တနှစ်ထက်တနှစ် အောင်မြင်မှုတွေရရှိလာခဲ့တဲ့ Fast & Furious ရုပ်ရှင်တွေဟာဆိုရင် နောက်ထပ် နောက်ဆက်တွဲ ရုပ်ရှင်တွေအပြင် “Hobb & Shaw” လို ရုပ်ရှင်ဇာတ်ကားတွေကိုပါ ဆက်လက် ရိုက်ကူးဖို့ အစီအစဉ်ရှိနေခဲ့တာ ဖြစ်ပါတယ်။
“Hobb & Shaw” ရုပ်ရှင်ဟာဆိုရင်လည်း Box Office မှတ်တမ်းအရ ဝင်ငွေ ဒေါ်လာ သန်း ၇၅၀ ကျော် စုဆောင်းထားနိုင်ခဲ့တာဖြစ်လို့ နောက်ထပ် Fast & Furious ရုပ်ရှင်တွေ ဆက်လက် ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။ Fast & Furious ရုပ်ရှင်တချို့မှာ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ Jason Statham နဲ့ Dwayne Johnson (The Rock) တို့ဟာ အဓိကဇာတ်ကောင် နှစ်နေရာအတွက် ဆက်လက် သရုပ်ဆောင် ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
မင်းသားကြီး Keanu Reeves ကိုယ်တိုင်လည်း လာမယ့် “Fast & Furious” ရုပ်ရှင်မှာ ပါဝင်ဖို့ ဆွေးနွေးပြောဆိုမှု တွေရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ Fast Furious ရဲ့ လာမယ့် ရုပ်ရှင်မှာ အဓိက ဇာတ်ကောင်နေရာအတွက် သဘောတူ လက်ခံထားခဲ့တဲ့ သရုပ်ဆောင် Dwayne Johnson (The Rock) ကတော့ Fast & Furious 9 မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့သာ ပါဝင်လာတော့မှာဖြစ်ပါတယ်။
ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို ပြန်လည် ရေးသားခဲ့ရတာဖြစ်တဲ့ Fast & Furious 9 ဟာ ငွေကြေးစိုက်ထုတ်မှုသာ ပိုရှိခဲ့မယ်ဆိုရင်တော့ နာမည်ကျော် သရုပ်ဆောင်တွေ အများအပြားနဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး ရုပ်ရှင်တကားဖြစ်လာတော့မှာလို့ နီးစပ်ရာ အသိုင်းအဝိုင်းကနေ ခန့်မှန်းပြောဆိုနေကြပါတယ်။
Dwayne Johnson ထုတ်ဖော်လိုက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ WWE ရဲ့ နောက်ထပ်နာမည်ကျော် တယောက်ဖြစ်တဲ့ John Cena လည်း Fast & Furious ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိနေကြောင်းလည်း ကောလာဟလသတင်းတွေ ထွက်ပေါ်လျှက်ရှိပါတယ်။
Ref. wegotthiscovered.com
You May Also Like These Stories:
“Fast & Furious” ရုပ်ရှင်မှာ Vin Diesel နဲ့အတူ ပါဝင်လာမယ့် အဆိုတော် Cardi B
“Fast & Furious 9” ရုပ်ရှင်မှာ မင်းသား Keanu Reeves ပါဝင်လာဖွယ်ရှိ
မင်းသား Dwayne Johnson ရဲ့ “Black Adam” ရုပ်ရှင် ၂၀၂၀ ပြည့်နှစ်မှာ ရိုက်ကူးရေး စတင်မယ်