• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Beauty Blogger နေခြည်ဦးလို ယုံကြည်မှု ရှိချင်တဲ့ သရုပ်ဆောင် ခြူးလေး

by ယုဖြူဟန်
21 October 2019
in Entertainment
A A
သရုပ်ဆောင် ခြူးလေး / ဧရာဝတီ

သရုပ်ဆောင် ခြူးလေး / ဧရာဝတီ

12.8k
VIEWS
Share on FacebookShare on Twitter

ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်အားပေးမှုရရှိခဲ့ပြီး ယခုအခါမှာလည်း Tik Tok ဆိုရှယ်မီဒီယာမှာ နာမည်ကြီးတဲ့ သရုပ်ဆောင် ခြူးလေးကတော့ ကိုယ်တိုင်က သိမ်ငယ်တတ်တာကြောင့် Beauty Blogger နေခြည်ဦးလို ယုံကြည်မှုမျိုး လိုချင်တယ်လို့ ပြောပါတယ်။

“သူ့ဆီကနေ လိုချင်တာ Confidence ပေါ့နော်။ Over လုံးဝ မဖြစ်ဘူး။ ဒါပေမယ့် သူ အရမ်းမိုက်တယ်။ သူ့ကားကို ကြည့်ပြီးတဲ့အချိန်မှာ ဝန်းရံဖြစ်တာပေါ့။ အရင်တုန်းကကျတော့ ဒီလိုပဲဆိုပြီးပဲ။ အခုတော့ အရမ်းကြိုက်တယ်။ လူတယောက်နဲ့ တယောက်ကတော့ မတူဘူးပေါ့။ ကိုယ့်ထက်အများကြီး သာလွန်ကောင်းမွန်တဲ့ လူတယောက်နဲ့ ကျတော့ ကိုယ်တွေက အားကျရတယ်ပေါ့။ ခြူးလေးက အရင်ကတည်းက သိမ်ငယ်တတ်တဲ့သူဆိုတော့ အဲ့လောက်ထိ ယုံကြည်မှု မရှိနိုင်သေးဘူး”လို့ ခြူးလေးက ပြောပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
729
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
411
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
441

အရင်က နေခြည်ဦးအပေါ် ဘယ်လိုမှ သဘောမထားဘဲ လက်ရှိ ရုံတင်ပြသလျက်ရှိတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ကားကြီးကို သွားရောက်ကြည့်ရှုပြီး သဘောကျလာခဲ့တာလို့ ခြူးလေးက ဆိုပါတယ်။

“ကိုနေတိုးက ကိုနေတိုးပဲလေနော်။ ခြူးလေး အဓိက ပြောချင်တာက ချီချီပေါ့နော်။ လုံးဝ မထင်ထားဘူး။ အရမ်းတော်တယ်။ မြင်နေကျ အိုက်တင်တွေနဲ့ကို ကွဲထွက်သွားတယ်။ အစက ကြော်ငြာလောက်ကိုပဲကြည့်ရတော့ ဒီတိုင်းလေးပဲ သရုပ်ဆောင်တယ်ပေါ့”

“ဒါပေမယ့် အစအဆုံး ကြည့်လိုက်တဲ့အခါမှာ အဲ့ထဲကလိပ်ပြာဆိုတဲ့ ကောင်မလေးနဲ့ ကွက်တိဖြစ်သွားတာ။ အရမ်း သဘောကျတယ်။ နောက်တယောက်က ကိုသူရိယ သူလာပြီဆိုတာနဲ့ တရုံလုံးက ပြုံးမိတယ်” လို့ ခြူးလေးကပြောပါတယ်။

နေခြည်ဦးကိုတော့ သူမထက် တိုက်ခိုက်ကြတဲ့သူတွေ များပေမယ့် အမြဲတမ်း ယုံကြည်မှုရှိနေပြီး သူ့ကိုကြည့်ပြီးတော့ အားတက်စေတယ်လို့ ဆိုပါတယ်။

“မနေခြည်ဦးကိုက အရမ်းချစ်တဲ့သူတွေရှိသလို တိုက်ခိုက်ကြတဲ့သူတွေက ခြူးလေး ထက်စာရင် များနေသေးတယ်။ သူ့အင်တာဗျူးလေး တခုကို ကြည့်ရတယ်။ သူပြောလိုက်တာလေးတွေက အရမ်းကိုပေါ့ပေါ့ပါးပါးလေးနဲ့ Confidence ရှိတယ်။ ကြိုက်တဲ့သူတွေက ကြိုက်လို့ကြည့်ရင် သူ့ Viewer တက်တယ်။ မကြိုက်တဲ့သူတွေကလည်း မကြိုက်လို့ဆိုပြီး လာကြည့်တော့လည်း Viewer တက်တယ်။ သူကတော့ အေးဆေးပဲ” လို့ ခြူးလေးက ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း “အဲ့တခုက ဘာမှမဟုတ်ဘူး ဆိုပေမယ့် ခြူးလေးအတွက်က အားတက်စေတယ်။ ခြူးလေးလည်း မေးရင်ဖြေလိုက်တယ်။ အခုခေတ်က ဆဲမှပေါက်တယ်။ အရင်တုန်းဆို ငါ့ကိုပြောနေကြတယ်ဆိုပြီး စိတ်ညစ်ခဲ့ရတယ်။ သူ့ရဲ့စကားလေးတခွန်းက အားတက်စေတယ်။ အဲဒါကဘာလဲဆိုရင် လူပြောများလေ လူပိုသိလေပဲ။ သူတို့ ပြောလေ အထက်ကို တက်လေပဲဆိုတော့ အေးဆေးပဲ”လို့ ပြောပါတယ်။

ခြူးလေးကတော့ အချိန်ကာလ တခုအထိ တွဲလာခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲပြီးနောက်မှာတော့ ကိုယ့်ကိုယ်ကိုပြန်လည်ဆောက်ခဲ့ရပြီး နောက်ပိုင်းမှာတော့ ချစ်သူ ထပ်မထားဖြစ်ဘဲ အလုပ်တွေသာ ပိုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

“တကယ်ရည်းစား မထားချင်သေးဘူး။ မထားချင်တာမှ တော်တော်ကို မထားချင်သေးတာပါ။ ကမ်းလှမ်းတဲ့သူတွေရှိလာပြီ။ အရင်လို ဈေးဗန်းမခင်းတော့ဘူး။ ဒါပေမယ့် အလုပ်လုပ်လိုက်ဦးမယ် မစဉ်းစားချင်သေးဘူးလို့” လို့ ခြူးလေးက ပြောပါတယ်။

မကြာခင်မှာတော့ ခြူးလေး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ အသစ်တခုကို ၁၁ လပိုင်းထဲမှာ MRTV-4 မှ ထုတ်လွှင့်ပြသ သွားဖို့ရှိပြီး ၁၁ လပိုင်းထဲမှာပဲ “ကျော်ကြားအမွှေစိန် ဝိညာဉ်” ဆိုတဲ့ ရုပ်ရှင်ကားကြီးပြသသွားမယ်လို့ သိရပါတယ်။

You may also like these stories:

“ပေါ်ပင်လုပ်ပြမှ လူစိတ်ဝင်စားတဲ့ ခေတ်ဖြစ်နေတယ်”လို့ သရုပ်ဆောင် ခြူးလေး ပြော

ဟာသကားတွေ ရိုက်ရင် မရယ်မိအောင် ကြိုးစားနေရသေးတယ်လို့ ပြောတဲ့ ခြူးလေး

ဝတ်တဲ့ အဝတ်အစားတွေကို ဈေးနှုန်းတခုနဲ့ တန်ဖိုးမဖြတ်စေချင်တဲ့ နေခြည်ဦး

ဖက်ရှင်တွေကို အမြဲတမ်း မျက်ခြေမပြတ် လေ့လာနေတဲ့ နေခြည်ဦး

Your Thoughts …
Tags: ခြူးလေးနေခြည်ဦးယုံကြည်မှု
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး / ယုဖြူဟန် / ဧရာဝတီ

ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ပေးခြင်း ခံရဖူးတယ်လို့ နေခြည်ဦး ပြော

by ယုဖြူဟန်
1 July 2019
91.1k

စိတ်ထဲမှာ ကြောက်သွားတာ။ ဘယ်သူမှန်းလဲ မသိဘူး။ နောက်ကို လှည့်မကြည့်ရဲဘူး။ ဘာလို့ ဒီလူက ငါ့တင်ပါးကို ကိုင်တာလဲ စဉ်းစားနေတာပေါ့နော်။ အရမ်းငယ်တဲ့အရွယ် မဟုတ်ဘူး။

သရုပ်ဆောင် ခြူးလေး

“နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲမှာ ဗီလိန်အနေနဲ့ သရုပ်ဆောင်ထားတဲ့ ခြူးလေး

by ယုဖြူဟန်
13 November 2019
9.4k

“ခြူးလေးကတော့ လောလောဆယ် ဒရာမာနဲ့ ပေါက်ကျော် ကာရိုက်တာတွေကတော့ ပရိသတ်ကြိုက်နေတာလေးတွေပေါ့” လို့ သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။

Beauty Blogger နေခြည်ဦး   / Nay Chi Oo's Facebook

နိုင်ငံရေးဖြစ်စဉ်အပေါ် စစ်တပ်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့သူ နေခြည်ဦး ရေးတဲ့စာ

by ယုဖြူဟန်
3 February 2021
26.1k

နေခြည်ဦးရဲ့ အခုလို ရပ်တည်မှုအတွက် Makeup Artist မေဦး၊ မော်ဒယ် ပိုင်တံခွန်နဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်တို့ကလည်း အားပေးခဲ့ကြပါတယ်။

Beauty Blogger နေခြည်ဦး / ဧရာဝတီ

နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လက်တွဲဖြုတ်

by ဧရာဝတီ
3 March 2021
36k

နေခြည်ဦး Brand Ambassador အဖြစ် လုပ်ကိုင်နေတဲ့ vivo Myanmar ဖုန်းကုမ္ပဏီမှ ယနေ့၊ မတ်လ ၃ ရက်နေ့မှာ လက်တွဲဖြုတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဖခင်ဝယ်ပေးတဲ့ ကားနဲ့ တွေ့ရတဲ့ နေခြည်ဦး  / Nay Chi Oo's Facebook

ဖခင်ဖြစ်သူက ကားဝယ်ပေးလို့ ပျော်နေတဲ့ နေခြည်ဦး

by ယုဖြူဟန်
14 August 2018
25k

ကားရတာနဲ့ ပတ်သက်ပြီးတော့လည်း “ဝယ်ပေးမယ်ပြောတာက Velar ၊ Showroom ရောက်တော့ လိုချင်တာက Autobiography ၊ ဘယ်ကားလေးရရ ကံတရားပေါ့”

သရုပ်ဆောင် နေခြည်ဦး  / Nay Chi Oo's Facebook

ပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ကားတွေ ရုံတင်မြန်တဲ့အကြောင်း ပြောပြတဲ့ နေခြည်ဦး

by ယုဖြူဟန်
6 October 2019
6.6k

“ဒီကားမှာက အရှေ့မှာ ၄ ကားလောက် ရိုက်ပြီးတဲ့အချိန် ကိုနေတိုးနဲ့ တွဲရမယ်ဆိုတော့ နေခြည် အရမ်းစိတ်လှုပ်ရှားနေတာ။ ရိုက်တဲ့အချိန်မှာလည်း နေခြည် အကောင်းဆုံး ပြင်ဆင်ခဲ့တယ်။

Next Post
ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်

မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်

သရုပ်ဆောင် ရှင်မွေလ  / ချစ်ပိုး / ဧရာဝတီ

"နှင်းဆီ" ဇာတ်လမ်းတွဲမှာ "ဇော်"အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တဲ့ ရှင်မွေလ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate