၁၉၆၀ ခုနှစ်တွေကတည်းက အာရှရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတွေကို ဟောလိဝုဒ်မှာ ပြန်လည်ရိုက်ကူးလေ့ ရှိခဲ့ပါတယ်။ အများအားဖြင့် စီးပွားရေးအရ အောင်မြင်မှုကိုပါ ထည့်တွက်ခဲ့ကြပြီး အမေရိကန်နဲ့ ကမ္ဘာတဝှမ်းက ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် တည်းဖြတ် ရိုက်ကူးခဲ့ကြတာလည်း ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်ဇာတ်ကားတွေကတော့ ဟောလိဝုဒ်မှာ ပြန်လည် ရိုက်ကူးခဲ့ရလောက်တဲ့အထိ အောင်မြင်ခဲ့တဲ့ အာရှရုပ်ရှင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) The Ring (2002)
၁၉၉၈ခုနှစ်မှာ Ringu အဖြစ် အာရှတခွင် လူသိများခဲ့တဲ့ Horror ရုပ်ရှင်ကားဖြစ်ပြီး ဟောလိဝုဒ်မှာတော့ ၂၀၀၂ ခုနှစ်မှာ The Ring အဖြစ် ပြန်လည် ရိုက်ကူးပြသခဲ့ပါတယ်။ ကျိန်စာသင့်ထားတဲ့ တိပ်ခွေကို ကြည့်ရှုသူတိုင်း ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ကြပုံဟာ ရုပ်ရှင်ရဲ့ အဓိက Concept ဖြစ်ပြီး ဒါရိုက်တာ Gore Verbinski ပြန်လည် ရိုက်ကူးခဲ့တဲ့ The Ring (2002) ဟာလည်း Box Office မှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။
(၂) Oldboy (2013)
ဒါရိုက်တာ Park Chan-wook ရဲ့ Masterpiece လို့ ရုပ်ရှင်ချစ်ပရိသတ်တွေ သတ်မှတ်ထားခဲ့ Oldboy ကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဟောလိဝုဒ်မှာတော့ ဒါရိုက်တာ Spike Lee ရိုက်ကူးကာ သရုပ်ဆောင်တွေ အနေနဲ့ Josh Brolin ၊ Elizabeth Olsen တို့ ပါဝင်ခဲ့ကြပါတယ်။
(၃)The Eye (2008)
မူလ The Eye ရုပ်ရှင်ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်တဲ့ Horror အမျိုးအစားရုပ်ရှင် ဖြစ်ပြီး အဓိက ဇာတ်ကောင်ဟာ ဝိညာဉ်တွေကို မြင်တွေ့နိုင်စွမ်းရှိသူတဦးပါ။ ၂၀၀၈ ခုနှစ် ဟောလိဝုဒ်မှာ ပြန်လည်ရိုက်ကူးချိန်မှာတော့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Jessica Alba ဟာ သူ့ဘဝရဲ့ အဆိုးရွားဆုံး Production ဖြစ်တယ်လို့ ဖွင့်ဟဝန်ခံခဲ့ဖူးပါတယ်။
(၄) Possession (2008)
နာမည်ကျော်မင်းသား Lee Byung-Hun ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့ Addicted ရုပ်ရှင်ဟာ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Drama, Horror, Mystery အမျိုးအစား ရုပ်ရှင်တကား ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ဒါရိုက်တာ Joel Bergvall နဲ့ Simon Sandquist တို့ ပြန်လည် ရိုက်ကူးခဲ့ပေမယ့် မူလရုပ်ရှင်လောက် အောင်မြင်မှု မရရှိခဲ့ပါဘူး။
Ref. www.tasteofcinema.com
You may also like these stories:
စိတ်ချောက်ချားမှု အပြည့်နဲ့ ကြည့်ရှုရမယ့် “Hereditary” ရုပ်ရှင်
တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကြောင်း မြင်တွေ့ရမယ့် စီးရီးအသစ်များ
ရုပ်ရှင်ချစ်သူတိုင်း ကြည့်ရှုသင့်တဲ့ ၂၀၁၈ခုနှစ်ရဲ့ အကောင်းဆုံး ဘောလိဝုဒ်ရုပ်ရှင်များ