Entertainment

"Star Wars ရုပ်ရှင်မှာ သရုပ်ဆောင်ချင်တယ်"လို့ မင်းသား Chris Hemsworth ပြော

Want create site? Find Free WordPress Themes and plugins.

မင်းသား Chris Hemsworth ကတော့ “Star Wars” ရုပ်ရှင်တကားမှာ ပါဝင်သရုပ်ဆောင်ချင်တယ်လု့ိ ပြောဆိုလိုက်ပါတယ်။ အသက် ၃၆ နှစ်အရွယ် မင်းသား Chris ဟာ Marvel ရုပ်ရှင်တွေမှာ Thor အဖြစ် သရုပ်ဆောင်ထားသူ ဖြစ်ပြီး “Ghostbusters”, “Star Trek” နဲ့ “Men in Black” တို့လိုမျိုး နာမည်ကျော် ရုပ်ရှင်တွေမှာ ပါဝင်ထားသူလည်း ဖြစ်ပါတယ်။

သူဟာ Star Wars ရုပ်ရှင်တွေရဲ့ပရိသတ်တဦး ဖြစ်တာကြောင့် တကယ့် ကြယ်တာရာစစ်ပွဲထဲမှာ ဇာတ်ရုပ်တခုအနေနဲ့ ပါဝင်ဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

ACE Comic Con Midwest ပွဲမှာ Star Wars ရုပ်ရှင်မှာ ပါဝင်လာနိုင်ချေရှိ၊ မရှိဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ မင်းသားက “ဟုတ်ပါတယ်။ ကျနော်သရုပ်ဆောင်ချင်ပါတယ်။ အဲ့ဒီကမ္ဘာမှာ ပါဝင်ချင်စိတ် မရှိတဲ့လူတော်တော် များများ ရှိလိမ့်မယ်လို့လည်း မထင်ပါဘူး”

“အထူးသဖြင့် ကျနော်တို့အားလုံးနဲ့ အတူတူ ကြီးပြင်းခဲ့တဲ့ အရာတခုမှာ ပါဝင်ချင်တာပါ။ သရုပ်ဆောင်တဦးဖြစ်တယ် ဆိုတဲ့အရာနဲ့ ဆန့်ကျင်ဘက် ပရိသတ်တယောက်ရဲ့ အတွေ့အကြုံ ဖြစ်လာမှာပါ။ ပြီးတော့ ကျနော့် အနုပညာသက်တမ်းနဲ့ ရုပ်ရှင်တကားအနေနဲ့တော့ ပျော်ဖို့ ကောင်းမှာပါ” လို့ ဆိုပါတယ်။

Marvel Studios ဥက္ကဋ္ဌ Kevin Feige က Star Wars ရုပ်ရှင်အသစ်တကားကို ဖန်တီးမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ လမှာပဲ ပြောဆိုထားတာကြောင့် Marvel ရုပ်ရှင်စတားတွေက ဇာတ်ရုပ်တွေမှာ ဝင်သရုပ်ဆောင်တော့မှာလား ဆိုပြီး ပရိသတ်တွေရဲ့ ထင်ကြေးပေးမှုတွေလည်း ရှိနေခဲ့တာပါ။

Captain Marvel စတား Brie Larson ကလည်း အဲ့ဒီအသစ်ဖန်တီးနေတဲ့ ရုပ်ရှင်မှာ ပါဝင်ဖို့ စိတ်ဝင်စားနေတယ်လို့ ပြောဆိုထားပါတယ်။ အသက် ၃၀ အရွယ်မင်းသမီး Brie က lightsaber ချောင်းကို ကိုင်ပြီး C-3PO ဇာတ်ကောင် ဘေးနားမှာ ရပ်နေတဲ့ ဓာတ်ပုံတပုံကို Twitter မှာ တင်ခဲ့ပါတယ်။ ပုံစာမှာတော့ “Star Wars လို့ တယောက်ယောက်က ပြောလိုက်သလား” ဆိုပြီး ရေးသားခဲ့ပါတယ်။

မင်းသား Chris ကတော့ Thor အနေနဲ့ “hor: Ragnarok” ရုပ်ရှင်နဲ့ “Avengers: Endgame” တို့မှာ နောက်ဆုံး ပါဝင်သရုပ်ဆောင်ထားတာပါ။ သူက “ကျနော်တော်တော်လေး ပျော်ခဲ့ရပါတယ်။ ကျနော့်အတွက် ဟောင်းသွားတယ်လို့ မခံစားရပါဘူး”

“ကျနော် ပထမဆုံးနှစ်ကြိမ် သရုပ်ဆောင်တုန်းကထက် ပိုပြီး အသစ် ဖြစ်လာပါတယ်။ ဒီဇာတ်ကောင်ကို ပိုဆန်းသစ်ပြီး အတားအဆီးမရှိတဲ့ ခံစားချက်မျိုး ခံစားနိုင်မယ်ဆိုရင် ဇာတ်ကောင်အနေနဲ့ တကယ့်ကိုပဲ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ နေရာများအထိ ဆွဲခေါ်သွားနိုင်မှာပါ” လို့ ဆိုပါတယ်။

Ref: asiaone

You may also like these stories:

Matt Damon ကို လက်ထပ်ပြီး နှစ်နိုင်ငံသား ဖြစ်ခွင့်ပေးချင်တယ်လို့ Chris Hemsworth အရွှန်းဖောက်

ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Chris Hemsworth ပြော

ကမ္ဘာကျော်နပန်းစူပါစတား Hulk Hogan အဖြစ်သရုပ်ဆောင်မယ့် Chris Hemsworth

Did you find apk for android? You can find new Free Android Games and apps.
Loading