Entertainment

ဇာတ်ဝင်ခန်းအသစ်တွေ ပါဝင်မယ့် "Once Upon a Time in Hollywood" ရုပ်ရှင်ကို ပြန်လည် ပြသမည်

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာကြီး Quentin Tarantino ဟာ “Once Upon a Time in Hollywood” ရုပ်ရှင်အတွက် အခန်းအသစ် တချို့အတွက် ရေးသားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆုပေးပွဲရာသီ မတိုင်မီ Sony ကုမ္ပဏီရဲ့အဆိုအရ အခုနှစ် နွေရာသီကာလမှာ အထူးအောင်မြင်ခဲ့တဲ့ အဲ့ဒီရုပ်ရှင်ကို လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့ကစလို့ အမေရိကန်နဲ့ ကနေဒါနိုင်ငံမှာ ရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၁၀၀၀ ကျော်မှာ ပြန်လည် ပြသသွားမှာဖြစ်တယ်လို့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အခုပြန်လည် ပြသမယ့် ဗားရှင်းမှာတော့ ကြာချိန် ၁၀ မိနစ် ရှိမယ့် ထပ်တိုးဇာတ်ဝင်ခန်း ၄ ခန်း ပါဝင်လာမှာဖြစ်ပြီး ရုပ်ရှင်တခုလုံးရဲ့ ကြာချိန်ဟာ ၁၇၁ မိနစ်အထိ ရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက ကျင်းပခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အထူးအောင်မြင်မှုတွေ ရရှိခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ ၁၉၆၉ ခုနှစ် လော့စ်အင်ဂျလိစ်မြို့က မန်ဆန်မိသားစု အသတ်ခံရမှုကို နောက်ခံထားပြီး နာမည်ကျဆင်းနေပြီဖြစ်တဲ့ ရုပ်သံသရုပ်ဆောင် (လီယိုနာဒို ဒီကာပရီယို)နဲ့ သူ့ရဲ့ စတန့်မင်းသား (ဘရတ်ပစ်) တို့ကြားက ဆက်နွယ်မှု ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကစလို့ မြောက်အမေရိက ဒေသမှာ ရုံတင်ခဲ့ပြီးနောက် ဝင်ငွေ ဒေါ်လာ ၄၁ ဒဿမ ၄ သန်း ရရှိခဲ့တာကြောင့် ဒါရိုက်တာကြီး Tarantino ရဲ့ သက်တမ်းတလျှောက်လုံးမှာ အဖွင့်ဝင်ငွေ အကောင်းဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီရုပ်ရှင်ဟာ မြောက်အမေရိက ဒေသတခုတည်းမှာတင် ဒေါ်လာ ၁၃၉ ဒဿမ ၈ သန်း ရရှိခဲ့ပါတယ်။ ဒါဟာ အခုနှစ် နွေရာသီကာလမှာ ဝင်ငွေအများဆုံး ရခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ထဲမှာ မင်းသမီး Sharon Tate အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Margot Robbie နဲ့အတူ မင်းသား လီယိုနာဒို၊ မင်းသားပစ်တို့ဟာလည်း အော်စကာ ဆုရလိမ့်မယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေခဲ့တာပါ။

Sony ရဲ့ ဖြန့်ချိရေးဥက္ကဋ္ဌ Adrian Smith က “ပရိသတ်တွေဟာ ဒီရုပ်ရှင်အတွက် ထူးခြားလွန်းတဲ့ ထောက်ခံအားပေးမှုကို ပြသခဲ့ပါတယ်။ Quentin Tarantino ရဲ့ အသံတွေနဲ့ မြင်ကွင်းတွေ ပိုမိုပါဝင်လာမယ့် ရုပ်ရှင်ကို နောက်ထပ်တခါ ကြည့်ရှုနိုင်ဖို့ အခွင့်အရေးကို ကျနော်တို့ ထပ်ပေးမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref:Entertainment Weekly

You may also like these stories:

ရာသီဥတု ဆိုးရွားလာမှုကို ကာကွယ်ဖို့ ဒေါ်လာ သန်း ၁၀၀ ကျော် လှူဒါန်းလိုက်တဲ့ မင်းသား လီယိုနာဒို

အမေဇုန်မိုးသစ်တောကို ကာကွယ်ဖို့ အဖွဲ့တဖွဲ့ ဖွဲ့စည်းလိုက်တဲ့ Leonardo နဲ့ Will Smith

ဘိုင်ကယ်ရေကန်ကို ကယ်တင်ဖို့ မင်းသား လီယိုနာဒိုအား ရုရှားနိုင်ငံသားများ တောင်းဆိုနေကြ

နိုင်ငံတကာ အာကာသစခန်းဆီ ဖုန်းခေါ်ပြီး အင်တာဗျူးခဲ့တဲ့ မင်းသား ဘရက်ပစ်

ဂျိုလီနဲ့ ကွာရှင်းပြီးနောက် အရက်ဖြတ်ခဲ့တဲ့ မင်းသား ဘရက်ပစ်

Did you find apk for android? You can find new Free Android Games and apps.
Loading