Entertainment

မီးထဲကနေ အမျိုးသမီးတဦးကို ကယ်တင်ခဲ့မှုကြောင့် ရှာရွတ်ခန်ကို ချီးမွမ်းလိုက်တဲ့ ဆယ်လ်မန်ခန်း

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် ဘောလိဝုဒ်မင်းသား ဆယ်လ်မန်ခန်း (Salman Khan) ဟာ မကြာသေးခင်တုန်းက မီးလောင်ကျွမ်းမှု တခုကနေ အမျိုးသမီးတဦးကို ကယ်တင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်း မင်းသား ရှာရွတ်ခန်းကို ချီးမွမ်းပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့တုန်းက မင်းသား ရှရွတ်ခန်ကို Tag တွဲပြီး Instagram မှာ ဗီဒီယိုတခုကို မင်းသား Salman က မျှဝေခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာတော့ မင်းသား ရှရွတ်ခန်ရဲ့ “Happy New Year” ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတခုပါဝင်ပြီး သူ့ရဲ့ လက်မောင်းတွေကနေ မီးတောက်တွေ ထွက်လာတဲ့ ပြကွက် ကို မြင်တွေ့ရပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်မှာ မင်းသား Salman က “သူရဲကောင်းဆိုတာ မီးထဲကို ခုန်ဝင်သွားပြီး ငြှိမ်းသတ်တယ်။ အသက်ကယ်တဲ့ သူဖြစ်တယ်” လို့ နောက်ခံအသံနဲ့ ပြောဆိုထားပါတယ်။

မင်းသား ခန်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်းရဲ့ ဒီပါဝလီပွဲမှာ မင်းသမီး Aishwarya Rai ရဲ့ မန်နေဂျာနဲ့ လူထုဆက်ဆံရေးမှူး Archana Sadanand ရဲ့ အသက်ကို ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေရဲ့အဆိုအရ Archana ရဲ့ အကျီဟာ ပွဲကျင်းပနေတဲ့အထဲက ဖယောင်းတိုင်မီးကနေ ကူးစက်လောင်ကျွမ်းတာ ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီပွဲကို ရောက်နေတဲ့ မင်းသားခန်က အလျင်အမြန်ရောက်သွားပြီး Archana ကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။

မင်းသား ရှာရွတ်ခန်နဲ့ မင်းသား Salman တို့ရဲ့ ပရိသတ်တွေကတော့ အခုလိုမျိုး မင်းသားခန်ရဲ့ သူရဲကောင်းဆန်ဆန် လုပ်ဆောင်မှုကို ချီးကျူးနေကြပါတယ်။ ပရိသတ်တဦးက “ရှာရွတ်ခန်ဟာ တကယ့်ဘဝမှာလည်း သူရဲကောင်း တယောက်ဆိုတာကို မြင်တွေ့ရမယ့် ပြီးပြည့်စုံတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်” လို့ ရေးပါတယ်။

နောက်ပရိသတ်တဦးကတော့ “တခါ သူရဲကောင်းဖြစ်ဖူးရင် အမြဲသူရဲကောင်း ဖြစ်မှာပါပဲ” လို့ ရေးခဲ့ပါတယ်။ မီးလောင်ခံခဲ့ရတဲ့ Archana ကို မွမ်ဘိုင်းမြို့မှာရှိတဲ့ Nanavati ဆေးရုံဆီ ပို့ဆောင်လိုက်ရပြီး ရောဂါကူးစက်မှုကို ကာကွယ်ဖို့ အထူးကြပ်မတ် ကုသဆောင်မှာ သီးခြားခွဲထားရတယ်လို့ ဆိုပါတယ်။ သူဟာ ညာဘက် ခြေထောက်နဲ့ လက်တွေမှာ ၁၅ ရာခိုင်နှုန်းလောက် မီးလောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

မင်းသား ရှာရွတ်ခန်ဟာ ဇနီးဖြစ်သူ Gauri Khan နဲ့အတူ ဒီပါဝလီပါတီကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မင်းသားကြီးဘဂျမ်းရဲ့ ပါတီပွဲကို နာမည်ကျော်တွေဖြစ်ကြတဲ့ Akshay Kumar, Twinkle Khanna, Shahid Kapoor, Mira Rajput, Anushka Sharma နဲ့ Virat Kohli တို့လည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

မင်းသား ခန်နဲ့ မင်းသား Salman တို့ဟာ “Karan Arjun” နဲ့ “Kuch Kuch Hota Hai” ရုပ်ရှင်တွေမှာ အတူတွဲ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ပြီးတော့ “Tubelight” နဲ့ “Zero” ရုပ်ရှင်တွေမှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ကြပါတယ်။

Ref: hindustantimes

Did you find apk for android? You can find new Free Android Games and apps.
Loading