ရုပ်ရှင်တွေဟာ ဖျော်ဖြေရေးသက်သက်တင် မဟုတ်ဘဲ လက်တွေ့ဘဝမှာ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေအတွက် ဘဝသင်ခန်းစာတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ သရဲကားတွေကြည့်တဲ့အခါ ကိုယ်သာ သူ့နေရာမှာဆို ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးမျိုးတွေကို တွေးဖူးကြမှာပါ။ ဒါဆိုရင်တော့ သရဲကားတွေကနေ လက်တွေ့ဘဝအတွက် အသုံးဝင်တဲ့ ဘယ်လို သင်ခန်းစာမျိုးတွေကို ပေးနိုင်လဲဆိုတာကို ကြည့်ကြရအောင်ပါ။
(၁) အိမ်ပြောင်းမယ်ဆိုရင် အိမ်ရဲ့နောက်ကြောင်းကို သေချာစုံစမ်းပါ
သရဲကားအများစုဟာ အိမ်ပြောင်းတဲ့ ဇာတ်လမ်းမျိုးနဲ့ အစချီပြီး အိမ်ကြောင့် လူတွေ အထိတ်တလန့်ဖြစ်၊ ထင်မှတ်မထားတာတွေ ဆက်တိုက်ကြုံတွေရတာမျိုးတွေဖြစ် စတာတွေကို သရဲကားကြိုက်သူတိုင်း သိကြမှာပါ။ ဒါကြောင့်မို့ လက်တွေ့ဘဝမှာလည်း အိမ်ပြောင်းမယ်ဆိုရင် ယုံတာ မယုံတာ အပထားပြီး အိမ်ရဲ့နောက်ကြောင်း ရာဇဝင်ကို သေချာစုံစမ်းသင့်ပါတယ်။
(၂) ဝိညာဉ်လောကနဲ့ အဆက်အသွယ် လုပ်တာမျိုးတွေကို ရှောင်ပါ
သရဲကားအများစုမှာ ဝိညာဉ်ခေါ်တာမျိုးတွေ၊ ဝိညာဉ်လောကနဲ့ အဆက်အသွယ် လုပ်တာတွေကြောင့် ကိုယ်စတဲ့ဇာတ် ကိုယ်မနိုင်ဘဲ ဆိုးဆိုးရွားရွား အဖြစ်အပျက်တွေ ကြုံတွေရတာမျိုးတွေကို ကြည့်ဖူးကြမှာပါ။ ဒါကလည်း လက်တွေ့ဘဝမှာ သွားရောက် လက်တည့်မစမ်းသင့်တဲ့ ကိစ္စတခုပဲ ဖြစ်ပါတယ်။
(၃) အထူးအဆန်းတွေ့တာနဲ့ ကောက်မယူသွားပါနဲ့
ကိုယ့်ပစ္စည်းလည်း မဟုတ်ဘဲနဲ့ အထူးအဆန်းလေးတွေ့တာနဲ့ အိတ်ထဲ ကောက်ထည့်သွားတာ၊ တွေ့ကရာ လျှောက်ပြီး ကိုင်တွယ်ကြည့်တာမျိုးတွေကို မဖြစ်ခင်တည်းက ကြိုပြီးကာကွယ်တဲ့အနေနဲ့ မလုပ်သင့်ပါဘူး။
(၄) အုပ်စုဖွဲ့သွားလာနေချိန်မှာ ကိုယ်တယောက်တည်း လူစု မကွဲပါစေနဲ့
နေရာဒေသ အသစ်တခုကိုပဲဖြစ်ဖြစ်၊ ထူးထူးဆန်းဆန်း တနေရာကို သွားရောက် လေ့လာတဲ့အခါမှာဖြစ်ဖြစ် လူအုပ်စုအလိုက် သွားနေချိန်မှာ ကိုယ်တယောက်တည်း လူစုကွဲသွားတာ၊ နောက်မှာကျန်နေခဲ့တာမျိုးတွေ မဖြစ်စေဖို့ သတိပြုသင့်ပါတယ်။
Ref. www.theodysseyonline.com