မကြာခင် ကျရောက်လာတော့မယ့် အောက်တိုဘာ ၃၁ရက်နေ့ဟာ ဟောလိုးဝင်းပွဲတော်နေ့ဖြစ်ပြီး အောက်တိုဘာ ၂၉ရက်နေ့ကတော့ ဒါရိုက်တာ Tim Burton ရိုက်ကူးခဲ့တဲ့ “Nightmare Before Christmas Animation” ရုပ်ရှင်ထွက်ရှိခဲ့ချိန်ရဲ့ ၂၆ နှစ်ပြည့်လည်းဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Nightmare Before Christmas” ရုပ်ရှင်ဟာ အခုအချိန်အထိ ကြည့်ရှုလို့ မရိုးနိုင်တဲ့ Animation ရုပ်ရှင်ဇာတ်ကားတကားအဖြစ်လည်း ရပ်တည်နေပါတယ်။
အခုလက်ရှိ အချိန်ကနေ နောက်နှစ် ၃၀ မှာဆိုရင်လည်း “Nightmare Befroe Christmas” ရုပ်ရှင်နဲ့ ရုပ်ရှင်ကို ကြိုက်နှစ်သက်သူတွေအတွက် နှစ်ပတ်လည်ပွဲ ပြုလုပ်ဦးမှာဖြစ်ပြီး ဒီရုပ်ရှင်ကို ဟောလိုးဝင်းနဲ့ ခရစ္စမတ်ပွဲတော်တို့ကြား ပေါင်းကူးပေးတဲ့ တံတားတစင်းအဖြစ် အထိတောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။
ရုပ်ရှင်မှာတော့ အဓိကဇာတ်ကောင် Jack Skellington ရဲ့ အသံသရုပ်ဆောင်အဖြစ် Chris Sarandon က ပါဝင်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ရုပ်ရှင်တကား ထပ်ရိုက်ဖို့ရှိနေကြောင်းလည်း သတင်းတချို့ ထွက်ပေါ်နေခဲ့ပါတယ်။
အောက်တိုဘာ ၂၉ရက်နေ့မှာတော့ Disney ရဲ့ Official Twitter အကောင့်ကနေ “Nightmare Before Christmas” အတွက် ပိုစတာတခု ပါဝင်တဲ့ ပို့စ်တင်ခဲ့ဲပြီး အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အကယ်လို့ ထွက်ရှိနေတဲ့ သတင်းတွေသာ မှန်ကန်နေခဲ့မယ်ဆိုရင်တော့ “Nightmare Before Christmas” Animation ရုပ်ရှင်ဟာ Live-action အဖြစ် ရိုက်ကူးဖို့ရှိနေတဲ့အပြင် Disney အနေနဲ့ ဒီရုပ်ရှင်ကို အသွင်သစ်နဲ့ ထုတ်လုပ်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဒါရိုက်တာ Tim Burton ရဲ့ Stop-motion တွေနဲ့အတူ အောင်မြင်မှုရရှိခဲ့တဲ့ “Nightmare Before Christmas” ရုပ်ရှင်ကတော့ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့ ဘယ်တော့မှလည်း ရိုးသွားမှာ မဟုတ်တဲ့ ဟောလိုးဝင်းနဲ့ ခရစ္စမတ်ပွဲတော်ကြားက ပေါင်းကူးတံတား တစင်းအဖြစ် ဆက်လက် ရပ်တည်နေဦးမှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
တရုတ်ဆင်ဆာမူဝါဒကို ဝေဖန်ခဲ့တဲ့ “South Park” ကာတွန်းဖန်တီးရှင်များ ပြန်လည်တောင်းပန်
မြောက်အမေရိကရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Abominable” ကာတွန်းရုပ်ရှင်
အသီးအရွက်ကို အခြေခံထားတဲ့ ဟင်းလျာတွေ တိုးမြင့်ရောင်းချပေးတော့မယ့် Disney Theme Parks
“Lady and the Tramp” ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ ကယ်ဆယ်ရေးစခန်းမှ ခွေးလေးကို ရွေးချယ်