• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ဥက္ကဋ္ဌနေရာ ဘယ်သူပဲတက်တက် တကယ်အလုပ်လုပ်တဲ့သူ ဖြစ်ဖို့ အရေးကြီးတယ်”

by ချစ်ပိုး
7 November 2019
in Entertainment
A A
ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေး  / ဧရာဝတီ

ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေး / ဧရာဝတီ

4.9k
VIEWS
Share on FacebookShare on Twitter

မကြာသေးခင် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးကနေ ဇင်ဝိုင်း နုတ်ထွက်သွားပြီးနောက် ဒါရိုက်တာ ညီညီထွန်းလွင်ကို ဥက္ကဋ္ဌ ရာထူးအဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးဖို့ ရွေးချယ်ဖြစ်တဲ့အပေါ် ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက အခုလိုပဲ ပြောပါတယ်။

“ဦးဌေး (ဦးဇင်ဝိုင်း) က အကြောင်းကြောင်းကြောင့်ဆိုပြီး စာတင်ထားတယ်။ ထွက်မယ်ဆိုတော့ ကျနော်တို့လည်း တားပါတယ်။ ဒါပေမဲ့ သူ့ကိစ္စနဲ့ ထွက်မယ်ဆိုတော့ ထွက်ခွင့်ပြုတာပေါ့။ ထွက်သွားတဲ့အခါမှာ အခြေခံအဖွဲ့ တဖွဲ့မှာ ၉ ယောက် ရှိတယ်။ ၁ နဲ့ ၂ က ကိုဌေးနဲ့ ကိုခန့်စည်သူ၊ ၃ က ထွန်းအိန္ဒြာဗို ဖြစ်နေတယ်။ ထွန်းအိန္ဒြာဗိုကလည်း ဆေးကုတဲ့ကိစ္စနဲ့ သူက နိုင်ငံခြား ရောက်နေတယ်။ အစဉ်အလာအရဆို သူကပဲတက်ရမယ်။ ဒုဥက္ကဋ္ဌ ကျနော်ကလည်း မတက်ဘူး”

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
511
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
223
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
769

“နောက် ဒုဥက္ကဋ္ဌ ၂ ကလည်း မလုပ်ဘူးဆိုတဲ့အခါ အမှုဆောင် ၂၀ ထဲက တယောက်ကို ရွေးရမယ်ဆိုတော့ ကိုညီ (ညီညီထွန်းလွင်) ကို ကျနော်တို့တွေက မေတ္တာရပ်ခံတဲ့ သဘောပဲ။ ဒီလောကထဲက သူတို့ သိတဲ့သူတယောက်ဖြစ်ရင် ပိုကောင်းတာပေါ့ဆိုပြီး ကျနော်တို့ရွေးတာပေါ့။

အာလုံးက ကိုညီဆိုရင် ကန့်ကွက်မဲ့သူ မရှိဘူးပေါ့။ တချို့အရာတွေက လောကသားတွေ အားလုံးအတွက် ရွေးရမှာတွေ ရှိတယ်။ အဲ့ဒါမျိုးတွေ ကိုညီနဲ့ လိုက်တယ်ဆိုပြီး သူ့ကိုပဲ ဥက္ကဋ္ဌ လုပ်စေချင်တာ။ သက်တမ်းပြည့်ရင်တော့ ကျနော်တို့ ရွေးကောက်ပွဲ ထပ်လုပ်မှာပေါ့။ အခုတော့ ရွေးကောက်ပွဲ မလုပ်ဖြစ်သေးဘူး”လို့ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

ထပ်မံပြီး နောက်တကြိမ် ရုပ်ရှင်အစည်းအရုံး အမှုဆောင်ရွေးချိန်မှာ ရုပ်ရှင်လောကအတွက် တကယ် အလုပ်လုပ်တဲ့သူ၊ အားထည့်မယ့်သူပဲ လာစေချင်တယ်လို့ ဦးအေးကြူလေးက ဆိုပါတယ်။

“ကျနော် မတက်ဖြစ်တာ အဲ့ဒါကလည်း ခေါင်းကြီးတယ်။ တာဝန်လည်းကြီးတယ်။ ကျနော်ကလည်း လူမှုရေးကိစ္စတွေ၊ နှစ်ပြည့်ကိစ္စတွေနဲ့ လုပ်နေရတာဆိုတော့ ကျန်တဲ့ ပြဇာတ် ညှိနှိုင်းကိစ္စတို့၊ တခြားကိစ္စတွေလည်းရှိတော့ နောက်တယောက် တက်တာက ပိုအဆင်ပြေမယ်။ ရုပ်ရှင်အစည်းအရုံး အမှုဆောင်ရွေးတယ်ဆိုရင် ရွေးတဲ့အချိန်မှာတော့ အပြိုင်အဆိုင်တွေနဲ့ ပါဝင်လာကြပြီး တကယ်တမ်းရွေးချယ်ခံရပြီး အလုပ်လုပ်ရတော့ အစည်းအဝေးဆို မလာ၊ ဒီဆိုမလာ ဟိုဆိုမလာနဲ့ပေါ့။ ဒါပေမဲ့ အခုတော့ ပြန်ပြီး အားစိုက်ကြပါဆိုတဲ့ အသံလေးတွေဖြစ်လာတော့ ဂရုစိုက်လာကြတာပေါ့”

“အဖွဲ့အစည်းတော်တော်များများက အစပဲ ဟိုဟာ လုပ်မယ်၊ ဒီဟာ လုပ်မယ်နဲ့။ တိုးတက်ဖို့ထား။ သာရေးနာရေး ကိစ္စတွေတောင် မလုပ်နိုင်ဘူး။ ကျနော်တို့ နောက်ထပ် တက်လာရင်လည်း အမျိုးသမီးပဲ ဥက္ကဋ္ဌ တက်တက်၊ အမျိုးသားပဲ ဥက္ကဋ္ဌ တက်တက်၊ တကယ် အလုပ်လုပ်တဲ့သူတွေ လာဖို့ပဲ အရေးကြီးတယ်။ လောကအတွက် တကယ်လည်း အလုပ်လုပ်တဲ့သူ အားစိုက်ထည့်မယ့် သူပဲ လာစေချင်တယ်”လို့ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ဧရာဝတီကို ပြောပါတယ်။

ဦးအေးကြူလေးဟာ လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ဒုဥက္ကဋ္ဌ တာဝန်ယူထားပြီး ဒါရိုက်တာ ညီညီထွန်းလွင်ကတော့ ဦးဇင်ဝိုင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်သွားပြီးနောက် သူ့ရဲ့ တာဝန်တွေကို ဆက်လက် လွှဲပြောင်းယူကာ လုပ်ကိုင်လျက် ရှိနေပါတယ်။

Your Thoughts …
Tags: ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ နေရာ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
5.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

သရုပ်ဆောင် တိုင်ရွန်  / Tyron Bejay's Facebook

အာဏာသိမ်းမှုအပေါ် ရုပ်ရှင်အစည်းအရုံးက ငြိမ်နေလို့ တိုင်ရွန် နုတ်ထွက်

by ချစ်ပိုး
4 February 2021
7.9k

အခုလို ကျနော်တို့ လေးစားခဲ့ရတဲ့ အဖွဲ့အစည်းတခုက ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေတာက မျိုးဆက်သစ် တယောက်အနေနဲ့ အရမ်းရှက်မိလို့ နုတ်ထွက်တာပါ”လို့ တိုင်ရွန်က ပြောပါတယ်။

ရုပ်ရှင်အစည်းအရုံးကို ရှုတ်ချကြတဲ့ အနုပညာရှင်များ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှုတ်ပိတ်နေတဲ့အပေါ် အနုပညာရှင်များ ရှုတ်ချ

by ယုဖြူဟန်
4 February 2021
10.2k

ဒါ့အပြင် သရုပ်ဆောင် တိုင်ရွန်ကလည်း သူ့ရဲ့ ရုပ်ရှင်အစည်းအရုံးကတ်ကို Facebook ပေါ်တင်ကာ သူ့ရဲ့ ဆန္ဒနဲ့ အဆိုပါ အစည်းအရုံးမှ နုတ်ထွက်ကြောင်း တင်ထားပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် / ဝေဝေနှင်း / ဧရာဝတီ

“ယုန်လေးက အစည်းအရုံးဝင် မဟုတ်တဲ့အတွက် တောင်းပန်စရာ မလိုဘူး”

by ယုဖြူဟန်
6 August 2020
26.2k

လူအများထင်နေသလို ယုန်လေးက လာရောက် တောင်းပန်တာမျိုး မဟုတ်ဘဲ သူဟာ အစည်းအရုံးဝင်လည်း မဟုတ်တဲ့အတွက် တောင်းပန်စရာလည်း မလိုဘူးလို့ ဆိုပါတယ်။

ကိုလူချောအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ သရုပ်ဆောင် အောင်ခိုင်  /  ဧရာဝတီ

ကိုလူချောအဖွဲ့နဲ့ ရုပ်ရှင်အစည်းအရုံးကြား အထင်လွဲနေမှုအကြောင်း ရှင်းပြတဲ့ အောင်ခိုင်

by ချစ်ပိုး
7 May 2019
16.3k

“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း ဆုံးဖြတ်ချက် ချလိုက်ပါတယ် ကိုလူချောအဖွဲ့ကို ၈ သိန်း ၁ သောင်း ချီးမြှင့်ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ချိုပြုံး / ဧရာဝတီ

“ကိုဗစ်ကာလမှာ ဘာသာရေးကို ပိုလုပ်ဖြစ်တယ်”လို့ ပြောတဲ့ ချိုပြုံး

by ချစ်ပိုး
13 November 2020
4.6k

ကိုဗစ်ကာလ အိမ်မှာပဲ နေဖြစ်ပြီး မကြာသေးခင်ကတော့ ရုပ်ရှင်အစည်းအရုံးမှာ သွားရောက်ကန်တော့ခံခဲ့တာကြောင့် အကာအကွယ် အပြည့်အစုံနဲ့ ထွက်ဖြစ်တယ်လို့ ဆိုပါတယ်။

Next Post
“Frozen 2” ဇာတ်ဝင်သီချင်းကို ပြန်ဆိုမယ့် အဆိုတော် Taeyeon

“Frozen 2” ဇာတ်ဝင်သီချင်းကို ပြန်သီဆိုမယ့် Girls’ Generation အဖွဲ့ဝင်ဟောင်း Taeyeon

မင်းသား Henry Cavill

"Mission: Impossible 7" ရုပ်ရှင်မှာ ထပ်မံပါဝင်လာဖွယ် ရှိတဲ့ မင်းသား Henry Cavill

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate