Entertainment

အသက်ရလာတော့ ပိုပြီး နားလည်မှု ရှိလာတဲ့ ရန်ကျော်နဲ့ မေခလာတို့ စုံတွဲ

Want create site? Find Free WordPress Themes and plugins.

“ဟော့ရှော့” ၊ “ရပ်ကွက်ဘုရင်မ” စတဲ့ ဇာတ်ကားတွေမှာ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် မေခလာက “သုံးယောက်ပေါင်း လောင်းကျော်” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားသလို မကြာခင်မှာလည်း သီချင်းခွေအသစ် ထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။

“ဟော့ရှော့၊ ရပ်ကွက်ဘုရင်မတို့လို ရယ်စရာကားတွေ ရိုက်ခဲ့တော့ ‘သုံးယောက်ပေါင်း လောင်းကျော်’ ကားရိုက်ဖို့ ကမ်းလှမ်းတာနဲ့ ချစ်ငယ်က ရိုက်ဖြစ်သွားတယ်။ အမှတ်တရတွေက အများကြီးပဲ။ ကားရိုက်တုန်းကလည်း ကိုယ်နဲ့ ခင်တဲ့သူတွေချည်းပဲဆိုတော့ ရယ်နေရတယ်။ ပျော်စရာတွေပါပဲ။ ချစ်ငယ်ရဲ့ လိုအပ်တာလေးတွေလည်း နားလည်ပေးပါ”လို့ အဆိုတော် မေခလာက ပြောပါတယ်။

အဆိုတော် မေခလာကတော့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ရန်ကျော်က သူ့အပေါ် နားလည်မှုရှိပြီး ချစ်တဲ့အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။

“ကိုရန်ကျော်ကတော့ ချစ်ငယ်ကို ချစ်ပါတယ်။ ချစ်သလောက်လည်း ရစ်တယ်။ အသက်လည်း ရလာတော့ သူလည်း ချစ်ငယ်ကို ပိုချစ်ပြီး ပိုနားလည်လာတယ်။ ချစ်ငယ် နောက်လလောက်တော့ ခွေထွက်ဖို့စိတ်ကူးထားပါတယ်။ အဲ့အခွေထဲမှာ မဆိုဖူးသေးတဲ့ သီချင်းတွေ ပါတယ်။ မဆိုဖူးသေးတဲ့ ပုံစံလေးတွေ ပါတယ်။ ပရိသတ်ကြိုက်မယ်လို့တော့ ထင်တယ်”

“အွန်လိုင်းကနေတော့ တခွေလုံးတော့ မတင်ဖြစ်ဘူး။ တပုဒ်လောက်တော့ တင်ဖြစ်မှာပါ။ The Sun ကနေ ဖြန့်မှာပါ။ သီချင်းပုံစံက မိဘမေတ္တာရော၊ အချစ်လေးတွေရော ပါမယ်။ သုံးယောက်ပေါင်းလောင်းကျော် ကားလည်း လာကြည့်ကြပါ။ အခုချိန်မှာ စီးပွားရေး မပြေလည်တာနဲ့ စိတ်ညစ်တာတွေ များတယ်။ ဒါကြောင့် ဒီကားလေးကြည့်ပြီး ခဏတာ စိတ်အပန်းပြေစေမှာပါ”လို့ မေခလာက ပြောပါတယ်။

မိန်းမကို ချစ်နေရရင် ပျော်နေတာပဲဆိုတဲ့ သရုပ်ဆောင် ရန်ကျော်ကတော့ ဗိုလ်ချုပ်ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ကျနော်က သုံးယောက်ပေါင်းလောင်းကျော်မှာ အခန်း အများကြီး မပါဘူး။ မိန်းမနားနေရရင် ပျော်နေတာပဲ။ ကိုယ်ကတော့ မိန်းမကို စိတ်ချမ်းသာအောင် တသက်လုံး ထားပါတယ်။ ချစ်လို့ ရစ်တာပါ။ မချစ်ရင် မရစ်တော့ဘူး။ ကျနော် လတ်တလော ဗိုလ်ချုပ်ရုပ်ရှင်မှာ ပါဝင် ရိုက်ကူးနေတယ်။ ၂၄ရက်နေ့မှာတော့ ဇာတ်လမ်းတွဲလေး တခု ရိုက်ဖို့ရှိပါတယ်”လို့ ရန်ကျော်က ပြောပါတယ်။

သရုပ်ဆောင် ရဲအောင်၊ ရန်ကျော်၊ ဖြိုးငွေစိုး၊ မိုးအောင်ရင်၊ မို့မို့မြင့်အောင်၊ မေခလာ၊ မေသန်းနု၊ ခိုင်သင်းကြည်၊ စံရတီမိုးမြင့်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “သုံးယောက်ပေါင်းလောင်းကျော်’’ ရုပ်ရှင်ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ ရုံတင်ပြသလျက် ရှိပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ခင်စောမျိုးက ရိုက်ကူးထားပြီး လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

You may also like these stories:

“ခီမောင်နှံအတွက် ဂုဏ်ယူတယ်” ဆိုတဲ့ အဆိုတော် မေခလာ

“Now & Ever” ရုပ်ရှင်အတွက် ဇာတ်ဝင်တေး ၆ ပုဒ် ကိုယ်တိုင် ဖန်တီးထားတဲ့ ဇဏ်ခီ

“ဘယ်တော့မှ မင်းသမီး မလုပ်ပါဘူး”လို့ ပြောတဲ့ အဆိုတော် နီနီခင်ဇော်

ချစ်သူ Cooke Maroney နဲ့ လက်ထပ်လိုက်တဲ့ မင်းသမီး ဂျန်နီဖာလောရန့်စ်

Did you find apk for android? You can find new Free Android Games and apps.
Loading