၂၀၀၈ ခုနှစ်မှာ Iron Man, The Incredible Hulk စတဲ့ ဇာတ်ကောင်တွေကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့တဲ့ Marvel ဟာ အခုအချိန်မှာဆိုရင် Studio ရဲ့လူသိများပြီး အောင်မြင်တဲ့ MCU ကိုလည်း တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာဆိုရင်လည်း Studio ရဲ့အောင်မြင်မှုကို ထိန်းထားနိုင်စေတဲ့ ရုပ်ရှင်အများအပြားထွက်ရှိခဲ့တာဖြစ်ပြီး Avenger ရုပ်ရှင်တွေ ထွက်ရှိလာချိန်မှာ ပိုမိုလူသိများ အောင်မြင်လာခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။
လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ Marvel အနေနဲ့ ရုပ်ရှင်တချို့ ထုတ်လုပ်ပြသဖို့ အစီအစဉ်ရှိနေတာဖြစ်ပြီး ခန့်မှန်းခြေ အားဖြင့် ရုပ်ရှင် ၂ကားကနေ ၄ ကားအထိ ပါဝင်ကာ ဖေဖော်ဝါရီနဲ့ နိုဝင်ဘာလတွေကြား ထုတ်လုပ်ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့်မို့လို့ ၂၀၂၁ ခုနှစ်ဟာ Marvel နဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး နှစ်တနှစ်လို့ ပြောလို့ရပြီး ဘယ်လိုမထင်မှတ်ထားတာတွေ ချပြဦးမလဲဆိုတာကလည်း ရင်ခုန်စရာပဲ ဖြစ်ပါတယ်။
Walt Disney ရဲ့ဒုတိယဥက္ကဌနဲ့ Creative ခေါင်းဆောင်တဦးဖြစ်တဲ့ Alan Horn တို့ကတော့ Marvel အနေနဲ့ တနှစ်မှာ ပျမ်းမျှအားဖြင့် ရုပ်ရှင်ဇာတ်ကား ၃ ကားကနေ ၄ ကားလောက်အထိ ထုတ်လုပ်သွားမယ်လို့ THR နဲ့ အင်တာဗျူးတခုမှာ အတည်ပြုဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။
လာမယ် ၂၀၂၁ ခုနှစ်မှာ ထွက်ရှိဖို့ရှိနေတဲ့ Marvel ရုပ်ရှင်ဇာတ်ကားတွေကတော့ Shang-Chi, Legend of the Ten Rings, Doctor Strange into the Multiverse of Madness, Spider-Man 3 နဲ့ Thor:Love and Thunder တို့ပဲဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်အတွက် ထွက်ရှိလာဖို့ရှိနေတဲ့ Marvel ရုပ်ရှင်တွေကတော့ Black Widow နဲ့ The Eternals တို့ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ပိုမိုများပြားတဲ့ ရုပ်ရှင်တွေကို တဝကြီးကြည့်ရှုကြရမှာပါ။
X-Men နဲ့ Fantastic Four စတဲ့ ဇာတ်ကောင်တွေကို MCU နဲ့ချိတ်ဆက်ဖို့ ရှိနေတဲ့အပြင် အောင်မြင်ပြီးသား ရုပ်ရှင်တွေရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ Black Panther2, captain Marvel 2 နဲ့ Gurdians of the Galaxy Vol.3 တို့ကိုလည်း လာမယ့်နှစ်တွေမှာ ထွက်ရှိဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Marvel ကို ပြန်ရောက်လာခဲ့တဲ့ “Spider-Man” ရုပ်ရှင်
Marvel နဲ့ Spider-Man လက်တွဲမဖြုတ်ဖို့ ကြားဝင်စေ့စပ်ပေးတဲ့နေရာမှာ ပါဝင်ခဲ့တဲ့ Tom Holland
“Wolverine” ကို Animated တီဗီစီးရီးအနေနဲ့ ထုတ်လုပ် ရိုက်ကူးတော့မယ့် Marvel Studio