Entertainment

“Frozen 2” ဇာတ်ဝင်သီချင်းကို ပြန်သီဆိုမယ့် Girls’ Generation အဖွဲ့ဝင်ဟောင်း Taeyeon

Want create site? Find Free WordPress Themes and plugins.

ကိုရီးယားအခြေစိုက် Disney ကုမ္ပဏီဟာ သိပ်မကြာခင်အချိန်ကမှ Girls’ Generation ရဲ့ အဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ Taeyeon ကို “Frozen 2” မှာ ပါဝင်တဲ့ မူရင်းဇာတ်ဝင်သီချင်းကို ကိုရီးယားဗားရှင်း အနေနဲ့ သီဆိုခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုသတင်းတခု ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းကိုတော့ ကိုရီးယား Disney ရဲ့ တရားဝင် Instagram အကောင့်မှာ လွန်ခဲ့တဲ့ အင်္ဂါနေ့က ကြေညာခဲ့တာဖြစ်ပြီး “Taeyeon ရဲ့ သီချင်းကို နားထောင်လိုက်ရရုံနဲ့ ဆောင်းရာသီရဲ့ အငွေ့အသက်တွေကို ရရှိနိုင်မှာပါ”လို့ သတင်းမှာ ပူးတွဲဖော်ပြခဲ့ပါတယ်။

Taeyeon ဟာဆိုရင် Girls’ Generation ရဲ့အဖွဲ့ဝင်ဟောင်း တယောက်ဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်း ပေါ့ပ်စတားတွေထဲက တယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ အသက် ၃၀ အရွယ် ရှိပြီဖြစ်ပြီး Frozen 2 ရဲ့ ကာဗာသီချင်းကို သီဆိုဖို့ စိတ်လှုပ်ရှားနေပြီး အကောင်းဆုံးဖြစ်အောင် သီဆိုသွားမှာဖြစ်တယ်လို့ သူ့ရဲ့ Instagram အကောင့်မှာ တင်ထားပါတယ်။

“Frozen 2” ရဲ့ အင်္ဂလိပ်ဗားရှင်း ဇာတ်ဝင်သီချင်း နာမည်ကိုတော့ Disney အနေနဲ့ “Into The Unknown” လို့ ပေးထားပြီး Frozen ဇာတ်ဝင်သီချင်းကို “Let it go” ကို သီဆိုခဲ့ဖူးသူတဦးဖြစ်တဲ့ Idina Menzel ပဲ သီဆိုထားပါတယ်။ Disney အနေနဲ့ ဒီသတင်းကို အတည်ပြုပေးခဲ့ပြီးနောက်မှာတော့ Taeyeon ကလည်း သူ ဖန်တီးထားတဲ့ လက်ရာတခုကို သူ့ရဲ့ Instagram အကောင့်မှာ ပြန်လည် မျှဝေခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Frozen ဇာတ်ကားဟာ “Best Animated Feature Film” အော်စကာဆုကို ရရှိခဲ့ပြီး ဇာတ်ကားထဲမှာ ပါဝင်တဲ့ “Let it go” သီချင်းဟာဆိုရင်လည်း အော်စကာဆု ရရှိခဲ့ရုံတင်မကဘဲ အဲဒီနှစ်ရဲ့ ရောင်းအားအကောင်းဆုံး သီချင်းခွေတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ “Frozen 2” ဇာတ်ကားကိုတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

Ref. nextshark.com

You may also like these stories:

ညီအစ်မတွေ အတူတကွ ကြည့်ရှုသင့်တဲ့ ရုပ်ရှင် ၃ ကား

၂၀၁၉ ခုနှစ်မှာ Disney က ထပ်မံထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကားများ

နိုဝင်ဘာလမှာ ပြသတော့မယ့် “Frozen 2” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိလာ

Did you find apk for android? You can find new Free Android Games and apps.
Loading