Entertainment

အမှောင်ဘက်ခြမ်းမှ အခန်းများ (သို့မဟုတ်) Stranger From Hell (2019)

Want create site? Find Free WordPress Themes and plugins.

ဒီတခေါက်မှာတော့ ရုပ်ရှင်ချစ်သူတွေကို မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားက IMDB Rating (8.1) အထိ ရရှိထားတဲ့ “Stranger From Hell” ဆိုတဲ့ ကိုရီးယားစီးရီးပါ။ စီးရီး ဆိုပေမယ့် ၁၀ ပိုင်းတည်းနဲ့ အပြီးမို့ ဇာတ်လမ်းတွဲရှည်ရင် မကြည့်ချင်သူတွေ ကြိုက်မယ် ထင်ပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Lee Chang Hee က ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Lee Dong Wook နဲ့ Im Si-wan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ Webtoon ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Thriller, Horror အမျိုးအစားမို့ ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ အသက် ၂၀ ကျော်အရွယ် လူငယ်လေး Jong Woo ဟာ ဆိုးလ်ကို အလုပ်လုပ်ဖို့အတွက် ရောက်လာခဲ့ပြီး နေစရာအတွက် အဆောင်ရှာရင်းကနေ ဆိုးလ်မှာ ဈေးအပေါဆုံးလို့တောင် ပြောလို့ရတဲ့ ကျောတခင်းစာ အဆောင်တခုကို ရှာတွေ့ခဲ့ပါတယ်။

ဒီအဆောင်မှာနေတဲ့ အမြဲတမ်း ပြုံးနေပေမယ့် စပ်စုလွန်းတဲ့ အဆောင်ပိုင်ရှင် အန်တီကြီးရယ်၊ ကျပ်မပြည့်တဲ့ ကတုံးအမြွှာ ညီအစ်ကိုနှစ်ယောက်ရယ်၊ လိင်အကြမ်းဖက်မှုကြောင့် စောင့်ကြည့်ခံနေရတဲ့ အကျယ်ချုပ်လူတယောက်ရယ်၊ လူမိုက်လိုလို ဦးလေးကြီးတယောက်ရယ်၊ သူ့ကို အမြဲစောင့်ကြည့်နေပြီး အိတ်တလုံးနဲ့ အမြဲလိုလို လျှောက်သွားနေသူတယောက်ရယ်ကြောင့် Jong Woo တယောက် အဆောင် ရောက်ရောက်ချင်းနေ့မှာတင် စိတ်အနှောင့်အယှက်တွေ စဖြစ်လာပါတယ်။

မိန်းကလေးတွေရဲ့အသည်းကျော် မင်းသား Lee Dong Wook ကိုတော့ ဒီဇာတ်ကားမှာ သွားဆရာဝန်တယောက်အနေနဲ့ တွေ့ရမှာဖြစ်ပြီး သူကရော ဒီအဆောင်နဲ့ ဘယ်လို ပတ်သက်နေတာလဲဆိုတာ စိတ်ဝင်စားစရာပါ။

အဆောင်ရဲ့ ၄ လွှာမြောက်က မီးလောင်မှုဖြစ်ထားလို့ လူမနေတော့ဘူး ဆိုပေမယ့် အမြဲလိုလို အသံတွေ ကြားနေရတာတွေ၊ အဆောင်မှာ လူသစ်အနေနဲ့ ရောက်လာတဲ့ Jong Woo ကို စောင့်ကြည့်နေတာတွေ၊ အဆောင်မှာ အရင်တုန်းက နေသူတွေ အကြောင်းရင်း မရှိ ပျောက်ဆုံးကုန်တာတွေနဲ့ ဇာတ်လမ်းကို ဆွဲဆောင်မှုရှိရှိ ရိုက်ကူး တင်ဆက်ထားတာပါ။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး စာရေးသူ ဝန်ခံချင်တာကတော့ ကိုရီးယားစီးရီး မကြိုက်သူတွေတောင် ဒီဇာတ်ကားရဲ့ ပထမပိုင်းလောက်ကို ကြည့်ပြီးတာနဲ့ ဆက်ကြည့်ချင်လာမယ် ဆိုတာပါပဲ။ ဇာတ်လမ်းကို ကြည့်နေရင်း ကြည့်နေသူပါ မွန်းကြပ်မှုတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ၊ အားမလို အားမရမှုတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားရမှာဖြစ်တာကြောင့် ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Ref. IMDB

You may also like these stories:

စစ်မှုထမ်းဆောင်ပြီးလို့ ဇာတ်လမ်းတွဲတွေမှာ ပြန်လည်မြင်တွေ့ရတော့မယ့် အနုပညာရှင်များ

Kingdom စီးရီး Season 2 အတွက် ဓာတ်ပုံများထွက်ပေါ်လာ

အသက်လေးဆယ်ဝန်းကျင်ထိ နုပျိုချောမောနေဆဲ လူပျိုကြီးစာရင်းဝင် ကိုရီးယားမင်းသားများ

မင်းသား Lee Dong Wook နဲ့ မင်းသမီး Suzy တို့လမ်းခွဲလိုက်ပြီလို့ အတည်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading