Entertainment

ဂျန်နီဖာလိုပက်ဇ်နဲ့အတူ ရုပ်ရှင်တကားမှာ ပါဝင်လာမယ့် Kim Kardashian

Want create site? Find Free WordPress Themes and plugins.

“Hustlers” ရုပ်ရှင်မှာ အဆိုတော် Cardi B ဟာ သရုပ်ဆောင်တဦးအနေနဲ့ ပွဲဦးထွက်လာခဲ့ပြီးတဲ့နောက် အခုတဖန် အဆိုတော်၊ မင်းသမီး ဂျန်နီဖာလိုပက်ဇ် (Jennifer Lopez) နဲ့အတူ တွဲဖက်သရုပ်ဆောင်မယ့်သူက နာမည်ကျော် Kim Kardashian ဖြစ်လာပါတယ်။

ရုပ်သံအစီအစဉ်စတား Kim က မကြာခင်ရိုက်ကူးမယ့် ရုပ်ရှင်တကားမှာ “World of Dance” အကဲဖြတ်ဒိုင် လိုပက်ဇ်နဲ့အတူ သရုပ်ဆောင်မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Instagram မှာတင်ခဲ့တဲ့ ဗီဒီယိုအတိုတခုမှာ “E! News” အစီအစဉ်တင်ဆက်သူ Jason Kennedy က KKW Beauty ကုမ္ပဏီထူထောင်သူ Kim ကို “မင်းက ဂျေလိုနဲ့ အလုပ်အတူတွဲလုပ်နေသလား” လို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအခါမှာ Kim က “ဟုတ်ပါတယ်။ ကျမရဲ့ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် အလုပ်ကတော့ ဂျန်နီဖာလိုပက်ဇ်နဲ့ပါ” လို့ ပြောဆိုခဲ့ပါတယ်။ ပြောဆိုရမယ့် ဒိုင်ယာလော့ စာသားတွေ ရပြီလားလို့ မေးမြန်းတဲ့အခါ Kim က “ရပါပြီ” လို့ ပြန်ဖြေပါတယ်။ အဲ့ဒီနောက် ဂျေလိုနဲ့အတူ တွဲသရုပ်ဆောင်ရမယ့်အတွက် တော်တော်လေး စိတ်လှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။

Kim ကတော့ သူ့အတွက် ပထမဆုံး သရုပ်ဆောင်မှု ဖြစ်လာမယ့် ရုပ်ရှင်ရဲ့ နာမည်ကို ထုတ်ဖော် ပြောဆိုခဲ့တာ မရှိခဲ့ပေမယ့် “Marry Me” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်လာမယ်လို့ ပရိသတ် တချို့ကတော့ ထင်ကြေးပေးနေပါတယ်။ ဂျေလိုဟာ အခုလအစောပိုင်းကတည်းက အဲ့ဒီအချစ်ဟာသ ဇာတ်မြူး ရုပ်ရှင်ကို ရိုက်ကူးနေခဲ့တာလည်းဖြစ်ပါတယ်။

ဒါရိုက်တာ Kat Coiro ရိုက်ကူးနေတဲ့ အဲ့ဒီ ရုပ်ရှင်ကတော့ စူပါစတားတဦးက Madison Square Garden မှာ ခင်ပွန်းလောင်း ရော့ခ်စတားတဦးနဲ့ မလက်ထပ်မီ သူ့ရဲ့ လက်ထောက်နဲ့ ဖောက်ပြန်နေတယ် ဆိုတာကို သိလိုက်ရပြီးတဲ့နောက် စင်ပေါ်တက်ပြီး လူအုပ်ထဲက သင်္ချာဆရာနဲ့ လက်ထပ်ဖို့ ရွေးချယ်လိုက်အကြောင်း အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ဂျေလိုဟာ အဲ့ဒီရုပ်ရှင်မှာ Elaine Goldsmith-Thomas, John Rogers တို့နဲ့အတူ ထုပ်လုပ်သူအဖြစ် ပါဝင်ထားပါတယ်။ အဓိကမင်းသားအဖြစ် Owen Wilson အပြင် Sarah Silverman, John Bradley, Michelle Buteau နဲ့ Chloe Coleman တို့လည်း ပါဝင်ထားကြပါတယ်။

မင်းသား Maluma ကတော့ အဓိကဇာတ်ဆောင် ဂျေလိုရဲ့ ဖောက်ပြန်နေတဲ့ ခင်ပွန်းလောင်းအဖြစ် သရုပ်ဆောင် ထားတယ်လို့ ဆိုပါတယ်။ အဆိုတော် ဂျေလိုဟာ မကြားသေးခင်တုန်းက နယူးယောက်မြို့ရဲ့ Madison Square Garden မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတခုမှာ ကိုလံဘီယာအဆိုတော် Maluma နဲ့အတူ “No Me Ames” သီချင်းကို စုံတွဲသီဆိုခဲ့ပါသေးတယ်။

Ref: aceshowbiz

You may also like these stories:

ပွဲတက်ဝတ်စုံထဲမှာ ဆီးစွန့်ခဲ့ဖူးတယ်လို့ Kim Kardashian ပြော

ဂရမ်မီဆုပေးပွဲမှာ ဝတ်ခဲ့ဖူးတဲ့ ဝတ်စုံနဲ့ ရှိုးလျှောက်ခဲ့တဲ့ ဂျန်နီဖာလိုပက်ဇ်

အမေရိကန် Super Bowl ပွဲချိန်ဝက် ဖျော်ဖြေမှုတွင် ဂျန်နီဖာလိုပက်ဇ်နှင့် ရှကီရာတို့ ပါဝင်မည်

Kim Kardashian မွေးနေ့အတွက် ပရဟိတအဖွဲ့တွေကို ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တဲ့ Kanye West

Did you find apk for android? You can find new Free Android Games and apps.
Loading