နာမည်ကျော်တဦးဖြစ်တဲ့ Kim Kardashian West ဟာ ခင်ပွန်းဖြစ်သူ Kanye West ရဲ့ စဉ်းစား မျှော်မြင်မှုရှိတဲ့ မွေးနေ့လက်ဆောင်ကြောင့် တော်တော်လေးကို စိတ်လှုပ်ရှားနေပုံရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ အသက် ၃၉ နှစ်ပြည့် မွေးနေ့ကို ဆင်နွှဲခဲ့ပြီးတဲ့နောက် နာမည်ကျော် ရုပ်သံ အစီအစဉ်စတား Kim က သူ့ရဲ့ မွေးနေ့၊ ဆိုရှယ်မီဒီယာပေါ်မှာ သတင်း အတိုအထွာလေးကို တင်ခဲ့ပါတယ်။
အဲ့ဒီအထဲမှာ ပါဝင်တာကတော့ ခင်ပွန်းဖြစ်သူ အသက် ၄၂ နှစ်အရွယ် အဆိုတော် West က မွေးနေ့လက်ဆောင်အဖြစ် Kim အတွက် သူ့နာမည်နဲ့ ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့တယ် ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။
Kim က “ကျမ မိသားစု တစုလုံးဆီကနေ ထူးခြားတဲ့ လက်ဆောင်တွေကို ရခဲ့ပါတယ်။ Kanye ကတော့ အံ့သြဖို့အကောင်းဆုံး လက်ဆောင် ကျမကို ပေးခဲ့ပါတယ်။ ဒါပေမယ့် သူက ကျမကိုယ်စား အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေတဲ့ ကျမ အကြိုက်နှစ်သက်ဆုံး ပရဟိတအဖွဲ့တွေကို ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တာပါပဲ။ အဲ့ဒါက ကျမကို ပျော်ရွှင်စေပါတယ်”လို့ ဆိုပါတယ်။
Twitter မှာ တင်ခဲ့တဲ့ ပို့စ်မှာတော့ “Keeping Up with the Kardashians” အစီအစဉ်စတား Kim က Cut 50, Buried Alive Project, Equal Justice Initiative နဲ့ Anti-Recidivism Coalition စတဲ့ ရာဇဝတ်မှုဆိုင်ရာ တရားမျှတရေး အဖွဲ့အစည်းတွေကို ခင်ပွန်း West က ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့တယ်လို့ ဖော်ပြထားတဲ့အလှူ အသိအမှတ်ပြုလွှာ ဓာတ်ပုံတပုံကို ဝေမျှခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာတော့ Kim ဟာ Instagram မှာ Selfie ပုံတပုံကို တင်ခဲ့ပါတယ်။ သူက “မွေးနေ့မှာ ချစ်ခင်ပေးခဲ့ကြသူတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ တော်တော်လေးကို စိတ်အပန်းပြေရတဲ့ မွေးနေ့ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်ပိုင်းမှာ ကျမရဲ့ ထူးခြားတဲ့ သူငယ်ချင်းတွေနဲ့အတူ Palm Springs မှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။ ပြီးတော့ ကျမ အမေနဲ့ Kanye တို့ ဦးစီးပြီး အိမ်မှာ မိသားစု ညစာစားပွဲလည်း လုပ်ခဲ့ပါတယ်”လို့ ဆိုပါတယ်။
အဲ့ဒီလိုသူ့ရဲ့မွေးနေ့မှာ သူ့ရဲ့ နာမည်ကျော် မိသားစုဝင်တွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ မွေးနေ့ ဂုဏ်ပြုစကားတွေ ပြောဆိုခဲ့ကြတာ ကိုလည်း တွေ့ရပါတယ်။ အဲ့ဒီအထဲမှာ Khloé Kardashian နဲ့ Kylie Jenner တို့လည်း ပါဝင်ကြပါတယ်။
ဒါပေမဲ့ အတွင်းသတင်းတွေရဲ့အဆိုအရ သူ့ရဲ့ ခင်ပွန်း Kanye ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် အစောပိုင်းကတည်းက ဂျမေကာနိုင်ငံကို ရောက်ရှိနေခဲ့ပြီး အခုသီတင်းပတ်ကုန်ပိုင်းမှာ အယ်လ်ဘမ်အသစ် ဖြန့်ချိဖို့ ပြင်ဆင်နေတာကြောင့် မွေးနေ့ပွဲကျင်းပမှုတွေကို တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
Ref: People
You may also like these stories:
ပွဲတက်ဝတ်စုံထဲမှာ ဆီးစွန့်ခဲ့ဖူးတယ်လို့ Kim Kardashian ပြော
Kim Kardashian West ရဲ့ “ကီမိုနို” အတွင်းခံကို ဂျပန်နိုင်ငံသားတွေ ဝေဖန်
ထောင်ထွက်များ အလုပ်ခွင် ပြန်ဝင်နိုင်ရေး ကူညီပေးရန် Kim Kardashian ဆော်သြ
ပဲရစ်မြို့မှာ Kim Kardashian ရဲ့ လက်ဝတ်ရတနာ ဓားပြတိုက်ခံရမှု ဖြစ်စဉ်ကို ရုပ်ရှင်အဖြစ် ဖန်တီးမည်