Entertainment

၂၀၂၀ အော်စကာဆုပေးပွဲအတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု စာရင်း ခန့်မှန်းထွက်ပေါ်

Want create site? Find Free WordPress Themes and plugins.

နှစ်တိုင်းနှစ်တိုင်း ပြုလုပ်ကျင်းပလေ့ရှိတဲ့ ရုပ်ရှင်ဆိုင်ရာ ဆုပေးပွဲတွေထဲမှာမှ အော်စကာဆုပေးပွဲဟာလည်း ကျော်ကြားတဲ့ ပွဲတပွဲဖြစ်ပြီး ရုပ်ရှင်နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တိုင်းလိုလို ရင်ခုန်လေ့ရှိတဲ့ ဆုပေးပွဲဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ၂၀၂၀ အော်စကာဆုပေးပွဲအတွက် ထွက်ရှိလာတဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ ခန့်မှန်းဆုစာရင်းပဲ ဖြစ်ပါတယ်။

(၁) Laura Dern (Marriage Story)

Scarlett Johansson နဲ့ Adam Driver တို့အပြင် မင်းသမီးကြီး Laura Dern ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ “Marriage Story” ဟာ Comedy , Drama အမျိုးအစားဖြစ်ပြီး Dern ကိုတော့ ဒီဇာတ်ကားမှာ Johansson ရဲ့ ကွာရှင်းပြတ်စဲမှုအတွက် ကူညီပေးနေသူတယောက်အဖြစ် တွေ့မြင်ရမှာပါ။

(၂) Margot Robbie (Bombshell)

“Once Upon a Time in Hollywood” ရုပ်ရှင်မှာလည်း အကောင်းဆုံး စွမ်းဆောင်မှုတွေကို တွေ့မြင်ထားရတဲ့ Harley Quinn မင်းသမီး Margot Robbie ကို အခုရုပ်ရှင် “Bombshell” မှာလည်း မင်းသမီးကြီး Nicole Kidman ၊ Charlize Theron တို့နဲ့အတူ တွဲဖက်တွေ့မြင်ရမှာပါ။

(၃) Jenifer Lopez (Hustlers)

အောင်မြင်တဲ့ အဆိုတော်တယောက်အဖြစ် အများသိရှိထားကြတဲ့ Jenifer Lopez ပါဝင်သရုပ်ဆောင်ထားတဲ့ “Hustlers” ရုပ်ရှင်ကတော့ Comedy, Crime, Drama အမျိုးအစားရုပ်ရှင်ဖြစ်ပြီး Toronto နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ပြသခဲ့ဖူးပါတယ်။

(၄) Florence Pugh (Little Women)

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၆ မှ နိုင်ငံတကာမှာ ရုံတင်မယ့် ဇာတ်ကားတကားဖြစ်ပေမယ့် အသုံးပြုထားတဲ့ အမျိုးသမီး သရုပ်ဆောင်တွေနဲ့တင် ရုပ်ရှင်ရဲ့ အကြောင်းအရာကို ရိပ်မိစေမှာပါ။ Emma Watson, Saoirse Ronan နဲ့ မင်းသမီးကြီး Meryl Streep တို့အပြင် တလောကမှ နာမည်ကြီးခဲ့တဲ့ Drama, Horror, Mystery အမျိုးအစား ရုပ်ရှင်တကားဖြစ်တဲ့ “Midsommar” မှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးတဲ့ Florence Pugh လည်း ပါဝင်နေပါတယ်။

Ref. scrrenrant-com

Did you find apk for android? You can find new Free Android Games and apps.
Loading