“Game of Thrones” စီးရီးရဲ့ရှေ့ကြိုဇာတ်လမ်းဖြစ်တဲ့ “House of the Dragon” စီးရီးကို ထုတ်လွှင့်ပြသမှာ ဖြစ်တယ်လို့ WarnerMedia က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပြီး HBO Max ဝန်ဆောင်မှုကနေ ပြသမယ့် အစီအစဉ် အသေးစိတ်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။
စာရေးဆရာ George RR Martin ရဲ့ ထူးခြားဆန်းကြယ် စီးရီးအသစ်မှာတော့ “Game of Thrones” စီးရီးထဲက အချိန်ကာလ မတိုင်ခင် နှစ် ၃၀၀ ခန့်မှာရှိတဲ့ ကာလတခုကို ဇာတ်အိမ်တည်ထားပါတယ်။ “Fire and Blood” ဆိုတဲ့ စာအုပ်ကို အခြေခံထားတယ်လို့ သိရပါတယ်။
အစီအစဉ်ရေးရာ ဥက္ကဋ္ဌ Casey Bloys က “’House of the Dragon’ ဟာ HBO ရဲ့ စီးရီးဖြစ်လာပါပြီ ဆိုတာ ဒီနေ့မှာ ပျော်ရွှင်စွာ ကြေညာလိုက်ပါတယ်။ Targaryen အိမ်တော်ရဲ့အကြောင်းနဲ့ Westeros ဒေသရဲ့ ကနဦးနေ့ရက်တွေ အကြောင်းကို ဖော်ပြမှာဖြစ်ပါတယ်” လို့ လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ပွဲမှာ ပြောကြားခဲ့ပါတယ်။
အခု စီးရီးအသစ်ကိုတော့ စာရေးသူ Martin နဲ့အတူ “Game of Thrones” ကို ရိုက်ကူးခဲ့ကြတဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Ryan Condal နဲ့ Miguel Sapochnik တို့က ရိုက်ကူးကြမှာ ဖြစ်ပါတယ်။
Netflix နဲ့ ပြိုင်ဘက် WarnerMedia ရဲ့ HBO Max ကိုတော့ အမေရိကန်နိုင်ငံမှာ လာမယ့်နှစ် မေလမှာ စတင် မိတ်ဆက်မှာဖြစ်ပြီး တလကို လစဉ်ကြေး ၁၄ ဒဿမ ၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ အဲ့ဒီ မီဒီယာ ပလက်ဖောင်းမှာတော့ ဒါရိုက်တာ Ridley Scott ရဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တကားနဲ့ “South Park” စီးရီးပြသခွင့် အပါအဝင် မူရင်းအစီအစဉ်တွေကို ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။
သလျော်စာ ကာတွန်းဖြစ်တဲ့ “South Park” ရဲ့ Season ၂၃ ခုလုံးအပါအဝင် စတင်မိတ်ဆက်ချိန်မှာ Content နာရီ ၁ သောင်းဝန်းကျင်လောက်ကို ပြသသွားမှာဖြစ်ပြီး နောက်ထပ် ထပ်တိုး Season ၃ ခုကိုပါ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
HBO Max ရဲ့ မိတ်ဆက်ပွဲကိုတော့ စာရေးဆရာ George ရဲ့ “ခေတ်သစ် တခု စတင်ပြီ” ဆိုတဲ့ ကြေညာချက်နဲ့ ပိတ်သိမ်းခဲ့ပါတယ်။ မကြာခင် ထုတ်လွှင့်ဖို့ ရှိတဲ့ “House of the Dragon” ထုတ်လွှင့်မယ့်ရက်အသေးစိတ်ကိုတော့ ကြေညာခဲ့တာ မရှိပါဘူး။
Ref: AFP
You may also like these stories:
‘Game of Thrones’ စီးရီးရဲ့ ရှေ့ကအကြိုဇာတ်လမ်းအကြောင်း ရိုက်ကူးရေး စတင်
“Game of Thrones” တီဗီစီးရီးကို ကြိုက်နှစ်သက်ကြတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ
“Game of Thrones” အပြီးမှာ စိတ်ကျန်းမာရေး ကုသမှု ခံယူနေရတဲ့ မင်းသား Kit Harington
“Game of Thrones” စီးရီးရဲ့ နောက်ဆုံး Season ကို ပြန်လည်ရိုက်ကူးပေးရန် ပရိသတ်များတောင်းဆို