Entertainment

စင်ကာပူပွဲမှာ သီချင်းပုဒ်ရေများစွာနဲ့ တကိုယ်တော် ဖျော်ဖြေမယ့် အဆိုတော် နီနီခင်ဇော်

Want create site? Find Free WordPress Themes and plugins.

နီနီခင်ဇော်ရဲ့ တတိယမြောက် တကိုယ်တော် ဖျော်ဖြေပွဲကိုတော့ မန္တလေးမြို့နဲ့ စင်ကာပူနိုင်ငံတို့မှာ ပြုလုပ်မှာဖြစ်ပြီး သီချင်းအပုဒ်ရေများစွာ သီဆိုသွားဖို့ စီစဉ်ထားတယ်လို့ နီနီခင်ဇော်က ပြောပါတယ်။

“နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်မယ့် Party Redvolution Show ပွဲက နီနီ့ အတွက်ဆိုရင် တတိယမြောက် တကိုယ်တော် ဖျော်ဖြေပွဲပါ။ ပထမဆုံး အနေနဲ့ကတော့ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့တာပါ။ ၂၀၁၈ ခုနှစ်တုန်းကလည်း ဒုတိယမြောက် တကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မှာရှိတဲ့ National Theatre မှာ ၂ ရက် ဆက်တိုက် ဖျော်ဖြေခဲ့ပါတယ်။ နောက်ထပ် အထူးခြားဆုံးပွဲအနေနဲ့ Party Redvolution Show in Singapore ဖြစ်ပါတယ်”

စင်ကာပူမှာ သွားရောက် ဖျော်ဖြေမယ့် ပွဲကတော့ Redvolution အဖွဲ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တခုဖြစ်တယ်လို့ နီနီခင်ဇော်က ဆိုပါတယ်။

“မန္တလေးမှာတော့ နီနီ့ အတွက် စိန်ခေါ်မှု မရှိပေမယ့် စင်ကာပူမှာ သွားရောက် ဖျော်ဖြေမယ့် ပွဲကတော့ Redvolution အဖွဲ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တခုဖြစ်ပါတယ်။ မန္တလေးမှာ ကျင်းပပြုလုပ်ခဲ့သလိုပဲ စင်ကာပူမှာလည်း သွားရောက် ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။ သီချင်းကတော့ ၂၈ ပုဒ်ဆိုပါမယ်။ ဆိုဖူးသမျှ Redvolution ပွဲတွေတိုင်းမှာ ဒီတခေါက်က သီချင်းပုဒ်ရေ အများဆုံးပဲ”

“အမျိုးသမီးအဆိုတော် တယောက်အနေနဲ့ Party Redvolution Team တခုလုံးကို ခေါ်ပြီး စင်ကာပူမှာ သွားလုပ်ရတာဖြစ်တဲ့အတွက် စိန်ခေါ်မှု အရမ်းများပါတယ်။ ဘက်ပေါင်းစုံ ကနေလည်း ဖိအားတွေ အများကြီးရှိပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

အရင် Show တွေမှာ စိတ်ရော လူရော ပင်ပန်းခဲ့တာကြောင့် ဒီနှစ်ရှိုးပွဲအတွက် ကျန်းမာရေးကို ဂရုစိုက်နေတယ်လို့ နီနီခင်ဇော်က ဆိုပါတယ်။

“ရှိုးပွဲအတွက် နီနီကျန်းမာရေးကို နံပါတ် ၁ ဂရုစိုက်တယ်။ ပြီးခဲ့တဲ့နှစ်တွေက စိတ်ရော လူရော ပင်ပန်းခဲ့တယ်။ ဒီနှစ်ကတော့ စိတ်ရော လူရော ကျန်းမာအောင် နေထိုင်တယ်။ အရမ်း အကတိုက်တာတို့၊ အားကစားအရမ်းလုပ်တာတို့တော့ နီနီမလုပ်ဘူး။ အသံဆိုလည်း အတတ်နိုင်ဆုံးချွေတာတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

နီနီခင်ဇော်ရဲ့ တတိယမြောက် တကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂ ရက်နေ့ မန္တလေးမြို့ Mingalar Mandalay Car Parking မှာ ပြုလုပ်မှာဖြစ်ပြီး၊ စတုတ္တမြောက် တကိုယ်တော် ဖျော်ဖြေပွဲကိုတော့ နိုဝင်ဘာ ၃၀ ရက်မှာ စင်ကာပူနိုင်ငံရှိ The Capital Theatre မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

You may also like these stories:

မန္တလေးမှာ Red Revolution Show ပွဲကြီးလုပ်ဖို့ ပြင်ဆင်နေတဲ့ နီနီခင်ဇော်

“ပါတီခင်ဇော်”အခွေမှာ ပိုင်တံခွန်နဲ့ လိုက်ဖက်လွန်းလို့ သီချင်းအတူ သီဆိုထားတဲ့ နီနီခင်ဇော်

Did you find apk for android? You can find new Free Android Games and apps.
Loading