ဖိလစ်ပိုင်မော်ဒယ်က Sinon Loresca က နှင်းဆီအငြိမ့် မှာ ထွန်းထွန်းက သူပုံစံအတိုင်း လိုက်လံပြုလုပ်ခဲ့တာဟာ သူနဲ့ အရမ်းတူပြီး သဘောကျမိတယ်လို့ ဆိုပါတယ်။ ထွန်းထွန်းနဲ့လည်း အပြင်မှာ တွေ့ဖြစ်ပြီး ပျော်ရွှင်တယ်လို့လည်း ဆိုပါတယ်။
“ဒီလိုမျိုးအကယ်ဒမီဆုရှင် တယောက်နဲ့တွေ့ရတဲ့အတွက် ပျော်ရွှင်တယ်။ စကားတွေလည်း အများကြီးပြောဖြစ်တယ်။ ထွန်း ထွန်းက ပန်းနဲ့ပုဆိုးလက်ဆောင် ပေးတယ်။ ထွန်းထွန်းက နှင်းဆီ အငြိမ့်မှာ ကျနော်ရဲ့ပုံစံအတိုင်း လိုက်လုပ်တဲ့ အတွက် ဂုဏ်ယူ တယ်။ အနာဂတ်မှာလည်း သူနဲ့ အလုပ်တွေ လုပ်သွားဖို့ရှိနိုင် တယ်”
“ထွန်းထွန်းလုပ်တဲ့ပုံစံကို ကြည့်ရတာ ကိုယ့်ကိုယ်ကိုပြန် ကြည့်နေရသလို ခံစားရတယ်။ ထွန်းထွန်းလုပ်တဲ့ အသံရော၊ လှုပ်ရှားမှုကိုရော သဘောကျတယ်။ ထွန်းထွန်းက ကျနော့်ခေါင်းမှာ တပ်ထားတာလေးကို လက်ဆောင်တောင်းတယ်။ ဒီတခေါက်က ဒီတခုပဲပါလို့ လက်ဆောင်မပေးဖြစ်လိုက်ဘူး။ တောင်းပန်ပါတယ်။ နောက်တခေါက်ယူလာပြီး လက်ဆောင် ပေးပါ့မယ်လို့။ ထွန်းထွန်းက အရမ်းကြင်နာတတ်ပြီး ခင်မင်ဖို့ကောင်းတဲ့သူတယောက်ပါ ” လို့ Sinon Lorescaက ပြောပါတယ်။
ဖိလစ်ပိုင်မော်ဒယ်က Sinon Loresca က ဒါရိုက်တာ ကိုပေါက်ရိုက်မယ့် “လူထဲကလူ” ဇာတ်ကားထဲမှာ ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပြီး ပါဝင်ရတဲ့အတွက် အရမ်းဝမ်းသာတယ်လို့ဆိုပါတယ်။
“လူထဲကလူ ဇာတ်ကားထဲမှာ ဘယ်လို ကာရိုက်တာလည်းဆိုတာတော့ ပြောပြလို့ မရပါဘူး။ ဖိလစ်ပိုင်မှာ ကာရိုက်တာကို မီဒီယာတွေကြိုသိအောင်ချ ပြလေ့မရှိဘူး။ အဲဒီအတွက် ကြောင့် ကာရိုက်တာဘယ်လိုလဲ ဆိုတာသိချင်ရင် ဒီကားရုံတင်တဲ့ အခါ လာရောက်အားပေးကြပါ လို့ပြောချင်တယ်”
“ ဒီရုပ်ရှင်ထဲမှာ မြန်မာနိုင်ငံရဲ့ လှပတဲ့နေရာတွေ ပါမှာကိုတော့ ကျိန်းသေပြောနိုင် ပါတယ်။ ဖိလစ်ပိုင်မှာလည်း ရုပ်သံဇာတ်လမ်းတွဲ၂ခုရိုက်ထားပါတယ်။ နောက်တီဗီရှိုးတခုလည်း ရိုက်ထားပါတယ်။ အဲ့ပရိုဂရမ်ကိုလည်း မြန်မာနိုင်ငံမှာ ပြန်ပြမယ်လို့ သိရပါတယ်။ အခုလို ပါဝင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ အခွင့်အရေးတခုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ သူက ဆိုပါတယ်။
“လူထဲက လူ”ဇာတ်ကားဟာ Sinon Loresca မြန်မာနိုင်ငံတွင် ပထမ ဆုံးပါဝင်သရုပ်ဆောင်သည့် ရုပ် ရှင်ဖြစ်ပြီး ဒါရိုက်တာကိုပေါက် ကရိုက်ကူးမည်ဖြစ်ကာမြင့်မြတ်၊ ရဲအောင်၊ အောင်လေး၊ စိုးမြတ် သူဇာ၊ ပက်ထရစ်ရှာ၊ စိုးမိုးကြည် နှင့် အခြားသရုပ်ဆောင်များ စွာပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
LGBT တယောက်ဖြစ်တဲ့ Sinon Loresca က LGBT တွေအပေါ် လူအများရဲ့ အမြင်ကိုလည်း အခုလိုဆိုပါတယ်။
“တချို့ကLGBT တွေနဲ့ပတ်သက်ပြီး လူတွေ ရဲ့ဆိုးရွားတဲ့ မကောင်းမြင်မှုတွေ ကို ကိုယ်တိုင်အများကြီး ကြုံတွေ့ ခဲ့ဖူးတယ်၊ ခံစားဖူးတယ်။ လူတွေကိုပြောပြချင်တယ်။ တချို့ လူတွေက LGBT တွေကို လက်မ ခံနိုင်ကြသေးဘူး။ ငါတို့က တခြားလူ တွေနဲ့အတူတူပဲ”
“ သူများတွေ လို တန်းတူလေးစားမှုခံဖို့ ထိုက်တန်တယ်။ တခြားသူတွေလိုပဲ ပျော်ရွှင်ခွင့်ရှိတယ်။ ချစ်ခွင့်ရှိ တယ်။ ဒီရုပ်ရှင်ကားမှာ LGBT တွေရဲ့အချစ်တွေ၊ သူတို့ရဲ့အ ခွင့်အရေးတွေကို လူတွေသိ အောင်၊ နားလည်အောင်ပြောပြ သွားမှာပါ” လို့ Sinon Loresca ကပြောပါတယ်။
You May Also Like This Story:
မော်ဒယ် Sinon Loresca နဲ့ မြန်မာနိုင်ငံက အလှဆုံးနေရာတွေကို ရိုက်ပြသွားမယ့် ကိုပေါက်