Entertainment

ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ အချစ်ကား တကား ရိုက်ဖို့ ရှိတဲ့ ရှိန်းတင်ထူး

Want create site? Find Free WordPress Themes and plugins.

“သူစိမ်းအိမ်” ရုပ်ရှင်ကားမှာ ရှိန်းအဖြစ် ပါဝင်ခဲ့တဲ့ မော်ဒယ်၊ သရုပ်ဆောင် ရှိန်းတင်ထူးကတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ အချစ် ဇာတ်ကားတကား ထပ်မံ ရိုက်ကူးဖို့ အစီအစဉ်ရှိပြီး ဇာတ်ကောင် စရိုက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“ကိုထူးပိုင်ဇော်ဦးနဲ့ အချစ်ကားတကား ရိုက်ဖို့ရှိတယ်။ ဇာတ်ညွှန်း ကြည့်ပြီး အဆင်ပြေရင်တော့ ရိုက်မယ်။ ဇာတ်ကောင်တော့ မသိရသေးဘူး။ ကျနော့်ဘက်က ပြင်ဆင်သင့်တာတွေ၊ Gym ဆော့သင့်တာတွေ ဆော့ရမယ်။ အရင်က Tik Tok နဲ့ သိတယ်၊ ရွှေကြိုမှာ ပါတယ်လောက်ပဲ သိတာ။ အရည်အချင်း ထုတ်မပြရသေးဘူး။ သူစိမ်းအိမ်မှာတော့ အရည်အချင်း ထုတ်ပြလိုက်တယ်။ တခန်းပဲ ပါတယ်။ ဒါပေမဲ့ အဲဒီတခန်းမှာပဲ ပရိသတ် လက်ခံမှုရတဲ့အတွက် အရမ်းဝမ်းသာပါတယ်”လို့ ရှိန်းတင်ထူးက ပြောပါတယ်။

ရှိန်းတင်ထူးကတော့ အခုလိုမျိုး ပရိသတ်တွေ သူ့ကို လက်ခံတာဟာ ကြိုးစားမှုနဲ့ ထိုက်တန်တယ်လို့ ဆိုပြီး ဝါရင့် စီနီယာတွေထဲမှာ နေတိုးကို ကြိုက်တယ်လို့ ဆိုပါတယ်။

“ကြိုးစားမှုနဲ့ ထိုက်တန်သွားတယ်လို့ ထင်ပါတယ်။ သရုပ်ဆောင်တွေထဲမှာတော့ ကိုနေတိုးက ကျနော့် Idol ပါ။ အရင်ကတည်းက ကြိုက်တာ။ ကိုနေတိုးကို သဘောကျတာက အလုပ်အပေါ် တန်ဖိုးထားတယ်၊ ကာရိုက်တာအပေါ် စီးမျောနိုင်လို့။ သူ့ ရုပ်ရှင်တွေထဲမှာ “မုန်းစွဲ”ကို အကြိုက်ဆုံးပဲ”လို့ ရှိန်းတင်ထူးက ပြောပါတယ်။

ရှိန်းတင်ထူးက မကြာသေးခင်ကလည်း သရုပ်ဆောင်၊ အဆိုတော် နန်းဆုရတီစိုးရဲ့ “သေလို့ရတယ်” ဆိုတဲ့ သီချင်း Music Video မှာ ပါဝင်သရုပ်ဆောင်ပြီး အဲဒီအကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။

“ကျနော်နဲ့ မနန်းဆု သီချင်းလေးကို ပရိသတ်တွေက ကြိုက်ကြတယ်၊ ကောင်းတယ်လို့ ပြန်ကြားရလို့ ဝမ်းသာပါတယ်။ ရိုက်ကွင်းအမှတ်တရကတော့ အရမ်းနေပူတာ၊ အဲ့ဒီ Music Video က တရက်တည်းနဲ့ မပြီးဘူး နောက်ထပ် ၁ ရက် ဆက်ရိုက်ရတယ်။ ပြီးတော့ ကျနော်က ဘန်ကောက်လည်း သွားစရာရှိတော့ နောက်ရက် ထပ်ချိန်း၊ ကြားထဲမှာ ဘယ်နှရက်လောက် ကြာသွားလဲတောင် မသိဘူး။ ကျနော်ဘက်ကလည်း အကောင်းဆုံး ကြိုးစားထားသလို မနန်းဆုကလည်း ဝါရင့် သရုပ်ဆောင် တယောက်ဆိုတော့ ကျနော်ဘက် ပြင်ဆင်သင့်တာတွေလည်း ပြင်ဆင်ရတယ်”

“အမှားအယွင်း မရှိအောင်နဲ့ တဖက်လူ စိတ်ပျက်မသွားအောင် ကြိုးစားလုပ်ရတယ်။ မနန်းဆုကတော့ အလုပ်တခု လုပ်ပြီဆိုရင် သူက စိတ်နှစ်ပြီးတော့ လုပ်တတ်တယ်။ ဒီ MV ကို သူရိုက်ချင်တယ်ဆိုရင် စိတ်နှစ်ပြီးတော့ ရိုက်တယ်။ မျက်ရည်ဆိုရင်လည်း တကယ့် မျက်ရည်နဲ့ သူတကယ် စိတ်ပါဝင်စားစွာ ရိုက်တယ်။ မခိုဘူးပေါ့၊ တွေ့ဆုံလိုက်တဲ့ ခဏလေးအတွင်းမှာ မနန်းဆုရဲ့ အလုပ်အပေါ်ထားတဲ့ စိတ်ကို ကျနော် မြင်လိုက်ရတာပါ။ မနန်းဆု သီချင်းတွေလည်း နားထောင်ဖူးပါတယ်”လို့ ရှိန်းတင်ထူးက ပြောပါတယ်။

သရုပ်ဆောင် ရှိန်းတင်ထူးဟာ အနုပညာလောကထဲကို မော်ဒယ် တယောက်အနေနဲ့ စတင် ဝင်ရောက်ခဲ့ပါတယ်။ “သူစိမ်းအိမ်” ရုပ်ရှင်မှာ ရှိန်းအဖြစ် ပါဝင်ခဲ့ပြီး Music Video တွေနဲ့ ကြော်ငြာတွေ ရိုက်ကူးနေပါတယ်။ ရှိန်းတင်ထူးက သူ့ရဲ့ အပြုံးချိုချိုလေးကြောင့် မိန်းကလေး ပရိသတ်တွေ ကြိုက်နှစ်သက်ရတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

ဒါရိုက်တာ ထူးပိုင်ဇော်ဦးကို အဖေလို သဘောထားတဲ့ ရှိန်းတင်ထူး

Did you find apk for android? You can find new Free Android Games and apps.
Loading