Entertainment

ဖခင်ထံကနေ အမွေအကုန်လုံး ရခဲ့တဲ့ မင်းသန့်မောင်မောင်အကြောင်း ပြောပြတဲ့ မေသန်းနု

Want create site? Find Free WordPress Themes and plugins.

ဖခင် ဒါရိုက်တာ စင်ရော်မောင်မောင်ထံကနေ အမွေအကုန်လုံး ရရှိခဲ့တဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်ဟာ ဖခင်ဖြစ်သူရဲ့ အမွေပစ္စည်းတွေကို ထိန်းသိမ်းဖို့အတွက် ငယ်သေးတယ်လို့ မေသန်းနုက ပြောပါတယ်။

“ကလေးက အလုပ်လည်း လုပ်နေပြီဆိုတော့၊ သူ့အဖေကလည်း ကျန်းမာရေး သိပ်မကောင်းဘူး။ အသက်လည်း နည်းနည်းရလာပြီဆိုတော့ သူ့သားကို အမွေတွေ အကုန်လုံး ပေးချင်တယ်ပေါ့နော်။ ပညာအမွေရော၊ ပစ္စည်းအမွေတွေရော ပေးချင်တာပေါ့နော်။ မင်းသန့်က ငယ်သေးတယ် ဆိုပေမယ့် ငယ်ငယ်ကြီးကြီး သူ ဒီလမ်းကို လျှောက်ရမှာပဲဆိုတော့ တာဝန် ပိုကြီးသွားတာပေါ့”

“သားကတော့ ပေးတာတွေ၊ ယူတာတွေ သူ့ခေါင်းထဲ ဘာမှ မရှိဘူး။ ပစ္စည်းအနေအထားတွေလည်း ဘာမှ မသိဘူး။ ရှင်းရှင်းပြောရရင် ပစ္စည်းတန်ဖိုး အမွေ၊ သူဘာမှ သိပ်နားမလည်ဘူးပေါ့နော်။ သူကတော့ ရိုးရိုးပဲနေတာ။ သူ့ဘေးနားမှာ သူ့အဖေလည်း ရှိနေတာပဲ၊ ပြီးတော့ အသိုင်းအဝိုင်းတွေလည်း အများကြီး ရှိနေတာပဲ။ ဒီဘက်မှာဆိုရင်လည်း မဆင့် ရှိနေတာပဲလေ”လို့ မေသန်းနုက ပြောပါတယ်။

သားဖြစ်သူ မင်းသန့်မောင်မောင်က အမေနားမှာဆို ကလေးလိုနေပြီး အလုပ်လုပ်ရင်တော့ ရင့်ကျက်တည်ငြိမ်တယ်လို့ မေသန်းနုက ဆိုပါတယ်။

“အမေနဲ့ကျတော့ သူက ကလေးဖြစ်သွားရော၊ အဖေနားမှာသာ သူ ဇာတ်ညွှန်းတွေ လုပ်ရတာ။ ပေါင်းတဲ့လူတွေ အသိုင်းအဝိုင်းတွေက လူကြီးတွေ များတယ်။ အဲဒီအခါကျတော့ အလုပ်လုပ်တဲ့ အချိန်မှာ သူက တည်ငြိမ်တာပေါ့နော်။ အမေ အနားရောက်လာတော့ သူက ကလေးပြန်ဖြစ်သွားတယ်”

“ထမင်းကအစ ခွံ့ကျွေးနေရသေးတယ်။ လူလစ်ရင်သူက ဂိမ်းဆော့တာ။ ဂိမ်းဆော့နေရင် ထမင်း မစားဘူး၊ မုန့်မစားဘူး၊ အတင်းထိုးထည့်နေမှ သူက စားတာ။ ဒါမှ မဟုတ်ရင် ထမင်းကို မစားတာ။ အလုပ်လုပ်ရင်တော့ ရင့်ကျက်တည်ငြိမ်ပြီး အမေနားမှာတော့ ကလေးလေးပေါ့”လို့ မေသန်းနုက ပြောပါတယ်။

သရုပ်ဆောင် မေသန်းနုဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရိသတ်အားပေးမှု ရနေတဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။ သားဖြစ်သူ မင်းသန့်မောင်မောင်ကလည်း ဖခင် စင်ရော်မောင်မောင်နဲ့အတူ တွဲဖက် ဒါရိုက်တာအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေသလို ကြော်ငြာတွေလည်း ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

You may also like these stories:

သားဖြစ်သူ မင်းသန့်မောင်မောင်ကို ဒါရိုက်တာအဖြစ်နဲ့ပဲ အောင်မြင်စေချင်တဲ့ မေသန်းနု

“ရွှေကြိုကနေ အောင်မြင်တဲ့ အနုပညာရှင် ဖြစ်လာတာတွေ ရှိတယ်”လို့ မေသန်းနု ပြော

“သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပညာပေးတွေ အများကြီး ရိုက်သင့်တယ်” လို့ ပြောတဲ့ မေသန်းနု

Did you find apk for android? You can find new Free Android Games and apps.
Loading