MRTV-4 ရုပ်သံလိုင်းကနေ မကြာခင် ပြသမယ့် “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ဇာတ်လမ်း အပြောင်းအလဲ ဖြစ်သွားတော့ အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့ ထက်ထက်ထွန်းက ဆိုပါတယ်။
“အကြင်နာမြစ်ဖျား ကားထဲမှာ ချယ်ရီဆိုတဲ့ ကာရိုက်တာနဲ့ ရွှေဆိုင်ပိုင်ရှင် သူဌေးသမီးလေးပါ။ သူက အရမ်းကို ချစ်တတ်တယ်။ တယောက်ဆို တယောက် အရမ်းကို ချစ်တတ်တဲ့ ကောင်မလေးပေါ့။ ဒီကားက တဝက်လောက်ရိုက်ပြီးမှ ပြန်စရိုက်ရတာ အရမ်းအခက်အခဲတွေ အများကြီးပဲပေါ့။ ရက်တွေလည်း ညှိရတယ်။ အရမ်းလည်း ကြာသွားတယ်”
“ဆံပင်တုကြီးနဲ့ ဆံပင်တုကြီးကို ထိန်းသိမ်းရတာတွေရော၊ ခန္ဓာကိုယ်အချိုးအစား ထိန်းရတာတွေရော ထက် ဒီကားထဲမှာ မြန်မာဝတ်စုံတွေ ဝတ်ရတာဆိုတော့ နည်းနည်း ဝလာရင် ဝိတ်ပြန်လျှော့နဲ့ ဝိတ်တော့ ထိန်းရတယ်။ ပါတိတ်လည်း အစုံ ၁၀၀ လောက် ကုန်တယ်။ ဇာတ်က အပြောင်းအလဲ ဖြစ်သွားတော့ ဘာအခန်းတွေပါလဲ ဆိုတာလည်း မသိတော့ဘူး။ အဲ့အတွက် Mood ပြန်သွင်းရတာတွေ ခက်ခဲခဲ့တယ်”လို့ ထက်ထက်ထွန်းက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲက ခြေထောက်ဒဏ်ရာ ရထားချိန်မှာ ရိုက်ကူးခဲ့ရတဲ့ ဇာတ်လမ်း ဖြစ်တာကြောင့် အမှတ်တရတွေ ဖြစ်ခဲ့တယ်လို့ ထက်ထက်ထွန်းက ဆိုပါတယ်။
“ခြေထောက်ဒဏ်ရာ ရချိန်မှာ ရိုက်ကူးရေးလည်း ပြန်ဝင်ရတော့မှာ ရက်တွေ ဘယ်လိုမှ ညှိလို့ မရဘူး။ ရက်ကို မနည်းညှိပြီး ရိုက်ရတာဆိုတော့ အပေါ်တပိုင်းနဲ့ ရိုက်ရတာတွေလည်း ရှိတယ်။ အမှတ်တရတွေလည်းဖြစ်တယ်။ တော်တော် ခက်ခက်ခဲခဲနဲ့ ရိုက်ရတဲ့ ရိုက်လိုက်ရတဲ့ ကားပေါ့။ MRTV-4 မှာ လွှင့်မယ် ဆိုတော့ တကယ့်ကို ခွန်အား ဖြစ်ပါတယ်”
“ပရိသတ်တွေကလည်း ဇာတ်လမ်းတွဲများစွာ ကြည့်ပြီးသားဖြစ်တာကြောင့် ကိုယ်တွေ ဇာတ်လမ်းတွဲက သရုပ်ဆောင်သစ်တွေကိုလည်း အရမ်းကြိုဆိုကြတော့ ပိုအားတွေ ရှိပါတယ်”လို့ ထက်ထက်ထွန်းက ဆိုပါတယ်။
ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲကိုတော့ အောက်တိုဘာ ၂၃ ရက်နေ့မှာ MRTV-4 ရုပ်သံလိုင်းကနေ စတင် ထုတ်လွှင်ြ့ပသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မိုးယံဇွန်၊ ထူးအောင်၊ ခင်ဝင့်ဝါ၊ ထက်ထက်ထွန်းနဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
မကြာခင် ပြသမယ့် “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲ အကြောင်း ပြောပြတဲ့ ဒါရိုက်တာ သားညီ
“အကြင်နာ မြစ်ဖျား” ဇာတ်လမ်းတွဲမှာ ဒုရဲအုပ်အဖြစ် သရုပ်ဆောင်ထားတဲ့ ထူးအောင်
ဇာတ်ကား ရိုက်တဲ့အခါ ကာရိုက်တာကို သေချာ ရွေးချယ်ပြီးမှ ရိုက်တဲ့ ထက်ထက်ထွန်း