Entertainment

The Batman ရုပ်ရှင်မှာ Riddler အဖြစ် သရုပ်ဆောင်မယ့် မင်းသား Paul Dano

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ Matt Reeves ရိုက်ကူးမယ့် The Batman ရုပ်ရှင်မှာ ဗီလိန်ဇာတ်ကောင်တဦးဖြစ်တဲ့ Riddler အဖြစ် သရုပ်ဆောင်ဖို့ မင်းသား Paul Dano ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ Batman နေရာမှာ သရုပ်ဆောင်ဖို့ မင်းသား Robert Pattinson ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေထဲက ရွေးချယ်ခဲ့ပြီး ဗီလိန်နေရာအတွက် သရုပ်ဆောင်တွေကို ဆက်တိုက်ဆိုသလို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Gordon နေရာအတွက် Jeffrey Wright ၊ Catwoman နေရာအတွက် Zoe Kravitz တို့ကို အသီးသီးရွေးချယ်ခဲ့အပြီးမှာတော့ Riddler နေရာအတွက် Paul Dano ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဗီလိန်ဇာတ်ကောင်တွေအတွက် သရုပ်ဆောင်ရွေးချယ်မှုနဲ့ ပတ်သက်ပြီး DCEU (DC Extended Universe) ပရိသတ်တွေကြား မေးခွန်းပေါင်းများစွာနဲ့ လှုပ်လှုပ်ခတ်ခတ် ဖြစ်ပွားခဲ့ပါတယ်။

မင်းသား Jonah Hill ကို ဗီလိန်ဇာတ်ကောင်တွေ ဖြစ်ကြတဲ့ Riddler ဒါမှမဟုတ် Penguin နေရာမှာ သရုပ်ဆောင် အဖြစ် ရွေးချယ်ခံရဖို့  ထင်ကြေးပေးခဲ့ကြတာပါ။

ဒါရိုက်တာ Matt Reeves အနေနဲ့ တင်ဆက်မှု ပုံစံပေါင်းများစွာကို ဦးတည် ရည်ရွယ်နေပြီး Batman နဲ့ သူ့ရဲ့ ထင်ရှားတဲ့ဗီလိန်တွေကို ဘယ်လိုချိတ်ဆက်မလဲ၊ နှစ်သက်စရာကောင်းမယ့် The Batman ရုပ်ရှင်ကို ဘယ်လို အသက်သွင်းမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

အခု Riddler နေရာအတွက် ရွေးချယ်လိုက်တဲ့ Paul Dano ဟာ “Little Miss Sunshine”, “Swiss Army Man”, “There Will Be Blood” နဲ့ “Prisoners” စတဲ့ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

“Riddler” ဇာတ်ကောင်ကို ၁၉၉၅ ခုနှစ် Batman Forever မှာ နာမည်ကျော်မင်းသားကြီး Jim Carrey သရုပ်ဆောင်ခဲ့ဖူးပြီး အခု Matt Reeves ရိုက်ကူးမယ့် ရုပ်ရှင်မှာတော့ မင်းသား Paul Dano ကို ပရိသတ်တွေအတွက် အမြင်ဆန်းစေမယ့် Edward Nygma (Riddler) အနေနဲ့ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

Ref. screenrant.com

You may also like these stories:

Catwoman အဖြစ် မြင်တွေ့ရမယ့် မင်းသမီး Zoe Kravitz ရဲ့ ခန့်မှန်း ဝတ်စုံ

ပြန်လည် ရိုက်ကူးကြတဲ့ ရုပ်ရှင်တွေထဲမှာ မူရင်းထက် ပိုအောင်မြင်ကြတဲ့ ရုပ်ရှင်များ

Star Wars ခေါင်းဆောင်း အပါအဝင် ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ဝင်ပစ္စည်းတချို့ကို လေလံပစ်မည်

Batman ဝတ်စုံဝတ်ပြီး တိရစ္ဆာန်တွေကို ကယ်တင်နေတဲ့ အမျိုးသား

Did you find apk for android? You can find new Free Android Games and apps.
Loading