လတ်တလော ထွက်ရှိထားတဲ့ Joker ရုပ်ရှင်ဟာ အခုအချိန်မှာ အနုပညာအရရော ငွေကြေးအရပါ အရမ်း အောင်မြင်နေပြီး တဖက်မှာလည်း လွန်ခဲ့တဲ့နှစ်တွေက ထွက်ရှိထားခဲ့တဲ့ Suicide Squad ရုပ်ရှင်ထဲက Joker အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Jared Leto သရုပ်ဆောင်ခဲ့တဲ့ Joker ဇာတ်ရုပ်ဟာ အရင်က Joker တွေထက် ပရိသတ်ထောက်ခံမှု အားနည်းခဲ့ပြီး Suicide Squad ထွက်ရှိခဲ့စဉ်အချိန်ကတည်းက ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
Hollywood သတင်းထောက်တယောက်ရဲ့ ပုံနှိပ်ဖြန့်ချိခဲ့ဖူးတဲ့ သတင်းတပုဒ်မှာတော့ Jared Leto ဟာ Joker ရုပ်ရှင်အတွက် သေသေချာချာ ပြင်ဆင်ချိန်မရခဲ့သလို ပရောဂျက်ကို Cancel လုပ်ဖို့လည်း မဖြစ်နိုင်တော့အောင် နီးကပ်နေခဲ့တာလို့ ဖော်ပြခဲ့ဖူးပါတယ်။
ဒါ့အပြင် Suicide Squad ဒါရိုက်တာ David Ayer ဟာ Jared Leto ရဲ့ စွမ်းဆောင်မှုအပေါ် မကျေနပ်နိုင်ခဲ့ဘဲ Joker ပါဝင်တဲ့အခန်းဟာ ရုပ်ရှင်မှာလည်း အချိန် ၁၀ မိနစ်ထက် နည်းပါးခဲ့တာကိုလည်း ထောက်ပြရေးသားခဲ့ပါတယ်။
အခုလို ဖော်ပြထားခဲ့တဲ့ သတင်းကို ဒါရိုက်တာ David Ayer ကတော့ မှန်ကန်တဲ့ အချက်အလက်တွေ ပါဝင်မှု လျော့နည်းနေတယ်လို့ ပြန်လည် တုံ့ပြန်ခဲ့တာပါ။ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ဒါရိုက်တာ ပို့စ်တခုအောက်မှာတော့ ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ Comment တွေ များပြားနေခဲ့ပြီး ဒါရိုက်တာ David Ayer အနေနဲ့ ဆက်ပြီး Jared Leto ကို ကာကွယ်ပေးမနေဖို့အထိ ပြောဆိုမှုတွေရှိနေခဲ့ပါတယ်။
ဒါရိုက်တာ James Gunn ရိုက်ကူးမယ့် “Suicide Squad” နောက်ဆက်တွဲရုပ်ရှင်မှာ Jared Leto ကို တွေ့မြင်ရတော့မှာ မဟုတ်သလို တလောကမှ Trailer ထွက်ရှိထားတဲ့ “Birds of Prey” ရုပ်ရှင်မှာတော့ Harley Quinn အဖြစ် Margot Robbie ကို ပြန်လည် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
Joker နဲ့ အတူရှိမနေတော့တဲ Harley Quinn တယောက် ဘယ်လို လှုပ်ရှားဖြတ်သန်းနေမလဲဆိုတာကိုတော့ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီ ၇ ရက်နေ့မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Joker ရုပ်ရှင်ကြောင့် အကြမ်းဖက်မှု များဆီ ဦးတည်နိုင်လို့ စိုးရိမ်မှုများရှိနေ
“Joker” ရုပ်ရှင် ပြမယ့်နေရာတွေမှာ အကြမ်းဖက်မှုတွေကို သတိထားဖို့ အမေရိကန်စစ်တပ် ထုတ်ပြန်