Entertainment

“Now & Ever” ရုပ်ရှင်က ပေးတဲ့ Message က အရမ်းကောင်းတယ်လို့ ဝတ်မှုံရွှေရည် ပြော

ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးတဲ့ Now&Ever ရုပ်ရှင်ကားကို သွားကြည့်ဖြစ်တယ်လို့ဆိုတဲ့ ဝတ်မှုံရွှေရည်က ဇာတ်ကားရဲ့ ပေးချင်တဲ့ Message အရမ်းကောင်းတယ်လို့ ဆိုပါတယ်။

“Now & Ever ကားသွားကြည့် ဖြစ်တာက သုသုအမေအန်တီနွယ်ကလည်း ဖိတ်လို့ သွားကြည့်ဖြစ်ခဲ့တယ်။ မဖိတ်လည်း သွားကြည့်ဖို့ အစီအစဉ်ရှိပါတယ်။ ဖိတ်တာနဲ့တိုက်ဆိုင်တော့ မနေ့ကအားလို့ သွားကြည့်ဖြစ်ခဲ့တယ်။ ရိုတာထက် တကားလုံး ဘာဖြစ်မလဲ ဘာဖြစ်မလဲတွေးခိုင်းတာပေါ့”

“အခုချိန်ထိလည်း ကစ်တွေးနေတုန်းပဲ။ ရိုပြီးတော့ လက်တွေ့မဆန်တဲ့ အချစ်မဟုတ်ဘူးပေါ့။ ကစ်ခံစားရတာ။ တဘဝလုံး လက်တွေ့ဆန်တဲ့ အချစ်မျိုးပါ။ ကိုမိုးနီလွင် ပြောသလို Valentine မှ ပန်းစည်းလေးပေးမှ အချစ်မဟုတ်ဘူး။ တဘဝလုံး ဒုက္ခရောက်ချိန်မှာရော အချစ်ကရှိနေမှာလား။ တကယ်ကို ပေးချင်တဲ့ Message လေးက အရမ်းကောင်းပါတယ်”

“ ဒီဇာတ်ကားအကုန်လုံးက သရုပ်ဆောင်တာရော ရိုက်ကူးရေးပိုင်းရော ဇာတ်ညွှန်းရော အကုန်လုံးကပြောစရာ မလိုပါဘူး။ ဇာတ်ကားကြည့်တာ သရုပ်ဆောင်တွေကို ကြည့်တာမဟုတ်ဘူးပေါ့။ ဇာတ်ကားထဲကဇာတ်ကောင် တွေကိုကြည့်တာပေါ့။ ကစ်က ရုံပြင်ထွက်သွားတာနဲ့ အဲ့ဇာတ်ကားကို ပြန်ပြန်တွေးနေရတယ်ဆိုရင် အဲ့ဇာတ်ကားကို ကစ်ကြိုက်တယ် ”လို့ ဝတ်မှုံရွှေရည်ကပြောပါတယ်။

ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ရှိတယ်လို့ဆိုတဲ့ ဝတ်မှုံရွှေရည်က ချစ်တဲ့ပရိသတ်တွေနဲ့ Fan Meeting လုပ်ဖို့ရှိတယ် လို့လည်း ဆိုပါတယ်။

“ကစ်ရဲ့ ပရိသတ်တွေနဲ့တွေ့ဆုံမယ့် Fan Meeting ကိုရက်ရွှေ့သွားတာက အချိန်လေးပိုယူချင်တာရယ်။ ကိုမောင်အေးတို့ ကိုဆန်းထွဋ်တို့အားမယ့်ရက်ရော နေရာအဆင်ပြေမယ့်ရက်ရောကြောင့် နောက်ရွှေ့လိုက်ရတာပါ။ ၂၁ရက်နေ့ဆို အားလုံး အဆင်ပြေမယ်ထင်ပါတယ် ”လို့ ဝတ်မှုံရွှေရည်ကပြောပါတယ်။

လတ်တလောလုပ်ဖြစ်နေတာနဲ့ ပတ်သက်လို့လည်း ဝတ်မှုံရွှေရည်က အခုလိုပြောပြပါသေးတယ်။

“အခုက စာအုပ်တွေဖတ်ဖြစ်နေတယ်။ ငယ်ငယ်တုန်းကတော့ မျိုးစုံဖတ်တာပေါ့။ ခွန်အားပေးတဲ့ ဇာတ်လမ်းစာအုပ်တွေ ဖတ်ဖြစ်တယ်။ ကြီးလာတော့ ဇာတ်လမ်းပိုဖတ်ဖြစ်တာပေါ့။ ဝတ္ထုဇာတ်လမ်းပိုဖတ်ဖြစ်တယ်ပေါ့။ လတ်တလောကတော့ ပွဲတွေ တက်ဖြစ်တယ်။ ကြော်ငြာတွေရိုက်ဖြစ်တယ်။ ဇာတ်ကားရိုက်ဖို့တွေလည်းရှိတယ်”လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။

 

Loading