Entertainment

သူငယ်ချင်းဖြစ်သူ နန်းသူဇာကို အိမ်ထောင်မပြုစေချင်သေးတဲ့ နန်းမြတ်ဖြိုးသင်း

Want create site? Find Free WordPress Themes and plugins.

သီချင်းတွေ အတူဆိုရင်း ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်၊ အဆိုတော် နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ သူငယ်ချင်း နှစ်ယောက်မှာ နန်းမြတ်ဖြိုးသင်းက အိမ်ထောင်ကျသွားပေမယ့် သူငယ်ချင်းဖြစ်သူ နန်းသူဇာကိုတော့ အိမ်ထောင်မပြုစေချင်သေးဘူးလို့ ဆိုပါတယ်။

“နန်းမြတ်ကတော့ အခု ကလေးတဖက်နဲ့ဆိုတော့ မောပျော်လေးပေါ့။ သူငယ်ချင်း နန်းသူဇာကိုတော့ အားမကျစေချင်သေးဘူး။ မစွံစေချင်သေးဘူး။ အိမ်ထောင်သည်ဘဝဆိုတာ အပျိုလို မဟုတ်တော့ အပျိုလို ပြန်လုပ်လို့ မရတော့ဘူး။ အဲ့အတွက် အပျိုလို နေလိုက်ဦး။ ပြီးတော့ သေချာဆုံးဖြတ်ပြီးပြီဆိုမှ စပါလို့။ အခုသားသားက ဝူးဝါး ဝူးဝါးတွေလည်းပြောနေပြီ။ ၆ လကျော်တော့ ပြောင်းလဲမှုတွေ ပိုသိသာလာတာပေါ့။

သူငယ်ချင်းနှစ်ယောက်က တော်တော်ချိန်းရ ခက်တယ်။ နန်းမြတ်တို့က မတွေ့ရပေမယ့်လည်း Video call တွေ ခေါ်ပြီးပြောကြတာဆိုတော့ မတွေ့ရလည်း သိပ်ပြဿနာ မရှိဘူး။ နန်းမြတ်တို့ကို အခုချိန်ထိ ပရိသတ်တွေက ချစ်နေပေးလို့ ကျေးဇူးတင်ပါတယ်။ သူငယ်ချင်း နှစ်ယောက်သီချင်းတွေ လုပ်ဖို့ကတော့ လိုဦးမယ်။ သီချင်းတွေလည်း သူငယ်ချင်းနှစ်ယောက် ပြန်လုပ်ချင်ပါသေးတယ်”လို့ နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။

သူငယ်ချင်းဖြစ်သူ နန်းမြတ်ဖြိုးသင်း လိုချင်နေတဲ့ ဘဝလေးရပြီမို့ သူ့အတွက် ဝမ်းသာတယ်လို့ နန်းသူဇာက ဆိုပါတယ်။

“နန်းမြတ်အတွက် အရမ်းပျော်တယ်။ အခုဆိုနန်းမြတ်က သူလိုချင်တဲ့ ဘဝလေးကို ရနေပြီ။ နန်းမြတ်သားလေးကို မွေးစတုန်းက တခါတွေ့ဖူးတယ်။ ဟိုနေ့က မုန့်စား ခေါ်လာတော့ တခါခေါ်လာတယ်။ သူကလိုက်ကြည့်တတ်နေပြီ။ သူကထူးဆန်းပြီး လိုက်ကြည့်နေတာ ချစ်ဖို့ကောင်းတယ်။ အခုတော့ နှစ်ယောက်စလုံး စီးပွားရှာရဦးမယ်။ ကိုယ်တွေ နှစ်ယောက်ဘဝ ပြည့်စုံမှ နောက်ထပ် စဉ်းစားမယ်။ နန်းသူဇာတို့ သူငယ်ချင်းနှစ်ယောက် သီချင်းတွေတော့ မလုပ်ဖြစ်သေးပါဘူး”လို့ နန်းသူဇာက ပြောပါတယ်။

နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်း အတူ “Friend” စီးရီးခွေကို ထွက်ရှိထားပါတယ်။ နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်းတို့ သူငယ်ချင်းနှစ်ဦးဟာ အခင်ဆုံး အနုပညာညီအစ်မ သူငယ်ချင်းတွေ ဖြစ်ကြပြီး သီလရှင် ဝတ်စဉ်တုန်းကလည်း နှစ်ဦးလုံး အတူတူ ဝတ်ကာ ကုသိုလ် ယူခဲ့ကြပါတယ်။

You may also like these stories:

အလှအပအတွက် မျက်နှာ ခွဲစိတ်ကုသမှု လုပ်ရမှာ ကြောက်တဲ့ နန်းသူဇာ 

ဗိုက်ဖုံးအင်္ကျီလေးတွေနဲ့ ဓာတ်ပုံရိုက်ချင်နေပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်း

သားလေးနဲ့ ကြော်ငြာတွေ၊ ဓာတ်ပုံတွေ ရိုက်ဖြစ်နေတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

Did you find apk for android? You can find new Free Android Games and apps.
Loading