• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကျောင်းသားဘဝကတည်းက သဘောကျခဲ့ရတဲ့ အိန္ဒြာကျော်ဇင်နဲ့ ရုပ်ရှင်ရိုက်မယ့် ဒါရိုက်တာ ဏကြီး

by ယုဖြူဟန်
23 October 2019
in Entertainment
A A
ဒါရိုက်တာ ဏကြီး / ဝေဝေနှင်း / ဧရာဝတီ

ဒါရိုက်တာ ဏကြီး / ဝေဝေနှင်း / ဧရာဝတီ

9.5k
VIEWS
Share on FacebookShare on Twitter

ဒါရိုက်တာ ဏကြီးကတော့ “မီ” ရုပ်ရှင်ဇာတ်ကား ထွက်ရှိပြီး ဒုတိယမြောက်ကား အနေနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာတော့ ကျောင်းသားဘဝကတည်းက သဘောကျခဲ့ရတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့အတူ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“မအူဝဲ (အိန္ဒြာကျော်ဇင်) ကို ရွေးတာကတော့ မထူးဆန်းဘူးလို့ ကျနော် ထင်တယ်။ ကျောင်းပြီးခါစကတည်းက Concept ရခဲ့တာ။ Develop လုပ်ရင်းနဲ့ ကြားထဲမှာလည်း မီ ရိုက်လိုက်သေးတယ်။ အခုမှ ဇာတ်ညွှန်းရေးဖြစ်တာ။ ဒီလောက် အသက်အရွယ် ဒီလို အမျိုးသမီးတယောက် ဆိုတာ အခုအချိန်မှာ ၂ ယောက် မရှိဘူး။ Performance အရရော၊ နေရာအရရော မအူဝဲကို ရွေးဖြစ်တာတော့ မအံ့သြလောက်ဘူး။ ဒီအချိန်မှာ မအူဝဲလိုလူမျိုးက ၂ ယောက် မရှိဘူးလို့ ထင်ပါတယ်” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.2k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
529
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
504

ဒါရိုက်တာ ဏကြီးက အိန္ဒြာကျော်ဇင်နဲ့ တကျောင်းတည်း တက်ခဲ့တာဖြစ်ပြီး သူတို့ အသက်အရွယ်က Crush ခဲ့ရတဲ့ မင်းသမီး တယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။

“မအူဝဲက သုသု (ပိုင်ဖြိုးသု) ရော၊ ကျနော်ရော အရမ်းကြိုက်ခဲ့တဲ့ မင်းသမီး။ ကျနော်ဆိုရင် မအူဝဲနဲ့ တကျောင်းတည်း ဒဂုံ (၁) က။ မအူဝဲနဲ့ ကျောင်းကား အတူတူစီးတဲ့ သူငယ်ချင်းနဲ့ တခုံတည်း ထိုင်ရတာကို အဲ့တုန်းက ဂုဏ်ယူဖူးတယ်။ အိန္ဒြာကျော်ဇင်နဲ့ ကျောင်းကား အတူတူစီးတဲ့သူနဲ့ တခုံတည်း ထိုင်ရတယ်ဆိုပြီး ဂုဏ်ယူဖူးတယ်”

“ကျနော်တို့ အသက်အရွယ်တုန်းက မအူဝဲက ကြိုက်ရတဲ့ မင်းသမီး၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ Crush ရတဲ့ မင်းသမီးပေါ့။ သုသုလည်း အရမ်းကြိုက်တဲ့ မင်းသမီး ဖြစ်တယ်။ အလုပ် တွဲလုပ်ရမှာ စိတ်လှုပ်ရှားတယ်”လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

အိန္ဒြာကျော်ဇင် နာမည်ကြီးတဲ့ အချိန်ရောက်မှ တကျောင်းတည်း တက်ခဲ့တဲ့သူဖြစ်ကြောင်း သိခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ “မအူဝဲ ကျောင်းပြီးသွားမှ နာမည်ကြီးတော့မှ သိတာ။ ကျောင်းမှာတုန်းကတော့ သူလည်း ကျောင်းသူပဲလေ။ ပြီးမှ နာမည်ကြီးမှ ငါတို့ကျောင်းကပဲဆိုပြီး သိတာ”လို့ ဏကြီးက ပြောပါတယ်။

အဆိုပါ ဒုတိယရုပ်ရှင် ဇာတ်ကားကိုတော့ ဇန်နဝါရီမှာ စတင် ရိုက်ကူးမှာဖြစ်ပြီး အဓိက သရုပ်ဆောင်များအဖြစ် အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်နဲ့ ဧည့်သည်သရုပ်ဆောင်အဖြစ် ကျော်ထက်အောင်တို့ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ Fatty Gangster ထုတ်လုပ်ရေးမှ ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။

ထုတ်လုပ်ရေးကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေငြာခဲ့တာဖြစ်ပြီး နာမည်ပေးဖြစ်ပုံကိုတော့ “ကျနော်အများကြီး မစဉ်းစားချင်လို့ နောက်ပြီး အများကြီးလည်း စဉ်းစားလေ့ မရှိဘူး။ ရိုးရှင်းတာကိုပဲ စဉ်းစားတယ်။ သူနဲ့ ကျနော်နဲ့ ဘဝစမယ့် ထုတ်လုပ်ရေးလေးဆိုတော့ သူ့နာမည်ကိုပဲ ရွေးဖြစ်ခဲ့တာပေါ့။ Fatty Gangster ဆိုပြီးတော့။ ဝတုတ်လူဆိုး ဆိုပြီး လုပ်ထားတာကို နိုင်ငံတကာ သွားမယ်ဆိုတော့ နည်းနည်းပြင်ရမှာ ဆိုပြီး Fatty Gangster ဆိုပြီးပြောင်းဖြစ်တာ”လို့ ဏကြီးကပြောပါတယ်။

အဆိုပါ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကိုတော့ ဇန်နဝါရီလမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး အခုအချိန်မှာတော့ Pre Production များ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

You May Also Like This Story:

“ငြိမ်းကိုရှက်ပါ” ရုပ်ရှင်ရိုက်ဖို့ ညှိနှိုင်းရတာတွေကြောင့် ကြာနေတာလို့ ဒါရိုက်တာ ဏကြီး ပြော

Your Thoughts …
Tags: ဒါရိုက်တာ ဏကြီးအိန္ဒြာကျော်ဇင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

by Scott Roxborough
16 September 2024
1.5k

မြန်မာရုပ်ရှင်သမားများဖြစ်သည့် ဒါရိုက်တာ ဏကြီးနှင့် ပိုင်ဖြိုးသုတို့သည် နိုင်ငံလွတ်မြောက်ရေး အတွက် လွန်ခဲ့သော သုံးနှစ်အတွင်း ပြည်ပမှ ဆက်လက် တိုက်ပွဲဝင်နေသည်။

“မပြီးသေးဘူး ငါတို့ အလှည့်ကျန်သေးတယ်” ရုပ်ရှင်ကားတို ရိုက်ကွင်းပေါ်မှ ဒါရိုက်တာ ဏကြီး (ယာ)

“ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”

by ဧရာဝတီ
8 July 2023
4.5k

ကျနော်တို့က ရှောင်လာရတဲ့ အနုပညာသမားတွေနဲ့ ဖန်တီးမှု အနုပညာလုပ်ငန်းက လူတွေကို ကူညီချင်တယ်။

သရုပ်ဆောင် မေတိုးခိုင်  / ချစ်ပိုး / ဧရာဝတီ

“ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်မှာ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကို ချီးကျူးလိုက်တဲ့ မေတိုးခိုင်

by ချစ်ပိုး
4 November 2019
10.5k

ပုဆိုးကြီး မပြီး စကားပြောတာတွေလည်း သဘောကျတယ်။ ဖူးကို ဘယ်လို ဇာတ်ရုပ်ဖြစ်ဖြစ် ဖူးတကယ်ကြိုက်တယ်၊ နှစ်သက်တယ် လုပ်နိုင်မယ်ဆိုရင် ဖူးလည်း အကောင်းဆုံးကြိုးစားပြီး လုပ်သွားမှာပါ။

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
5.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

“မီ” ရုပ်ရှင်နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကား

“မီ” နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကား လာအို ရုပ်ရှင်ပွဲတော်မှာ ပြသရန် ရွေးချယ်ခံရ

by ယုဖြူဟန်
24 November 2020
7.2k

လာအိုနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော် "လွမ်ပရာဗန်" ရုပ်ရှင်ပွဲတော်မှာ ၁၀ ရက်ကြာ ပြသမယ့် အစီအစဉ်ထဲ ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။

“အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ရခဲ့တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် / မျိုးမင်းစိုး / ဧရာဝတီ

၁၃ နှစ် အကြာမှာ ဒုတိယမြောက် အကယ်ဒမီဆု ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်

by ယုဖြူဟန်
24 March 2018
7.9k

“ရင်ဘတ်ထဲကဓား” ရုပ်ရှင် ဇာတ်ကားကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ “အမှောင်ထဲမှာ” ဆိုတဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက ပြန်လည် ပုံဖော်ရိုက်ပြီး အဆိုပါဇာတ်ကားနဲ့ပဲ ဒါရိုက်တာဝိုင်းက ဒီနှစ်မှာ ဇာတ်ညွှန်းဆု အကယ်ဒမီ ရရှိခဲ့ပါတယ်။

Next Post
အောက်တိုဘာ ၂၂ရက်က YMBA အသင်းအမှုဆောင်များနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ် / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

YMBA မည်သူ့လက်အောက်ခံမှ မဟုတ်ဟု ဥက္ကဋ္ဌပြော

၂၀၁၉ ခု အောက်တိုဘာ ၂၃ ရက်နေ့က ရန်ကုန်တိုင်း အစိုးရနှင့် ဆွေးနွေးခဲ့သည်များကို အလုပ်သမားများအား ပြန်လည်ရှင်းပြနေသည့် အလုပ်သမားခေါင်းဆောင်တဦး / မျိုးမင်းစိုး /  ဧရာဝတီ

အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ပြန်လည် ညှိနှိုင်းရန် သဘာတူညီမှုရ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate