Entertainment

ခင်ပွန်းနဲ့ ကွာရှင်းဖို့အထိ ဖြစ်လာရတဲ့ အကြောင်းအရင်းကို ထုတ်ပြောလာတဲ့ Ku Hye Sun

Woman Sense မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ကိုရီးယားမင်းသမီး Ku Hye Sun က ခင်ပွန်းဖြစ်သူ မင်းသား Ahn Jae Hyun နဲ့ ကွာရှင်းဖို့ လုပ်ဆောင်ခဲ့ရတဲ့ အကြောင်းအရင်းနဲ့ လက်ရှိ စိတ်နေစိတ်ထားကို ပြောဆိုခဲ့ပါတယ်။

မင်းသမီး Ku က “တနေ့မှာ Ahn Jae Hyun က သူ ကျမအပေါ်မှာ ခံစားချက် မရှိတော့ဘူးဆို ပြီး ပြောလာခဲ့တယ်။ အဲ့ဒီနောက် ကွာရှင်းဖို့ ဆွေးနွေးမှု စတင်လာခဲ့တာပါ”လို့ ပြောဆိုခဲ့ပါတယ်။

ဆက်ပြီး မင်းသမီးက “Ahn Jae Hyun က သရုပ်ဆောင်အလုပ်ကို အာရုံစိုက်ဖို့ စတူဒီယို တခုဆီကို ပြောင်းသွားပြီးတဲ့နောက် သူ့ကို ဆက်သွယ်ဖို့ ခက်ခဲလာခဲ့ပါတယ်။ ရုတ်တရက်ဆိုသလိုပဲ အဲ့ဒီ စတူဒီယိုဟာ ကျမတို့ ခွဲခွာခြင်းကြားက နေရာလွတ်တခု ဖြစ်လာခဲ့ပါတယ်”လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ သူတို့နှစ်ယောက်ဟာ အကြီးအကျယ်စကားများ၊ ရန်ဖြစ်တာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

မင်းသမီးက “ကျမအတွက်တော့ ဒီကွာရှင်းမှုက တော်တေ်လေးကို မတရားဘူးလို့ ခံစားရပါတယ်” လို့ ပြောခဲ့ပါတယ်။ “သူက ကျမဖုန်းခေါ်တာတွေ၊ မက်ဆေ့ချ် ပို့တာတွေကို ပြန်မဖြေတော့ပါဘူး။ မကြာသေးခင်တုန်းက ကျမ ဆေးရုံမှာ ရှိနေခဲ့တုန်းက သူ့ရဲ့ ဆောင်းရာသီ ဝတ်စုံတွေကို ယူဖို့ ကျမတို့ အိမ်ကို ရောက်သွားခဲ့တယ်လို့ သူကပြောတယ်။ ဒါက သူ့နဲ့ကျမ နောက်ဆုံး ဆက်သွယ်ဖြစ်တာပါပဲ”လို့ မင်းသမီးက ဆိုပါတယ်။

ဆက်ပြီး “ကျမ သူ့ကို လုံးဝ မချစ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ ကျမကို မချစ်ဘူးလေ။ အားလုံးကို ခြုံပြောရမယ်ဆိုရင် အချစ် မဟုတ်ဘဲ ကျမကိုယ်ကျမ ယုံကြည်ဖို့ လိုအပ်တယ်ဆိုတာကို သိလိုက်ရတယ်။ ဒီကွာရှင်းမှုကို စိတ်ဒဏ်ရာအနေနဲ့ မဖြစ်စေချင်ပါဘူး။ ကျမဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ တခြားအရာတခုအနေနဲ့ သတ်မှတ်သွားမှာပါ။ ပြီးတော့ အကောင်းမြင်စိတ်နဲ့ နေထိုင်သွားမှာပါ”လို့ မင်းသမီးက ဆိုပါတယ်။

မင်းသမီး Ku ဟာ ခင်ပွန်းဖြစ်သူ မင်းသား Ahn နဲ့ ကွာရှင်းဖို့အကြောင်း ပြောဆိုထားတဲ့ စာတိုတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် နှစ်ဦးသား ကွာရှင်းတော့မှာဖြစ်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Ref: soompi

You may also like these stories:

အနုပညာလောကကနေ အနားယူပြီး တက္ကသိုလ် ပြန်တက်မယ့် F4 မင်းသမီး Ku Hye Sun

ကြောင်လေး အန်ဂျူးကြောင့် ခင်ပွန်းကို မကွာရှင်းနိုင်တာပါလို့ မင်းသမီး Ku Hye Sun ပြော

Loading