Entertainment

Spider-Man Multiverse ရုပ်ရှင်မှာ Spider မင်းသား ၃ ယောက်လုံးကို တွေ့မြင်ရနိုင်ခြေရှိ

Spider-Man မင်းသားတွေ ဖြစ်ကြတဲ့ Tom Holland , Tobey Maguire နဲ့ Andrew Garfield တို့ကို Spider-Man Multiverse ရုပ်ရှင်မှာ တွေ့မြင်ရနိုင်ခြေရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ Spider-Man နဲ့ ပတ်သက်တဲ့ သတင်းတွေကို Sony နဲ့ Disney ကနေ မကြားရတော့တာ လွန်ခဲ့တဲ့ ရက်သတ္တပတ် ကုမ္ပဏီနှစ်ခုကြား ပဋိပက္ခတွေ ပြေလည်ခဲ့ပြီးကတည်းက ဖြစ်ပါတယ်။

ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းတွေအရတော့ Spider-Man ကို ထွက်ရှိဖို့ရှိနေတဲ့ Fantastic Four ရုပ်ရှင်အသစ်နဲ့ X-Men အသစ်တို့မှာ တစွန်းတစ တွေ့မြင်ရနိုင်ခြေရှိနေပြီး Wolverine နဲ့ Deadpool တို့မှာလည်း တွဲဖက်တွေ့မြင်ရ နိုင်ခြေရှိတယ်လို့ သိရပါတယ်။

နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းကတော့ Sony နဲ့ Disney တို့ ပူးပေါင်းပြီး Spider-Man တွေ ပါဝင်တဲ့ Secret Wars ကို ထုတ်လုပ်ဖို့ စဉ်းစားနေကြပြီး အဲဒီ Multiverse ရုပ်ရှင်မှာ Tom Holland , Andrew Garfield , Tobey Maguire နဲ့ Tom Hardy ရဲ့ Venom တို့ ပါဝင်ဖို့ရှိနေတာ ဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေကို ကုမ္ပဏီတွေအနေနဲ့ တရားဝင် အတည်ပြုချက် တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် Tom Holland သရုပ်ဆောင်တဲ့ Spider-Man ကိုတော့ Venom 3 မှာ တွေ့မြင်နိုင်ဖို့ ဖြစ်နိုင်ခြေ မြင့်တက်နေတာပါ။

Marvel အနေနဲ့ ဗီလိန်ဇာတ်ကောင်တွေရဲ့ ရုပ်ရှင်တွေကို သီးခြားရှိနေစေချင်တဲ့ ဆန္ဒ မရှိတာကြောင့် ၃ ကားမြောက် Venom ရုပ်ရှင်မှာ Spider-Man ကို ထည့်သွင်းဖို့ ရှိနေနိုင်ပါတယ်။

MCU ရဲ့ Spider-Man ဟာ နောက်ထပ် ထွက်ရှိလာမယ့် multiverse ရုပ်ရှင်တွေအတွက် အခရာဖြစ်လာအောင် တည်ဆောက်နေပြီး Maguire နဲ့ Garfield တို့ရဲ့ Spider-Man တွေအတွက် တံခါးပေါက်ကို ဖွင့်ပေးဖို့ စီစဉ်နေပြီပဲ ဖြစ်ပါတယ်။

Avengers ရုပ်ရှင်တွေဖြစ်တဲ့ Infinity War နဲ့ Endgame ရုပ်ရှင်တွေလိုမျိုး Spider-Man တွေ ပါဝင်မယ့် Secret Wars စတဲ့ Multiverse ရုပ်ရှင်တွေသာ အမှန်တကယ်ထွက်ရှိလာမယ်ဆိုရင်တော့ Marvel နဲ့ ရုပ်ရှင်ပရိသတ်တွေ အတွက် ဝမ်းသာစရာပဲဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

Marvel နဲ့ Spider-Man လက်တွဲမဖြုတ်ဖို့ ကြားဝင်စေ့စပ်ပေးတဲ့နေရာမှာ ပါဝင်ခဲ့တဲ့ Tom Holland

“Spider-Man 3” မှာ Peter ရဲ့ရှေ့နေအဖြစ် တွေ့မြင်ရနိုင်ဖွယ် ရှိတဲ့ Charlie Cox (Daredevil)

Marvel ကို ပြန်ရောက်လာခဲ့တဲ့ “Spider-Man” ရုပ်ရှင်

“Venom 3” ရုပ်ရှင်မှာ ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Spider-Man

နောက်ထွက်လာမယ့် ပင့်ကူလူသားရုပ်ရှင်မှာ သရုပ်ဆောင်ဦးမယ်လို့ Tom Holland ကတိပြု

Loading