Entertainment

ကိုရီးယားအနုပညာရှင်တွေနဲ့ သူတို့ရဲ့ အချစ်တော်ခွေးလေးများ

ကိုရီးယားအနုပညာရှင် တယောက်ချင်းစီတိုင်းမှာ သူတို့အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေ ရှိတတ်ကြပါ တယ်။ အချစ်တော် အိမ်မွေးတိရစ္ဆာန်တွေထဲကမှ ချစ်ရာကောင်းပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပုံလေးတွေအမြဲတမ်း လိုလိုမြင်ရ တတ်တဲ့ အချစ်တော်ခွေးလေးတွေအကြောင်းကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Park Seo Joon – Simba

မင်းသား ပတ်စောဂျွန်းရဲ့ IG အကောင့်မှာ အမြဲတမ်းလိုလိုတွေ့ရတဲ့ တကိုယ်လုံး ဝါဂွမ်းလုံးလေးလိုဖြူဖွေးပြီး မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ခွေးလေးနာမည်ကတော့ Simba ပါ။ ပတ်စောဂျွန်းရဲ့ကိုယ်ပွားလို့ တင် စားရလောက်အောင် နှစ်ယောက်ရုပ်ချင်းဆင်တယ်လို့တောင် ပြောကြပါတယ်။

BTS’s V – Yeontan

BTS အဖွဲ့က V ရဲ့ အချစ်တော် Pomeranian အမျိုးအစားခွေးလေး Yeontan ကို မင်းသား ပတ်စောဂျွန်းရဲ့ အချစ်တော် Simba လေးနဲ့ အမြဲလိုလို တွဲမြင်ကြမှာပါ။ IG မှာလည်း သူတို့နှစ်ကောင် တပူးတွဲတွဲနဲ့ ဆော့နေတဲ့ ပုံလေးတွေ တွေ့ရတတ်ပါတယ်။

Ji Chang Wook – Ggoma

မင်းသား ဂျီချန်းဝုခ် ကိုတော့ အခုတလော IG မှာ ကန်စွန်းဥလေး Ggoma လို့နာမည်ပေးထားတဲ့ အချစ်တော် ခွေးလေးနဲ့ တွဲရိုက်ထားပုံတွေရော၊ Ggoma လေးတကောင်တည်းပုံတွေနဲ့ပဲ အမြဲလိုလို တွေ့နေရမှာပါ။

Jay Park – Oscar and PJ

ဂျေပတ်ကို ခွေးချစ်သူလို့ သူ့ပရိသတ်တွေ သိကြပါတယ်။ မွေးထားတဲ့ အချစ်တော် Oscar နဲ့ PJ အတွက်သီး သန့်ဆိုပြီး IG အကောင့်တောင်ဖွင့်ပေးထားတာပါ။ ကြက်အူချောင်းခွေးလို့ နာမည်ပြောင် ချစ်စနိုးခေါ်ကြတဲ့ Dachshund ဂျာမန်ခွေး အမျိုးအစားလေးတွေကို ၂၀၁၅ ခုနှစ် က မွေးစားခဲ့တာပါ။

Lee Seung Gi – Perro

မင်းသား လီဆောင်ဂီက သူပါဝင်ထားတဲ့ “Master in the House” အစီအစဉ်ကို အသစ်ဆက်ဆက် လေးလသားခွေးလေး Perro ကို ခေါ်လာပြီး ပွဲထုတ်ခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ Perro လေးနဲ့ပုံကို သူ့ IG မှာလည်း တင်ပေးထားပါတယ်။

BlackPink’s Jennie – Kai

BlackPink အဖွဲ့ဝင် Jennie ရဲ့ အချစ်တော်ခွေးလေးနာမည်ကို Kai လို့ ပေးထားပါတယ်။ သူအရမ်းချစ်ရတဲ့ ခွေး လေးပါလို့ အမြဲပြောတတ်သလို IG မှာလည်း မကြာခဏ ပုံလေးတွေ တင်တတ်ပါတယ်။

Park Min Young – Leon

မင်းသမီး ပတ်မင်ယောင်းကလည်း သူ့အချစ်တော်ခွေးလေးကို Lenon လို့ နာမည်ပေးထားပါတယ်။ တကိုယ် လုံးဖြူဖွေးပြီး ချစ်စရာကောင်းလွန်းတဲ့ Leono လေးပုံနဲ့ အမှတ်တရပစ္စည်းတွေရှိသလို၊ Lenon မွေးနေ့ပုံလေး ကိုလည်း IG မှာ တင်ပေးထားပါသေးတယ်။

Crush – DoYou

နောက်ထပ် အချစ်တော်ခွေးလေး ပိုင်ဆိုင်ထားတာကတော့ အဆိုတော် Crush ပါ။ DoYou လို့ နာမည်ပေးထား ပြီး သူဘယ်သွားသွား ခေါ်သွားတတ်ပါတယ်။

Ref: Soompi

Loading