Entertainment

“သီလလုံအောင် ထိန်းရင် ရုပ်ကြည်ပါတယ်”လို့ ခိုင်သင်းကြည် ပြော

Want create site? Find Free WordPress Themes and plugins.

အသက်အရွယ်တခု ရောက်လာပြီ ဖြစ်ပေမယ့် အခုအချိန်အထိ နုပျိုနေဆဲဖြစ်တဲ့ မပွတ်ကျွတ်လို့ ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ ငါးပါးသီလကို အတတ်နိုင်ဆုံးထိန်းရင် ရုပ်ကြည်တယ်လို့ ပြောပါတယ်။

“စိတ်ရှင်းတယ်။ စိတ်ထဲမှာ ရှိတာကို ပြောပစ်လိုက်ပြီးရင် မခံစားနေတတ်ဘူး။ တချို့ဆိုရင် တညလုံး အိပ်မပျော်တာတို့ဘာတို့ မခံစားဘူး။ ခဏပဲစိတ်ထဲမှာ ဖြစ်ပြီးရင်ပျောက်သွားရော။ စိတ်ပါရင် ပျော်ပျော်ရွှင်ရွှင် နေတတ်တယ်။ စိတ်မပါရင် ဘယ်ကိုမှမသွားတော့ဘူး။ သွားပြီဆိုရင်လည်း တက်ကြွနေတယ်”

“နောက်ပြီးတော့ ဘာသာတရားနဲ့လည်း ဆိုင်ပါတယ်။ လူတယောက်က ငါးပါးသီလကို အတတ်နိုင်ဆုံးထိန်းရင် သီလလုံလို့ရှိရင် ရုပ်ကကြည်တယ်ပေါ့။ ချောတယ် လှတယ်ဆိုတာထက် ရုပ်ကကြည်နေတာ။ မခိုင်လေးက သီလလုံအောင် ထိန်းပါတယ်။ အဲဒီသဘောလေးပါ” လို့ ခိုင်သင်းကြည်က ပြောပါတယ်။

စိတ်ကိုရှင်းပြီး ပွင့်ပွင့်လင်းလင်းနေတတ်တာနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရလည်း သေးနေတာကြောင့် နုတယ်လို့ ထင်ရတာဖြစ်တယ်လို့ ပြောပါတယ်။

“နုတယ်ရယ်လို့လည်း မဟုတ်ပါဘူး။ မခိုင်လေးကကျတော့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်းပဲ ထားတတ်တာက တကြောင်းပေါ့။ ခန္ဓာကိုယ်လေးက သေးတာတကြောင်း၊ ပျော်ပျော်နေတတ်တာက တကြောင်းပေါ့။ ပြီးတော့အဲ့လိုမျိုး ကိုယ့်ရဲ့စိတ်ထဲမှာကိုက ဦးထုပ်လေးတွေ ကလစ်ကလေးတွေ တွေ့ရင်ကြိုက်နေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် ဆုံးမနေရတယ်။ မသင့်တော်တော့ဘူးဆိုပြီးတော့” လို့ ခိုင်သင်းကြည်ကပြောပါတယ်။

သမီးဖြစ်သူနဲ့လည်း အဝတ်အစားဝတ်တဲ့အခါမှာ ဆင်တူလေးတွေ ဝတ်ဆင်လေ့ရှိပြီး အခုအချိန်အထိလည်း လူငယ်တွေကြိုက်တဲ့ အရာတွေကို ကြိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ငယ်ငယ်ကတည်းက ကိုယ့်ကို အားပေးနေတဲ့ သူတွေကလည်း တော်တော်ကြီးနေကြပြီဆိုတော့ ငယ်တော့ မငယ်တော့ပါဘူး” လို့ ခိုင်သင်းကြည်က ပြောပါတယ်။ ခိုင်သင်းကြည်ကတော့ မကြာခင်မှာကျင်းပမယ့် Mask Singer Myanmar သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်တဦးအဖြစ် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

“အခုမှ ရိုက်နေတုန်းပဲ။ အရမ်းပျော်ဖို့ကောင်းတယ်။ အရမ်းရယ်ရတယ်။ Myanmar’s Got Talent ရိုက်တုန်းကထက် ပေါ့ပါးပြီးတော့ ပိုရယ်ရတယ်။ စည်းကမ်း စည်းမျဉ်းတွေရယ်လည်း သိပ်မရှိဘူး”လို့ ခိုင်သင်းကြည်ကပြောပါတယ်။

ခိုင်သင်းကြည်ကတော့ ရုပ်ရှင်ရိုက်ကူးမှုအနေနဲ့ ယခုလအတွင်းမှာ ရိုက်ကူးရန်ကမ်းလှမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေကျ ပုံစံမျိုးဖြစ်တာကြောင့် လက်မခံဖြစ်ဘဲ ငြင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

You may also like these stories:

“မင်းသမီးဖြစ်တော့မှ အဆင်ပြေသလို နေတတ်၊ စားတတ်လာတယ်”လို့ ခိုင်သင်းကြည် ပြော

“စရိုက်” ရုပ်ရှင်ကားရဲ့ သရုပ်ဆောင်မှုအပိုင်းကို ကျေနပ်မှုရှိတယ်လို့ ခိုင်သင်းကြည် ပြော

“ရောက်တဲ့ဘဝမှာ အမြဲတမ်း အဆင်ပြေအောင်နေတယ်”လို့ သရုပ်ဆောင် ခိုင်သင်းကြည် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading