Entertainment

ချစ်သူ Cooke Maroney နဲ့ လက်ထပ်လိုက်တဲ့ မင်းသမီး ဂျန်နီဖာလောရန့်စ်

Want create site? Find Free WordPress Themes and plugins.

မင်းသမီး ဂျန်နီဖာလောရန့်စ်နဲ့ ချစ်သူ Cooke Maroney တို့ဟာ လက်ထပ်လိုက်ကြပြီ ဖြစ်ပါတယ်။ အော်စကာဆုရ မင်းသမီး လောရန့်စ်နဲ့ နယူးယောက်အခြေစိုက် အနုပညာပြခန်းမှူး Maroney တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့တုန်းက Rhode Island မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး မင်းသမီး လောရန့်စ်ရဲ့ နာမည်ကျော် သူငယ်ချင်းတချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တခုက “အခုလိုမျိုး တက်ရောက်ခဲ့ကြတဲ့ နာမည်ကျော်တွေထဲမှာ Adele, Cameron Diaz, Nicole Richie နဲ့ ခင်ပွန်း Joel Madden တို့ပါဝင်ပြီး Newport မှာရှိတဲ့ သီးသန့် ညစာစားခန်းမမှာ လက်ထပ်ပွဲမတိုင်မီ တရက်အလို ညပိုင်းမှာ တော်တော်လေးကို ပျော်ရွှင်စွာ ညစာ သုံးဆောင်ခဲ့ကြပါတယ်”လို့ ဆိုပါတယ်။

လက်ထပ်ပွဲကို တက်ရောက်ခဲ့ကြတဲ့ တခြားနာမည်ကျော်တွေထဲမှာ မင်းသမီး Emma Stone, Kris Jenner, Sienna Miller နဲ့ မင်းသမီးလောရန့်စ်ရဲ့ “Silver Linings Playbook” နဲ့ “American Hustle” တို့လို ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David O. Russell တို့လည်း ပါဝင်ကြပါတယ်။

လက်ထပ်ပွဲကို တက်ရောက်ကြသူတွေကတော့ အခမ်းအနား မစတင်ခင်မှာ Newport Resort & Marina အရင်ဆုံး ခေတ္တ နေထိုင်ခဲ့ရပါတယ်။ အတွင်းသတင်း တခုကတော့ “ဧည့်သည်တော်တွေဟာ မင်္ဂလာပွဲမစခင် တယောက်နဲ့ တယောက် နှုတ်ဆက်ပြီး စိတ်လှုပ်ရှားနေခဲ့ကြပါတယ်”လို့ ဆိုပါတယ်။

တက်ရောက်လာကြတဲ့ ဧည့်သည်တော်ဟာ မင်္ဂလာပွဲအတွက် စိတ်လှုပ်ရှားနေကြပြီး ပျော်ဖို့ကောင်းတဲ့ ပါတီတခုလိုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်က မင်းသား Nicholas Hoult၊ ဒါရိုက်တာ Darren Aronofsky တို့နဲ့ တွဲခဲ့ဖူးတဲ့ အသက် ၂၉ နှစ်အရွယ် မင်းသမီး လောရန့်စ်ဟာ Maroney နဲ့ တွဲပြီး ၁၂ လနီးပါးအကြာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက စေ့စပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းရင်းမြစ်တခုကတော့ သူတို့နှစ်ယောက် ပိုပြီး ထူးခြားတဲ့ ဆက်ဆံရေးရှိကြတယ်လို့ ဆိုကြပါတယ်။

အတွင်းသတင်းက “သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ နွေဦးရာသီကမှ စသိကြတယ်။ နှစ်ယောက်လုံးကလည်း တကိုယ်တည်းသမားတွေ၊ ညနေပိုင်းမှာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရတာ ကြိုက်တဲ့သူတွေဆိုတော့ အခုက အချိန်ကောင်းပဲ။ သူက ပုံမှန်အတိုင်းလေးပဲ ရှိနေတော့ ကိစ္စတော်တော်များများက ပိုကောင်းတဲ့ ပုံစံမျိုးနဲ့ ရှိမလာဘူး”

“နှစ်ယောက်လုံးကတော့ ရင်းနှီးတဲ့မိသားစုတွေကနေ လာတယ်။ Maroney က Vermont နဲ့ လောရန့်စ်က Kentucky က ဖြစ်တယ်။ အဲ့ဒီကနေ ထွက်လာ ပြီးတော့ အောင်မြင်တဲ့ လုပ်ငန်းကို တည်ဆောက်ဖြစ်တယ်။ သူတို့နှစ်ယောက်လုံးဟာ ခရီးသွားရတာကို သဘောကျတယ်။ ဒါပေမယ့် တယောက်တည်း ရှိနေရတာကိုလည်း သဘောကျပါတယ်” လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ပုံပြင်တွေနဲ့တူတဲ့ တကယ့်လက်တွေ့ဘဝ အချစ်ဇာတ်လမ်းနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။ မြင်မြင်ချင်း ချစ်ခဲ့ကြတယ်လု့ိ ဆိုရလောက်တဲ့အထိ သူတို့နှစ်ယောက် စတွေ့တဲ့အချိန်မှာ နှစ်ယောက်ကြားမှာ ထူးခြားတဲ့ ဆွဲဆောင်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

Ref:asiaone

You May Also Like This Story:

အနုပညာအလုပ်တွေလုပ်ဖို့ အလယ်တန်းကျောင်း ထွက်ခဲ့ရတဲ့ မင်းသမီး “Jennifer Lawrence”

Did you find apk for android? You can find new Free Android Games and apps.
Loading