tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့တဲ့ “Live” ဇာတ်လမ်းတွဲကို အမေရိကန်မှာ ပြန်လည်ရိုက်ကူးမယ်လို့ သိရပါတယ်။ မီဒီယာတွေမှာ ဖော်ပြချက်အရ ကိုရီးယားဇာတ်လမ်းတွဲ “Live” ကို 20th Century Fox TV and Entertainment ကနေ ပြန်လည်ရိုက်ကူးသွားဖို့ ရှိပါတယ်။
အမေရိကန်ဗာရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးမယ့်အခါမှာလည်း ကိုရီးယားဇာတ်လမ်းတွဲ နောက်ကွယ်ကနေ ကြိုးစားခဲ့ကြ တဲ့ ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေး Studio Dragon နဲ့ Indian Meadows Productions တို့ ပူးပေါင်းမယ့်အပြင် မူလ ကိုရီးယားဇာတ်လမ်းတွဲ ရေးသားသူ Noh Hee Kyung ပါ အတူပူးပေါင်းသွားဖို့ရှိပါတယ်။
၂၀၁၈ ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ မူလကိုရီးယားဇာတ်လမ်းတွဲမှာ Bae Jong Ok၊ ၊Jung Yu Mi၊ Lee Kwang Soo နဲ့ Bae Sung Woo တို့ ခေါင်းဆောင်ပါဝင်ခဲ့ပါတယ်။
Hongil Patrol ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ လုပ်သက်ရင့် ရဲဝန်ထမ်းတွေနဲ့ အသစ်ရောက်လာတဲ့ ဝန်ထမ်းသစ် တွေကြား သံယောဇဉ်တွေရယ်၊ ရဲဝန်ထမ်း တွေရဲ့ စွမ်းဆောင်ရည်တွေကို ပုံဖော်ထားပြီး တရားမျှတမှုရဲ့ အရေးပါပုံနဲ့ နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝ တွေထဲက ပျော်စရာအဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတခုပါ။
အမေရိကန်မှာ ပြန်လည်ရိုက်ကူးမယ့် “Live” စီးရီးမှာတော့ ဝါရှင်တန်ဒီစီက ရဲဌာနချုပ်မှာ ဇာတ်အိမ်တည်ရိုက်ကူးသွားဖို့ ရှိပါတယ်။ အာဖရိကန်-အမေရိကန်ကပြား သွက်လက်တက်ကြွတဲ့ လူငယ်ရဲအရာရှိအသစ် Darcell Murray ရဲ့ မြို့တော်ကြီး အတွင်း ငွေကြေး၊ အသားရောင်ခွဲခြားမှု၊ လိင်ကိစ္စ စတဲ့ အရှုပ်တော်ပုံတွေ ဖြေရှင်း ဆောင်ရွက်ပုံကို ပုံဖော်သွားမှာ ဖြစ်ပါတယ်။
မူလကိုရီးယားဇာတ်လမ်းတွဲမှာတော့ အပိုင်း ၁၈ ပိုင်းရှိပြီး ပြသခဲ့ချိန်အတွင်း ပျမ်းမျှကြည့်ရှုနှုန်း ၆.၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ မင်းသမီး Jung Yu Mi က ဆုပေးပွဲတွေမှာ အကောင်းဆုံး မင်းသမီးအဖြစ် နာမည်စာရင်း ဝင်ခဲ့ သလိုပဲ မင်းသား Bae Sung Woo ကလည်း အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်အဖြစ် နာမည်စာရင်းဝင်ခဲ့ကြပါတယ်။
Ref: Soompi