လွန်ခဲ့တဲ့ တလခန့်က Marvel ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့သတင်းကတော့ Hulu Tv မှာ “Ghost Rider” တီဗီစီးရီး ပြသမှုကို ဖျက်သိမ်းလိုက်ပြီဆိုတာပဲ ဖြစ်ပါတယ်။
“Ghost Rider” တီဗီစီးရီးကို ဖျက်သိမ်းလိုက်တဲ့ ကိစ္စဟာ Marvel ကို ထိခိုက်စေနိုင်မလားဆိုတဲ့ ပရိသတ်တွေရဲ့ စိုးရိမ်မှုအပေါ် Marvel Studio ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Kevin Feige ကတော့ Marvel Entertainment နဲ့အတူ Studio ရဲ့ တီဗီစီးရီးတွေအားလုံး တူညီတဲ့ ဦးတည်ချက်တခု အောက်မှာပဲ ရှိနေကြောင်း ဖွင့်ဟပြောဆိုခဲ့တာပါ။
“Ghost Rider” ရုပ်ရှင်တွေကို လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းသားကြီး Nicolas Cage နဲ့ ရိုက်ကူးခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ Ghost Rider live-action အဖြစ် ပြန်လည်ရိုက်ကူးဖို့ ပရိသတ်တော်တော်များများက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
Ghost Rider တီဗီစီးရီးဖျက်သိမ်းပြီးပြီးချင်းမှာပဲ ပရိသတ်တချို့ဆီက ဖုန်းခေါ်ဆိုမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် Kevin Feige အနေနဲ့ကတော့ MCU ထဲကို နောက်ထပ် Antihero တယောက်ဖြစ်တဲ့ Ghost Rider ကို ထည့်သွင်းဖို့ စိတ်ဝင်စားနေပြီ ဖြစ်ပါတယ်။
Marvel Studio အနေနဲ့ Ghost Rider အပြင် Punisher ကိုပါ အစီအစဉ်ထဲ ထည့်သွင်းဖို့ရှိနေပြီး ဇာတ်ကောင် နှစ်ယောက်လုံးလည်း အစီအစဉ်ထဲ အကျုံးဝင်ကောင်း ဝင်နိုင်ပါတယ်။ Kevin Feige နဲ့ သူ့ရဲ့ အဖွဲ့ကတော့ သိပ်မကြာခင် အချိန်အတောအတွင်းမှာ Ghost Rider နဲ့ ပတ်သက်တဲ့ အနာဂတ်ကို တရားဝင် သတင်းတခုအဖြစ် အတိအလင်းကြေညာဖို့ သိပ်မလိုတော့ပါဘူး။
“Avengers: End Game” ပြီးဆုံးခဲ့ပြီးကတည်းက Marvel အနေနဲ့ နောက်ထပ် ရုပ်ရှင်နဲ့ စီးရီးအသစ်တွေအတွက် အလုပ်ရှုပ်နေခဲ့တာဖြစ်ပြီး မေလ ၁ရက်နေ့ ၂၀၂၀ခုနှစ်မှာ “Black Widow” ရုပ်ရှင်ကိုလည်း ကမ္ဘာအနှံ့ ပြသဖို့ ရှိနေပါတယ်။
Ref. wegotthiscovered.com