Entertainment

“Now & Ever” ရုပ်ရှင် ရိုက်ကူးရင်း ခံစားခဲ့ရတဲ့အကြောင်း ပြောပြတဲ့ ပိုင်ဖြိုးသု

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးတဲ့ “Now & Ever” ဇာတ်ကားမှာ ဝတ်မှုံအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ပိုင်ဖြိုးသုက ဇာတ်ကားအတွက် ကာရိုက်ပီပြင်အောင် အစွမ်းကုန်ကြိုးစားခဲ့ပြီး မျက်ရည်ကျခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“Now & Ever မှာ အစွမ်းကုန်တော့ ကြိုးစားထားပါတယ်။ ဇာတ်ကားထဲမှာလည်း ကာရိုက်ပီပြင်အောင် အစွမ်းကုန် ကြိုးစားထားတယ်။ ကားမရိုက်ခင်မှာလည်း Train ပေးတယ်။ သုတို့စိတ်ထဲမှာ ဇာတ်ကောင်တွေကဝင် နေတာပေါ့နော်။ ကိုယ့်ဇာတ်ကောင်စိတ်တွေဝင်နေတော့ တချို့ စကားလုံးလေးတွေဆို ဇာတ်ညွှန်းထဲမပါဘူး။ ရိုက်နေရင်းဖြစ်လာတဲ့ စကားလုံးလေးတွေလည်း ပါတယ်”

“ ကိုဇဏ်ခီဆို သုသုကို ဇာတ်ညွန်းထဲမှာ မပြောထားတဲ့ စကားလေးတွေလည်းပြောတော့ သုသုက မျက်ရည်ဘူးသီး လုံးလောက် ကျလာတာတွေလည်းရှိတယ်။ ကိုဇဏ်ပြောတဲ့ “မကြောက်နဲ့ မကြောက်နဲ့” ဆိုတဲ့ စကားလေးဆိုရင်လည်း သုသုတို့ မိန်းကလေးတွေ ခံစားရတယ်။ မိန်းကလေးတွေ အားငယ်နေချိန်ကိုယ်ချစ်ရတဲ့ သူ ခင်ပွန်းဖြစ်ရင်ဖြစ်မယ်၊ ချစ်သူဖြစ်ရင်ဖြစ်မယ်၊ မိဘဖြစ်ရင်ဖြစ်မယ်။ အဲ့လိုစကားလေးက အားငယ်နေသူကြောက်နေသူကို အများကြီး လုံခြုံသွားစေတယ်လို့ခံစားရတယ်”

“ သုသုဆိုလည်း အားငယ်စိတ်ပျက်နေချိန် ကိုဏကြီးကိုပြောလိုက်လို့ တလောကလုံး ကိုယ့်ဘက်မှာမရှိရင်တောင် သူကတော့ ကိုယ့်ဘက်မှာရှိတယ်လို့ခံစားရပြီး လုံခြုံစေတယ်။ အဲ့စကားလေးက ချစ်တတ်တဲ့သူတိုင်း ချစ်ခံဖူးတဲ့သူတိုင်းထိမယ် ထင်တယ် ”လို့ ပိုင်ဖြိုးသုကဆိုပါတယ်။

သရုပ်ဆောင်ဇဏ်ခီနဲ့ ပိုင်ဖြိုးသု (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

Now & Ever ဇာတ်ကားကို ပရိသတ်တွေ အားပေးလို့ ပျော်တယ်လို့ဆိုတဲ့ ပိုင်ဖြိုးသုက ပရိသတ်က ကြိုးစားထား သားပဲဆိုတဲ့ မှတ်ချက်လေးရရင် အမောပြေတယ်လို့ဆိုပါတယ်။

“တချို့က အေးတယ်လို့ပြောကြတယ်။ လူတကိုယ်၊စိတ်တမျိုးဆီဆိုတော့ တယောက်နဲ့တယောက်ဘယ်တူမလဲ။ တချို့ကအေးတာကြိုက်တယ်။ တချို့ကလည်း သွက်သွက်လည်း သွားတာကြိုက်တယ်။ အဲ့အတွက် မကြိုက်တဲ့သူ ကလည်း မကြိုက်တာပေါ့။ ဇာတ်ကားကိုလည်း ပရိသတ်တွေက အရမ်းအားပေးကြတော့ ပျော်တာပေါ့နော်။ သုတို့ ဇာတ်ကားတကားကို လက်ခံလိုက်ပီဆိုရင်လည်း ကိုယ်ပြင်ဆင်တယ်။ ကြိုးစားတယ်”

“ရိုက်ပြီးသွားရင် တခုတည်းပဲ ပြန်မျှော်လင့်တာက ပရိသတ်အားပေးဖို့ ပရိသတ်က သူဒီကားလေးမှာကြိုးစားထား သားပဲဆိုတဲ့ မှတ်ချက်လေးရရင် မောထားသမျှအမောပြေတယ်။ အခုလို လက်ခံအားပေါ်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ Now& Ever အဖွဲ့သား တဦးတယောက်ချင်းဆီက အစွမ်းကုန်ကြိုးစားထားကြပါတယ်။ အခုလည်းရုံတင်နေပီမို့ အားပေးကြပါဦး ”လို့ ပိုင်ဖြိုးသုကဆိုပါတယ်။

မင်းသားဇဏ်ခီနဲ့ ပိုင်ဖြိုးသုပါဝင်ထားတဲ့ Now & Ever ရုပ်ရှင်ကားကြီးကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှစ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading