Makeup Artist တဦးဖြစ်တဲ့ ဟန်နာယူရီ (Hanna Yuri) ကတော့ တခါက အွန်လိုင်းမှာ အလှကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး သတင်းများစွာ ထွက်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ ပရိသတ် အားပေးရကျိုးနပ်အောင် အမှား မဖြစ်အောင် နေနရတယ်လို့ ပြောပါတယ်။
“အဓိက ပရိသတ်တွေ အားပေးရကျိုး နပ်အောင် ရိုးရိုးရှင်းရှင်း အမှားမလုပ်မိအောင် နေပါတယ်။ ညီမကို ပရိသတ်တွေ လက်မခံနိုင်တဲ့ အမှားတွေ မှားခဲ့တာလည်း ရှိမယ်။ အခုချိန်မှာ ပရိသတ်ရဲ့ ယုံကြည်မှုကို ညီမပြန်ယူနေရတယ်။ အဲ့အတွက် အမှားမဖြစ်အောင် နေထိုင်ပြောဆိုရတယ်။ ညီမ အလုပ်တွေကအစ သေချာလေး စေ့စေ့စပ်စပ်လေး လုပ်တယ်။ ထပ်ပြီးတော့ ပရိသတ်ရဲ့ ယုံကြည်မှုကို စိတ်ပျက်အောင်လုပ်လို့ မရဘူး”
“ပရိသတ် စိတ်ပျက်အောင် လုပ်လို့ မရတဲ့ အထဲမှာ ညီမ ပါနေတယ်။ ပရိသတ်တွေကလည်း ညီမကို ပိုချစ်လာကြတယ်။ ယုံကြည်မှုလည်းထားထားတော့ သူတို့ ယုံကြည်အောင် မနည်းကြိုးစားခဲ့ရတယ်”လို့ ဟန်နာယူရီက ပြောပါတယ်။
Special Effect Makeup နဲ့ ပတ်သက်ပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားတွေမှာ တာဝန်ယူ ပြင်ဆင်ပေးနေတဲ့ ဟန်နီယူရီက ဇာတ်ကား ထွက်မလာသေးတဲ့အပေါ် အခုလိုပဲ ပြောပါတယ်။
“ညီမ Special Make Up Effect နဲ့ ပတ်သက်ပြီး ပြင်ဆင်ပေးထားတဲ့ ‘တခါက ဆတ်သေချောင်း’ ဇာတ်ကားကလည်း ရုံမတင်သေးဘူး။ အဲ့တာတော့ စောင့်နေတယ်။ Music Video လေးတွေမှာ ပြင်ပေးတာ ရှိတယ်။ ကြီးကြီးမားမားတော့ လုပ်ဖြစ်တာ မရှိသေးဘူး။ ညီမ အရင်က မရိုးရှင်းတဲ့ ပုံစံတွေလည်း ရှိမယ်။ ရိုးရှင်းတာတွေလည်း ရှိတယ်။ အခု ပုံစံကတော့ ညီမ အတတ်နိုင်ဆုံး နှိမ့်ချပြီး အကောင်းဆုံးဖြစ်အောင် နေတယ်”
“ပျော်တဲ့အချိန်တွေဆိုလည်း ပျော်လိုက်သလို စိတ်ညစ်တဲ့အချိန်တွေဆိုလည်း အဆင်ပြေအောင် နေထိုင်တယ်။ ပရိသတ်တွေ အားပေးလို့ဆိုပြီးလည်း လွတ်ထွက် မသွားအောင် ကိုယ့်ကိုယ်ကို နှိမ့်ချပြီး နေပါတယ်”လို့ ဟန်နာယူရီက ဆိုပါတယ်။
လက်ရှိ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ဟန်နာယူရီ အလုပ်ပိုတာကြောင့် မစဉ်းစားဖြစ်သေးဘဲ အရင်က တိုးတက်မယ့် အလုပ်တွေပဲ လုပ်နေတယ်လို့ ပြောပါတယ်။
“အချစ်ရေးကတော့ ချစ်စရာလူ မရှိသေးတာ။ ညီမ ခရီးတွေသွားပြီး အလုပ်အရမ်းလုပ်လို့ ကောင်းတဲ့အချိန်ဆိုတော့ ချစ်သူ မရှိတာကြာတော့ ချစ်သူထားရင် အလုပ်တခု ပိုလာတယ်လို့ ခံစားရတယ်။ ညီမအခုတော့ ကိုယ့်အတွက် တိုးတက်မယ့် အလုပ်ပဲ လုပ်ချင်တယ်။ အလုပ်လုပ်လို့ မဝသေးဘူး။ ချစ်သူ ထားလိုက်လည်း ပျက်မှာပဲလေ။ အဲ့တော့ မထားသေးဘူး။ အရင် Ex နဲ့ ပြန်တွေ့လည်း ညီမတို့က အနုပညာမောင်နှမတွေဆိုတော့ ရယ်ပြလိုက်ရုံပါပဲ။ တွေ့ဖြစ်ရင်တော့ ညီမက စပြီး နှုတ်ဆက်မှာတော့ မဟုတ်ဘူး”လို့ ဟန်နာယူရီက ပြောပါတယ်။
Makeup Artist တဦးဖြစ်တဲ့ ဟန်နာယူရီဟာ နာမည်ကျော် အဆိုတော်ရဲ့ ချစ်သူဟောင်းအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပြီးနောက်ပိုင်း Special Make Up Effect တွေ ပြင်ဆင်ပေးကာ အနုပညာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေပါပြီ။
You may also like these stories:
အပျော်ရည်းစားထားဖို့ အချိန်မရှိပါဘူးလို့ ဆိုလာတဲ့ ဟန်နာယူရီ
“ဝိညာဉ်စိမ်း” ရုပ်ရှင်ကားကြီးမှာ ထိတ်လန့်ဖွယ် မိတ်ကပ် Effect ကို ပြင်ဆင်ပေးခဲ့တဲ့ ဟန်နာယူရီ
“ပုဂံမြို့သူ ဇာတ်လမ်းတွဲ ရိုက်ခဲ့တဲ့အတွက် ပုဂံက အမှတ်တရတွေ ရှိတယ်”လို့ မေမြင့်မိုရ် ပြော