ငယ်စဉ်ကတည်းက အနုပညာ ဝါသနာပါပြီး ကိုယ်တိုင် စန္ဒရားတီး၊ ဂစ်တာတီးကာ Cover Song တွေ ဆိုရင်း လူသိများလာတဲ့ ဆယ်ကျော်သက် အဆိုတော် မေလသံစဉ်ဟာ တကိုယ်တော်ခွေထွက်ဖို့ ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။
“မိုးသည်းချိန်လွမ်း”ဆိုတဲ့ သီချင်းလေးတော့ မိုးတွင်းတုန်းက တင်ပေးထားတယ်။ နောက်သီချင်း၂ပုဒ်တော့ ကျန်သေးတယ်။ လက်ရှိကတော့ အခွေ အတွက်လုပ်နေတယ်။ ပထမတော့ CD အနေနဲ့ပဲ ထွက်မလို့ပဲ။ နောက်အသံကြီးပဲ ကြားနေရတော့ မကောင်းမှာစိုးလို့ အခု MTV လေးရိုက်နေပါတယ်”
“ အစ်ကိုတွေနဲ့လည်း MTV လေးရိုက်နေပါတယ်။ မကြာခင်ထွက်တော့မှာပါ။ အခွေ ထွက်ပြီးရင်လည်း အင်္ဂလိပ်သီချင်းလေးတွေ Cover Song လေးတွေ ဆိုဖြစ်ဦးမှာပါ”လို့ မေလသံစဉ်က ပြောပါတယ်။
မြန်မာအင်္ကျီလေးတွေ ဝတ်ဆင်တတ်တဲ့ မေလသံစဉ်က ဖက်ရှင်ပိုင်းကို အရမ်းထူးထူးဆန်းဆန်းကြီး ဝတ်တာတော့ မရှိဘူးလို့ ဆိုပါတယ်။
“အခုနောက်ပိုင်တော့ ဖက်ရှင်ပိုင်းကို အရမ်းထူးထူးဆန်းဆန်းကြီး ဝတ်တာတော့ မရှိဘူး။ ညီမက အဆိုပိုင်းပဲဆိုတော့ ကိုယ်နဲ့လိုက်မယ် ထင်တာလေးတွေပဲ ဝတ်ဖြစ်တယ်။ မြန်မာအင်္ကျီလေးတွေ ဝတ်လိုက်ရင် ပုံမှန်နေတဲ့အတိုင်း နေတာထက် ယဉ်ကျေးသလို သိမ်မွေ့သလို ခံစားရတယ်”
“အခုက ပြင်ဦးလွင်ကို သွားရင် အေးတော့ အဖေနဲ့အမေကလည်း ပြင်ဦးလွင်ဇာတိဆိုတော့ အဲ့မှာ အိမ်ရှိတယ်လေ။ အဲ့အတွက် ပြင်ဦးလွင်ပဲ သွားဖြစ်တာများတယ်။ ကလောလည်း သွားဖို့ ရှိပါတယ် MTV လေးရိုက်စရာရှိလို့”လို့ မေလသံစဉ်ကပြောပါတယ်။
အဆိုတော် မေလသံစဉ်ဟာ အသက် ငယ်ရွယ်စဉ်ကတည်းက ဂီတကို ဝါသနာပါခဲ့ပြီး ၄ တန်းအရွယ်မှာ စန္ဒရား တီးတတ်ခဲ့ပြီး ၆ တန်းအရွယ်မှာတော့ ဂစ်တာ တီးတတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း မေလသံစဉ်က သီချင်းများသီဆိုနေရင်း ပရိသတ်တွေ အားပေး ချစ်ခင်ခံနေရတဲ့ ဆယ်ကျော်သက် အဆိုတော်တဦးပဲ ဖြစ်ပါတယ်။
You may also like these stories:
အဘိုးဖြစ်သူ တေးရေး စန်းသော်တာရဲ့ သီချင်းများကို ပြန်လည် သီဆိုမယ့် မေလသံစဉ်
စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းများကို ကိုယ်တိုင်ရေးသား သီဆိုနေတဲ့ မေလသံစဉ်
တက္ကသိုလ်ဝင်တန်း အောင်သွားပြီဖြစ်လို့ အနုပညာ အလုပ်တွေ ပိုလုပ်သွားမယ့် မေလသံစဉ်