Entertainment

စစ်မှုထမ်းတာဝန် ပြီးဆုံးသွားတဲ့ G-Dragon ကို ပရိသတ် ထောင်ကျော် လာရောက် ကြိုဆို

“King of K-pop” လို့ တင်စားကြတဲ့ BigBang အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ဒီနေ့ အောက်တိုဘာ ၂၆ ရက်မှာ တရားဝင် စစ်မှုထမ်းတာဝန် ပြီးဆုံးသွားခဲ့ပါပြီ။ လပေါင်း ၂၀ ကျော် စစ်မှုထမ်းဆောင်ခဲ့တဲ့ G-Dragon ကို ကိုရီးယားနိုင်ငံက ပရိသတ်တွေတင် မကဘဲ နိုင်ငံတကာက V.I.P ပရိသတ်တွေပါ သွားရောက်ကြိုဆိုခဲ့ကြတာပါ။

G-Dragon ဟာ ဂန်ဝန်ဒေသ၊ Cheorwon ရဲ့ skeleton unit “White Skull” လို့ အမည်ရတဲ့ တပ်ဖွဲ့မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စတင် တာဝန်ထမ်းဆောင်ခဲ့တာပါ။

၂ နှစ်နီးပါးလောက် အနုပညာအလုပ်တွေနဲ့ ကင်းကွာခဲ့ရတဲ့ G-Dragon ကို ကိုရီးယားနိုင်ငံတွင်းက V.I.P တွေတင် မဟုတ်ဘဲ နိုင်ငံတကာ fandom တွေကပါ သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ GD တာဝန်ပြီးဆုံးမယ့်ရက်ကို စောင့်မျှော်ရင်း ဓာတ်ပုံတွေနဲ့ ဆုတောင်းစာတွေ ရေးတင်ပြီး ကြိုဆိုနေခဲ့ကြတာပါ။

စစ်မှုထမ်း မပြီးဆုံးခင် တရက်အလိုမှာ YG Entertainment ကနေ စစ်မှုထမ်းစဉ် တာဝန်ကျရာ ဂန်ဝန်ဒေသ၊ Cheorwon မှာ မဟုတ်တော့ဘဲ Yongin ကို စစ်မှုထမ်းပြီးဆုံးမယ့်နေရာကို ပြောင်းမယ်လို့ ကြေညာခဲ့ပါတယ်။

အရင်နေ့ကလည်း YG Entertainment ဟာ လတ်တလော ကိုရီးယားနိုင်ငံမှာ ကူးစက်ပြန့်နှံ့နေတဲ့ ASF (အာဖရိကဝက်တုပ်ကွေးဗိုင်းရပ်စ်) ကြောင့် မလာရောက်ဖို့ မေတ္တာရပ်ခံခဲ့ပေမယ့် တာဝန်ထမ်းဆောင်ပြီးဆုံးမယ့် ရက်ကို ပြည်တွင်းနဲ့ နိုင်ငံတကာက fandom တွေက အစောကြီးတည်းက ကြိုတင်ပြင်ဆင်ထားတာကြောင့် အစီစဉ် အတိုင်း V.I.P ပရိသတ် ၃,၀၀၀ ကျော် သွားရောက် ကြိုဆိုခဲ့ကြပါတယ်။

လာရောက်ကြိုဆိုကြတဲ့ V.I.P ပရိသတ်ကြီးကြောင့် ကြည်နူးခဲ့ရတဲ့ G-Dragon က “ကျနော် ဒီနေ့ပဲ စစ်မှုထမ်း တာဝန်ပြီးလို့ ပြန်လာပါပြီ။ စတင်ထမ်းဆောင်တဲ့နေ့တည်းက ဒီနေ့ထိ စိတ်ရှည်ရှည်နဲ့ စောင့်မျှော်ပေးခဲ့ကြတဲ့ ပရိသတ်ကြီးရော၊ ဒီနေ့လာနှုတ်ဆက်ကြတဲ့ ပရိသတ်တွေကိုရော အရမ်းကျေးဇူးတင်ပါတယ်။ ကျနော် အနုပညာအလုပ်တွေ ပြန်လုပ်တော့မှာပါ။ အရင်ထက် အကောင်းဆုံး ပိုကြိုးစားသွားမယ်” လို့ ပရိသတ်တွေကို ကတိပြုခဲ့ပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်မှုထမ်းတာဝန် ထမ်းဆောင်ဆဲ BigBang အဖွဲ့ဝင် ထယ်ယန်းနဲ့ ဒယ်ဆောင်းတို့ကတော့ လာမယ့် နိုဝင်ဘာလထဲမှာ တရားဝင် တာဝန် ပြီးဆုံးတော့မယ်လို့ သိရပါတယ်။

Ref: Soompi

You may also like these stories:

ဇူလိုင်လမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မယ့် BigBang အဖွဲ့ဝင် T.O.P

သားဖြစ်သူနဲ့ G-Dragon တွဲရိုက်ထားတဲ့ ပုံတင်လိုက်တဲ့ YG Entertainment ပိုင်ရှင် ယန်းဟွန်ဆော့

ဂီတလောကကနေ အနားယူတော့မယ့် BigBang အဖွဲ့ဝင် ဆွန်းလီ

K-Pop အဆိုတော်အဖွဲ့ BIGBANG အဖွဲ့ဝင် Taeyang စစ်မှုထမ်းသွားပြီ

Loading