Entertainment

လင်းနို့လူသားရုပ်ရှင်အတွက် လေ့ကျင့်နေပြီဖြစ်တဲ့ မင်းသား Robert Pattinson

Want create site? Find Free WordPress Themes and plugins.

မင်းသား Robert Pattinson ဟာ နောက်ဆုံး ထွက်ရှိလာတော့မယ့် “The Batman” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် သရုပ်ဆောင် ပါဝင်လာမယ့်သူ ဖြစ်ပါတယ်။ မင်းသားဟာ Gotham City ကို ကာကွယ်မယ့်သူ အနေနဲ့ ပါဝင်ရမယ့် ဇာတ်ရုပ်အတွက် အသည်းအသန် လေ့လာနေပြီ ဖြစ်ပါတယ်။

ဘရာဇီး Jiu-Jitsu အားကစားသမား Rigan Machado က Beverly Hills မှာရှိတဲ့ လေ့ကျင့်ရေး စတူဒီယိုမှာ မင်းသား Pattinson ကို လှုပ်ရှားမှု ပြကွက်တွေ သင်ကြားပေးတဲ့ ဓာတ်ပုံတပုံကို Instagram မှာ တင်ခဲ့ပါတယ်။ လက်ခုပ်တီးနေတဲ့ Emoji ပေးထားတဲ့ အဲ့ဒီဓာတ်ပုံကို ကြည့်မယ်ဆိုရင် မင်းသားဟာ သူ့ရဲ့ ရုပ်ရှင်အသစ်အတွက် ကိုယ်ခံပညာရပ်တွေကို လေ့လာသင်ကြားနေပြီဆိုတာကို မြင်တွေ့ရပါတယ်။

ဘရာဇီး Jiu-Jitsu ပညာရပ်မှာ ခါးပတ်နီနဲ့ ခါးပတ်နက် ရရှိထားပြီး Pan American ချန်ပီယံဟောင်းတဦးဖြစ်တဲ့ Machado ဟာ အရင်တုန်းကတော့ အက်ရှင်ဇာတ်လမ်းတွေအတွက် Ashton Kutcher, Vin Diesel နဲ့ Charlie Hunnam တို့ကို လေ့ကျင့်ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ Instagram ပို့ကြောင့် ပရိသတ်တွေက စိတ်လှုပ်ရှားခဲ့ကြပြီး ပရိသတ်တော်တော် များများကတော့ စူပါဟီးရိုး ရုပ်ရှင်သစ်အတွက် မင်းသား Pattinson ရဲ့ ချဉ်းကပ်မှုကို ချီးကျူးခဲ့ကြပါတယ်။ မင်းသား Pattinson ကတော့ Caped Crusader လို့ခေါ်တဲ့ လင်းနို့လူသား ရာထူးအတွက် ပြင်ဆင်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေပြီလည်း ဖြစ်ပါတယ်။

မကြာသေးခင်တုန်းကတော့ သူက “လင်းနို့လူသား ကာတွန်းတွေ အများကြီး ရှိတယ်ဆိုတာ ကျနော်မယုံကြည်နိုင်ခဲ့ပါဘူး။ ရာနဲ့ထောင်နဲ့ချီပြီး ရှိပါတယ်။ ဒါပေမယ့် အများကြီး ကျနော် ဖတ်ဖူးပါတယ်။ ဂန္တဝင်သဘောမျိုးလည်း မဟုတ်ပါဘူး။ သီးခြားခွဲထုတ်ထားတဲ့ စာအုပ်တချို့ကို ဖတ်ရတာ ကြိုက်ပါတယ်။ လုံးဝခေတ်ပြိုင် ကာတွန်းတွေကို ဖတ်ရတာ သဘောကျပါတယ်”လို့ ဆိုပါတယ်။

အရင်တုန်းက လင်းနို့လူသားအဖြစ် သရုပ်ဆောင်ခဲ့သူတွေကတော့ ဇာတ်ကောင်မှာ စီးမျောနိုင်ဖို့ ခပ်ပြင်းပြင်း လေးလေးနက်နက်ဖြစ်တဲ့ အသံကို ကျင့်ယူခဲ့ကြရတာကြောင့် မင်းသား Pattinson ကတော့ သူ့ရဲ့ စူပါဟီးရိုး ဇာတ်ရုပ်နဲ့ လိုက်ဖက်တဲ့အသံကို ရရှိဖို့အတွက် ကြိုးစားနေတယ်လို့လည်း ပြောဆိုထားပါတယ်။

“Cloverfield” ရုပ်ရှင်ဒါရိုက်တာ Matt Reeves ရိုက်ကူးမယ့် ‘The Batman’ ရုပ်ရှင်မှာတော့ ဂိုသမ်မြို့ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဗီလိန် The Riddler အဖြစ် မင်းသား Paul Dano နဲ့ Catwoman အဖြစ် မင်းသမီး Zoe Kravitz တို့လည်း ပါဝင်လာကြမှာပါ။

Ref: digitalspy

You May Also Like These Stories:

The Batman ရုပ်ရှင်မှာ Riddler အဖြစ် သရုပ်ဆောင်မယ့် မင်းသား Paul Dano

Catwoman အဖြစ် မြင်တွေ့ရမယ့် မင်းသမီး Zoe Kravitz ရဲ့ ခန့်မှန်း ဝတ်စုံ

Did you find apk for android? You can find new Free Android Games and apps.
Loading