Entertainment

မျက်လုံးကို လေဆာပစ်ပြီး ခါးအကျိတ် ခွဲစိတ်ကုသခဲ့ရတဲ့ သရုပ်ဆောင် ကျော်ထက်ဇော်

Want create site? Find Free WordPress Themes and plugins.

MRTV- 4 ဇာတ်လမ်းတွဲများမှ တဆင့်ပရိသတ်ရဲ့ချစ်ခင်မှုရရှိခဲ့တဲ့သူတယောက်ဖြစ်တဲ့ သရုပ်ဆောင်ကျော်ထက်ဇော် ကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး မျက်လုံးကို လေဆာပစ်ကာ ခါးမှာရှိတဲ့အကြိတ်ကို ခွဲစိတ်ကုသခဲ့ရတယ်လို့ သိရပါတယ်။

“ကျနော် မျက်လုံးကိုလေဆာနဲ့ ပါဝါဖျောက်ထားပါတယ်။ ပြီးတော့ခါးမှာ အကျိတ်ဖြစ်တာကိုလည်း ထုတ်ထားပါတယ်။ ခါးကအကြိတ် ကြာပြီ။ ငယ်ငယ်ကတည်းကဖြစ်တာ အလုပ်တွေများနေတာနဲ့မလုပ်ဖြစ်ခဲ့ဘူး။ အခုကျတော့ လုပ်ဖို့လည်း အချိန်တန်ပြီဆိုတော့လုပ်ဖြစ်လိုက်တာပါ” လို့ ကျော်ထက်ဇော်ကပြောပါတယ်။

အဆိုပါကုသမှုကြောင့် အနုပညာအလုပ်များကို ၁လခန့်နားလိုက်ရပြီး အခုတော့ စိုးရိမ်စရာမရှိတော့ဘဲ အဆင်ပြေနေ ပြီဖြစ်တယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ ဆရာဝန်ကြီးတွေကလည်း သေချာကုပေးထားတယ်။ အခုဆိုရင်လည်း ကျနော် ၁လလောက်တော့ နားလိုက်ရတယ်။ အဆင်ပြေပါတယ်။ ဆရာဝန်တွေလမ်းညွှန်တဲ့အတိုင်းကို နေတယ်”

“ အစားအသောက်ကအစ မျက်လုံးကလူတယောက်အတွက် အရေးအကြီးဆုံးအပိုင်းပဲလေ အမြင်အာရုံဆိုရင် တော်တော် ကို ဒုက္ခရောက်တဲ့အပိုင်းပေါ့။ ဆရာဝန်တွေပြောတဲ့အတိုင်းနေတာ အဆင်တော့ပြေနေပါတယ်” လို့ ကျော်ထက်ဇော်က ပြောပါတယ်။

ကုသမှုပြုလုပ်ရတဲ့ အစိတ်အပိုင်းများကတော့ ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ အပိုင်းတွေဖြစ်တာကြောင့် နောက်ပိုင်းမှာ အဆင်ပြေစေရန် တခါတည်းလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“နောက်ပိုင်းကားရိုက်တွေမှာ အဆင်ပြေအောင် တခါတည်းလုပ်ထားလိုက်တာပါ။ ကျနော်ပါဝါက ၃၀၀ကျော်တယ်။ နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲမှာဆိုရင် တော်တော်ဒုက္ခရောက်တယ်။ ဇာတ်လမ်းလေးက ကျနော်တယောက်တည်းကို ထူးထူးဆန်းဆန်းလေးဆိုတော့ နေ့တိုင်းလိုလို မျက်ကပ်မှန်နဲ့ ထိတွေ့ရတော့ အဆင်မပြေလို့လုပ်လိုက်တာပါ” လို့ ကျော်ထက်ဇော်ကပြောပါတယ်။

လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ “အချစ်ဖွဲ့လေညင်း” ဆိုတဲ့ဇာတ်လမ်းတွဲရိုက်ကူးထားပြီး ရုပ်ရှင်ဇာတ်ကား ကြီးရိုက်ရန်အတွက် ကမ်းလှမ်းထားတာလည်း ရှိတယ်လို့ သိရပါတယ်။

“အခုကျနော် အချစ်ဖွဲ့လေညင်းဆိုတဲ့ ဇာတ်လမ်းတွဲကိုရိုက်ပြီးသွားပြီ။ ဒီဇာတ်လမ်းတွဲက ဖေဖော်ဝါရီ ၊ မတ် တခုခုမှာ ဘယ်တော့လွှင့်မယ် မသေချာသေးဘူး။ အထဲက Scene တွေကိုသေချာလုပ်နေတာတွေလည်းရှိတော့လေ။ နောက်ပြီး ရုပ်ရှင်ကားကြီးလည်း ရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်” လို့ ကျော်ထက်ဇော်ကပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading