇန်နဝါရီလကစလို့ စည်းကမ်းသတ်မှတ်ပြဌာန်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် Amazon ကတော့ လက်မှတ်မထိုးခဲ့ဘဲ လက်ရှိဥပဒေတွေဟာ ပြည့်စုံလုံလောက်တယ်လို့ ပြောဆိုခဲ့တာပါ။ Netflix ရဲ့ ပထမဆုံး အိန္ဒိယစီးရီးဖြစ်တဲ့ “Sacred Games” ဟာ စီးရီးမှာပါဝင်တဲ့ တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ အိန္ဒိယဝန်ကြီးချုပ် ဟောင်းအပေါ် ဝေဖန်တဲ့မှတ်ချက်တွေကြောင့် တရားရုံးမှာ အမှုစွဲဆိုမှု ဖြစ်ခဲ့ရပေမယ့် အမှုကတော့ ပလပ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ လမှာတော့ Netflix မှာရှိတဲ့ဇာတ်လမ်းတွေဟာ ဟိန္ဒူအယူဝါဒတွေကို သိက္ခာချနေတယ်လို့ ဆိုပြီး အိန္ဒိယနိုင်ငံရေးသမားတဦးရဲ့ စွပ်စွဲပြစ်တင်မှုကိုလည်း ခံခဲ့ရပါတယ်။
အဲ့ဒီလို အကြောင်းအချင်းအရာတွေကြောင့် အစိုးရအဖွဲ့ကြားမှာ စိုးရိမ်မှုတွေကို မြင့်တက်လာစေခဲ့ပြီး အိန္ဒိယရဲ့ သတင်းအချက်အလက်၊ ထုတ်လွှင့်ရေးနဲ့ အိုင်တီဝန်ကြီးတွေအကြားမှာ အဲ့ဒီလို အချက်အလက်ထောက်ပံ့သူတွေအတွက် လက်ခံနိုင်လောက်တဲ့ စည်းကမ်းမူဘောင်ရရှိအောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုပြီး ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။
ကိုယ်ပိုင်စည်းမျဉ်းချမှတ်ရေးသဘောတူညီချက်အရ အစိုးရက တိုက်ရိုက် ကြားဝင်ဟန့်တားတာမျိုး ရှိမှာ မဟုတ်ပေမယ့် အချက်အလက်တွေကို ပြသခွင့်ရရှိဖို့ အွန်လိုင်းပလက်ဖောင်းတွေအနေနဲ့ အစိုးရက စောင့်ကြည့်မယ့် စည်းမျဉ်းနဲ့ အရေးယူဆောင်ရွက်ချက်တွေအတိုင်း လုပ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အိန္ဒိယသတင်းအချက်အလက်၊ ထုတ်လွှင့်ရေးနဲ့ အိုင်တီဝန်ကြီးဌာနကတော့ မှတ်ချက်မပေးသေးပါဘူး။ အိန္ဒိယ နိုင်ငံရဲ့ Amazon နဲ့ Netflix တို့မှာ တင်ထားတဲ့ ဘောလိဝုဒ် ရုပ်ရှင်တွေမှာ ပါဝင်တဲ့ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းတွေမှာ ဆေးလိပ်မသောက်ရေး သတိပေးချက် ထည့်သွင်းရိုက်နှိပ်ဖော်ပြတာမျိုးနဲ့ မလုံလောက်ဘူးလို့လည်းဆိုပါတယ်။
Netflix နဲ့ Amazon ကတော့ အိန္ဒိယမှာရှိတဲ့ ကြည့်ရှုသူတွေကို ရရှိဖို့ ဒေသတွင်း အချက်အလက်တွေ ပါဝင်တဲ့ ရုပ်ရှင်စီးရီး တွေကို ပိုမို ထုတ်လုပ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အိန္ဒိယမှ subscriber ပေါင်း သန်း ၁၀၀ ရရှိခဲ့တဲ့ Netflix ကတော့ ရူပီ ၁၉၉ (ဒေါ်လာ ၂ ဒဿမ ၈) လောက်ပဲရှိတဲ့ လစဉ်သုံးဒေတာအစီအစဉ် ကို ကြေညာခဲ့ပါတယ်။
ကုမ္ပဏီရဲ့အဆိုအရ အခုမိုဘိုင်းအစီအစဉ်ဟာ အိန္ဒိယမှာ လူအများနှစ်ခြိုက်ကြတဲ့ အစီအစဉ် ဖြစ်ပြီး တခြားဈေးကွက်တွေကိုပါ ချဲ့ထွင်နိုင်လိမ့်မယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၇ ရက်နေ့မှာပဲ ပြောဆိုထားပါတယ်။
Ref:Reuters
You may also like these stories:
“Stranger Things” စတုတ္ထမြောက် Season ကို ပြသမယ်လို့ Netflix ကြေညာ
Netflix က ထွက်ရှိလာမယ့် Thriller ရုပ်ရှင်တခုမှာ ပါဝင်လာမယ့် Jason Momoa
မင်းသား ရှရွတ်ခန် ပါဝင်မယ့် အထူးအစီအစဉ်ကို Netflix ကနေ ထုတ်လွှင့်မည်