“Fantastic Beasts” ရုပ်ရှင်ဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာ “Fantastic Beasts and Where to Find Them” နဲ့ “Fantastic Beasts: The Crimes of Grindelwald” စတဲ့ ရုပ်ရှင်တွေ ထွက်ရှိခဲ့ပါတယ်။
မင်းသား Johnny Depp အနေနဲ့ ၂၀၁၈ ခုနှစ်ထွက် “The Crimes of Grindelwald” မှာ ပါဝင်ခဲ့ပြီး “Fantastic Beasts 3” အတွက် အားလုံး သိချင်တဲ့ မေးခွန်းကတော့ Johnny Depp ပြန်လည် ပါဝင်လာဦးမလား ဆိုတာပါ။ အခုအချိန်မှာတော့ မင်းသား Johnny Depp နဲ့ ပတ်သက်ပြီး ပွက်လောရိုက်ခဲ့တဲ့ မေးခွန်းဟာ ငြိမ်သက်သွားခဲ့ပြီ ဖြစ်တဲ့အပြင် Gellert Grindelwald အဖြစ် ပြန်လည်တွေ့မြင်ရဖို့ သေချာနေပါပြီ။
Fantastic Beasts ရဲ့ ဒုတိယရုပ်ရှင် “The Crimes of Grindelwald” မှာလည်း Johnny Depp ဟာ သူ့ရဲ့ ပင်ကိုယ် သရုပ်ဆောင်စွမ်းရည်ကို တည်တည်ငြိမ်ငြိမ် ပြသသွားခဲ့ပြီး ရုပ်ရှင်ရဲ့ ဇာတ်ရှိန်ဟာလည်း ပြသနေချိန် အတောအတွင်း မြင့်တက်ခဲ့ပါတယ်။
Fantastic Beasts ရဲ့ ၃ ကားမြောက် ရုပ်ရှင်အတွက်တော့ တရားဝင် နာမည်ထွက်ရှိလာခြင်း မရှိသေးဘဲ ပါဝင်မယ့် သရုပ်ဆောင်တွေကိုသာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဓိက ဗီလိန်ဇာတ်ရုပ်ကို ပုံဖော်ဖို့ တာဝန်ယူထားတဲ့ Johnny Depp ကို Fantastic Beasts ရဲ့ ၃ ကားမြောက် ရုပ်ရှင်မှာ ဘယ်လိုတွေ့မြင်ရဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။
ဇာတ်အိမ်တခုလုံးရဲ့ အဓိက ဗဟိုချက်အဖြစ်တောင် တင်စားကြရတဲ့ Grindelwald ဟာ ၂၀၁၈ ခုနှစ် “The Crimes of Grindelwald” မှာ ဇာတ်ရုပ် ပိုမိုပီပြင်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
ထုတ်လုပ်သူ တယောက် ဖြစ်သလို၊ စာရေးဆရာမ J.K Rolling နဲ့အတူ ဇာတ်ညွှန်း ပူးတွဲရေးသူလည်းဖြစ်တဲ့ Steve Kloves ပဲ “Fantastic Beasts 3” ကို ဆက်လက် တာဝန်ယူမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ David Yates ကတော့ ရုပ်ရှင်ထွက်ရှိလာမယ့် ရက်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ခန့်မှန်းထားခဲ့ပေမယ့် တိကျသေချာတဲ့ ရုံတင်ရက်တော့ ထွက်ရှိလာခြင်း မရှိသေးပါဘူး။
Ref. wegotthiscovered.com
You May Also Like These Stories:
မင်းသား Johnny Depp မပါဘဲ “Pirates of the Caribbean” ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးဖွယ်ရှိ
ပရော်ဖက်ဆာတဦးရဲ့ လက်ကျန်နေ့စွဲများ (သို့မဟုတ်) The Professor (2019)