လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဓာတ်ပုံလှလှလေးတွေကြောင့် ပရိသတ် ချစ်ခင်အားပေးခြင်းကို ခံခဲ့ရတဲ့ ဖုန်းသီရိကျော်ကတော့ အနုပညာအလုပ်တွေ ဆက်လုပ်မယ်ဆိုရင်တော့ သရုပ်ဆောင်အလုပ်ကိုပါ ကြိုးစားကြည့်ရမယ်လို့ ပြောပါတယ်။
“အနုပညာဆက်လုပ်မယ်ဆိုရင် အခုလို ဓာတ်ပုံလေးရိုက်၊ ကြော်ငြာလေး ရိုက်လိုက်ဆိုရင် အဆင်မပြေဘူးလို့ ထင်တယ်။ အဆင်မပြေဘူးဆိုတာ အနုပညာအလုပ်ကို ဒီလိုမျိုးရပ်တည်နေလို့တော့ အဆင်မပြေဘူးလို့ ထင်တယ်။ အရင်က သရုပ်ဆောင်လုပ်ဖို့အတွက် အစီအစဉ်မရှိဘူး။ အကယ်၍ ဒီမှာ ရပ်တည်ချင်တယ်ဆိုရင် သရုပ်ဆောင်အလုပ်ကိုပါ ကြိုးစား ကြည့်ရမယ်”လို့ ဖုန်းသီရိကျော်က ပြောပါတယ်။
သရုပ်ဆောင်အလုပ် လုပ်ရင်းမှ ပရိသတ်များ သဘောမကျခဲ့ရင် တတ်ကျွမ်းထားတဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဆက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“အကယ်၍ သရုပ်ဆောင်တာ အဆင်ပြေတယ်။ ပရိသတ်တွေက သဘောကျတယ်ဆိုရင် ရှေ့ဆက်လျှောက်ဖြစ်မယ်။ ဒီလိုမှ သဘောမကျဘူးဆိုရင် ညီမ ပညာရေးနဲ့ ပတ်သက်ပြီးတော့ပဲ ဆက်သွားဖို့ လုပ်ထားပါတယ်”လို့ ဖုန်းသီရိကျော်က ပြောပါတယ်။
အခုခေတ်မှာတော့ ကျော်ကြားတဲ့သူများစွာ ရှိတဲ့ထဲမှာမှ ပရိသတ်ရဲ့စိတ်ဝင်စားမှု ရရှိနေဖို့ကို ဘယ်လိုပြုလုပ်လဲဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“အနုပညာရှင်တယောက်က စိတ်ဝင်စားဖို့ဆိုတာထက် စိတ်ဝင်စားမှု လျော့နည်းမသွားအောင် နေထိုင်ဖို့ဆိုတာက အပြောအဆို၊ အနေအထိုင်နဲ့ အများကြီး သက်ဆိုင်တယ်။ သူတို့နဲ့ အမြဲတမ်း အဆက်အသွယ် ရှိနေမှ ပရိသတ်တွေကလည်း ကိုယ့်ကို သိနေမယ်လို့ ထင်ပါတယ်”လို့ ဖုန်းသီရိကျော်က ပြောပါတယ်။
ဖုန်းသီရိကျော်ကတော့ မကြာခင်မှာလည်း ဇာတ်လမ်းတွဲ ရိုက်ကူးသွားဖို့ရှိပြီး သရုပ်ဆောင်ရန် လေ့လာမှုတွေလုပ်တွေ လုပ်နေတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
“လေ့လာမှုကတော့ ညီမတို့ကျတော့ အနုပညာမျိုးရိုးကလည်း မရှိဘူး။ ကိုယ်နဲ့အရမ်းခင်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာတွေကလည်း မရှိဘူးဆိုတော့ ကိုရီးယား ဒရာမာလေးတွေ အခုပြနေတဲ့ MRTV-4 ဇာတ်လမ်းတွဲလေးတွေ ကြည့်ပြီးတော့ပဲ သင်ယူရတာပေါ့။ ငါသာဆို ဒီလိုနေရာမှာဆိုရင် ဘယ်လိုလုပ်မယ် ဆိုတာကို မှန်ကြည့်ပြီးပြန်လုပ်နဲ့ လုပ်ရတာပေါ့နော်”လို့ ပြောပါတယ်။
ဆက်လက်ပြီး “စိုးရိမ်တာက ငိုတဲ့အခန်းတွေဘာတွေကို ကြောက်တယ်။ ပါတော့ပါမယ် ထင်တယ်။ ကြိုးတော့ကြိုးစား ကြည့်ရမှာပေါ့”လို့ ဖုန်းသီရိကျော်က ပြောပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲကိုတော့ ဇန်နဝါရီလထဲမှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
You may also like these stories:
“အသစ်တွေကို အခွင့်အရေး ပေးတဲ့သူက နည်းတယ်”လို့ ယမင်းမေဦး ပြော
“ကိုယ့်ကိုယ်ကိုယ် အောင်မြင်နေတယ်ဆိုတဲ့ စိတ်ကြီး မထားဘူး”လို့ ဖုန်းသီရိကျော် ပြော
“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို အရူးထောင် ပို့သင့်တယ်”လို့ အလှမယ် ရွှေအိမ်စည် ပြော
“Now & Ever” က ရှေ့ဆက်မယ့် လမ်းခရီးအတွက် ဝမ်းစာဖြစ်တယ်လို့ ဂျူးဂျူးကေ ပြော