Entertainment

ပရိသတ်နဲ့ အတူတူ ဖျော်ဖြေရင်း စင်အောက်ကို ပြုတ်ကျသွားတဲ့ လေဒီဂါဂါ

ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါဟာ အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက အမေရိကန်ပြည်ထောင်စု၊ Las Vegas မြို့မှာပြုလုပ်ခဲ့တဲ့ “Enigma” ဆိုတဲ့ သူ့ရဲ့ ဖျော်ဖြေပွဲမှာ ပရိသတ် တယောက်နဲ့အတူ ဖျော်ဖြေနေရင်း စင်ပေါ်ကနေ ရုတ်တရက် ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖျော်ဖြေပွဲအတွင်းမှာ လေဒီဂါဂါဟာ ပွဲလာကြည့်တဲ့ ပရိသတ်တယောက်ကို Park Theater မှာရှိတဲ့ စင်ပေါ်ကို ခေါ်တင်ခဲ့ပြီး အရမ်းစိတ်လှုပ်ရှားနေတဲ့ ပရိသတ်နဲ့အတူ သီဆိုဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပရိသတ်ရဲ့ ခါးကို ခြေထောက်နဲ့ သိုင်းဖက်ထားခဲ့တာကြောင့် အမျိုးသားဖြစ်တဲ့ အဲ့ဒီပရိသတ်ဟာ ခုန်ဆွ ခုန်ဆွအနေအထားနဲ့ ဖြစ်နေခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာပဲ ခြေလှမ်းမှားသွားခဲ့တာကြောင့် လမ်းလျှောက် စြင်္ကန်ရဲ့ ညာဘက်အခြမ်းမှာရှိတဲ့ ပရိသတ်ထဲကို နှစ်ဦးသား ပြုတ်ကျသွားခဲ့ပါတယ်။ သူတို့ နှစ်ယောက်လုံးဟာ ကြမ်းပေါ်ပေါ်မှာ တော်တော်လေး အထိနာနေခဲ့တဲ့ပုံ ရပါတယ်။

ပရိသတ်တွေ ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုတွေထဲမှာဆိုရင် ဂါဂါဟာ ကြမ်းပြင်နဲ့ ရိုက်မိခဲ့ပြီး သူ့အပေါ်ကနေ အဲ့ဒီပရိသတ်က တက်ဖိသလို ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရတဲ့ ပရိသတ်တွေကတော့ အထိတ်တလန့်နဲ့ အော်ဟစ်ခဲ့ကြပါတယ်။

အဲ့ဒီထိတ်လန့်ဖွယ် မတော်တဆမှုကို ပရိသတ်တွေက ရှုထောင့်ပေါင်းစုံကနေ ဗီဒီယိုတွေကို ရိုက်ကူးခဲ့ကြပြီး အဲ့ဒီပရိသတ်ဟာ သူရှိနေတဲ့နေရာနဲ့ စင်ရဲ့ အစွန်းတို့ ဘယ်လောက် နီးကပ်နေပြီလဲ ဆိုတာကို မသိဘဲ ခြေချော်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

လေဒီဂါဂါရော အဲ့ဒီပရိသတ်ပါ ပြုတ်ကျမှုဒဏ်ကြောင့် တော်တော်လေး အနာတရ ဖြစ်သွားပုံ ရပါတယ်။ ဒါပေမယ့် အဲ့ဒီ ဖျော်ဖြေပွဲကို လာရောက်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့ အဆိုအရ အဆိုတော် ဂါဂါဟာ ပြန်ထခဲ့ပြီးတဲ့နောက် ပုံမှန်အတိုင်းပဲ ပွဲပြီးတဲ့အထိ သီဆို၊ ကပြရင်း ပွဲကို အဆုံးသတ်ခဲ့တယ်လို့ ရပါတယ်။

အခုလိုမျိုး ရုတ်တရက် လိမ့်ကျမှုကြောင့် ဒဏ်ရာ ရရှိခဲ့သလားဆိုတာကို ဂါဂါရော အဲ့ဒီအမျိုးသားကပါ ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးပါဘူး။

You may also like these stories:

Marvel ရုပ်ရှင်ကားတွေမှာ Lady Gaga ကို မြင်တွေ့ရဖွယ်ရှိ

အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာတဦးနဲ့ တွဲနေတဲ့ အဆိုတော်လေဒီဂါဂါ

လေဒီဂါဂါနဲ့ လေးနက်တဲ့ ဆက်ဆံရေးရှိပေမယ့် အချစ်ရေးကို ဦးစားမပေးဘူးလို့ Bradley Cooper ဆို

Loading