Disney ရုပ်ရှင်ထုတ်လုပ်ရေးဟာ နောက်ထပ်ရိုက်ကူးမယ့် “Pirates of the Caribbean” ရုပ်ရှင်အတွက် Chernobyl စီးရီးဖန်တီးရှင် Craig Mazin ကို ငှားရမ်းလိုက်ပြီ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Dead Men Tell No Tales” ရုပ်ရှင်နောက်ပိုင်း ဆဋ္ဌမမြောက် ဇာတ်လမ်းအဖြစ် ရိုက်ကူးမယ့် ရုပ်ရှင်ကိုတော့ ဝါရင့် ဇာတ်ညွှန်းရေးဆရာကြီး Ted Elliott က ရေးသားပေးမှာ ဖြစ်ပါတယ်။ “Deadpool” ရုပ်ရှင်ဇာတ်ညွှန်း ရေးသားသူတွေ ဖြစ်တဲ့ Rhett Reese နဲ့ Paul Wernick ကတော့ ဇာတ်လမ်းကို ဖန်တီးမယ့် သူတွေထဲမှာ ပါဝင်ခဲ့ပေမယ့် အခုနှစ်အစောပိုင်းမှာပဲ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။
ပထမဆုံးရုပ်ရှင် “The Curse of the Black Pearl” မှာ ဇာတ်ညွှန်း ရေးသားသူအဖြစ် တာဝန်ယူခဲ့တဲ့ Stuart Beattie ကတော့ ကပ္ပတိန် ဂျက်စပဲရိုးနေရာမှာ မင်းသား Johnny Depp သရုပ်ဆောင်ရမယ့် အချိန် ကုန်လွန်ခဲ့ပြီ ဖြစ်တာကြောင့် စတူဒီယိုအနေနဲ့ နောက်ထပ် ရိုက်ကူးမယ့် ရုပ်ရှင်စီးရီးတွေရဲ့ အနာဂတ်ကို ထည့်သွင်း စဉ်းစားရတော့မယ်လို့လည်း ဆိုပါတယ်။
ဇာတ်ညွှန်းရေးဆရာ Stuart က “သူက တော်တော်လေးကို လှုပ်ရှားခဲ့ပြီးပြီလို့ ကျနော် ထင်ပါတယ်။ သူဟာ သူ့ရဲ့ ကိုယ်ပိုင် ဇာတ်ကောင်ကို ဖန်တီးခဲ့ပြီးပြီဆိုတာ ထင်ရှားပါတယ်။ သူဟာ အခုနာမည်အကြီးဆုံး ဆိုပြီး ဖြစ်လာပါပြီ။ သူ့အတွက် တော်တော်လေးကို ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့အတွက်လည်း ကောင်းခဲ့ပါတယ်။ တခုခုကို ပြန်လည် Reboot လုပ်ပြီး ရိုက်ကူးမယ်ဆိုရင်တော့ တကယ် Reboot နဲ့ ထိုက်တန်တဲ့အရာကို ချပြမှ ဖြစ်ပါတယ်။ အဲ့ဒါသာ ဂုဏ်တရပ် ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
မင်းသား Depp ဘက်ကနေလည်း အဲ့ဒီသတင်းတွေကို အတည်ပြုခြင်း မရှိသေးပေမယ့် မင်းသားကနေ ပင်လယ်ဓားပြ ရုပ်ရှင်တွေနဲ့ ပတ်သက်လို့ အမြဲနီးနီးကပ်ကပ် ရှိနေမှာပါလို့ Stuart က ဆိုပါတယ်။
Stuart က “ဂျက်စပဲရိုးဆိုတာသူ့ရဲ့ အမွေအနှစ်ဖြစ်မယ်လို့ ထင်ပါတယ်။ သူဟာ ၅ ကြိမ်တိုင်တိုင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင် ဖြစ်ပြီး ဆေးရုံတွေမှာ ကလေးတွေကို သွားတွေ့တဲ့အခါ ဝတ်ဆင်သွားတဲ့ ဇာတ်ကောင်လည်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
Ref: asiaone
You may also like these stories:
Pirates of the Caribbean ရုပ်ရှင်တွင် Johnny Depp ပါဝင်တော့မည်မဟုတ်
ပရော်ဖက်ဆာတဦးရဲ့ လက်ကျန်နေ့စွဲများ (သို့မဟုတ်) The Professor (2019)
ဇနီးဟောင်း Amber Heard က လက်သီးနဲ့ ထိုးခဲ့တယ်လို့ မင်းသား Johnny Depp စွပ်စွဲ
ဒေါက်မြင့်ဖိနပ် ဝတ်ရတာ စိတ်ချမ်းသာတယ်လို့ အဆိုတော် Sam Smith ပြော