အက်ရှင် အမျိုးအစား “Mission: Impossible” ရုပ်ရှင်ကားတွေဟာ အချိန်ကြာလာတာနဲ့အမျှ တကားထက်တကား အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မင်းသားကြီး Tom Cruise နဲ့ စတင်ရိုက်ကူးခဲ့တဲ့ Mission: Impossible ဟာဆိုရင် လာမယ့်နှစ်တွေမှာ နောက်ဆက်တွဲရုပ်ရှင်ဖြစ်တဲ့ “Mission: Impossible 7” အထိ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Mission: Impossible – Fallout” မှာတော့ Tom Cruise အပြင် Superman မင်းသားအဖြစ် လူသိများတဲ့ Henry Carvill ပါ ပါဝင်လာခဲ့ပြီး စိတ်လှုပ်ရှားစရာ စတန့်ရိုက်ကွက်တွေနဲ့ အောင်မြင်မှု စံချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တာပါ။
အရင် Mission: Impossible ရုပ်ရှင်တွေထက် ပိုကောင်းအောင် ရိုက်ကူးလာတဲ့အတွက် ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရုံတင်တိုင်း လက်ခံရရှိနေခဲ့တာ ဖြစ်ပါတယ်။
“Mission: Impossible – Fallout” ဟာဆိုရင် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Mission: Impossible – Rogue Nation” ထက် ဒေါ်လာ သန်း ၁၀၀ အမြတ်အစွန်း ရရှိခဲ့ပါတယ်။ ပရိသတ် လက်ခံမှု မြင့်တက်နေတဲ့ “Mission: Impossible” 7 နဲ့ 8 တို့ကို ဆက်လက် ရိုက်ကူးဖို့ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့် ဘယ်အချိန်မှာတော့ ရိုက်ကူးရေး စတင်မယ်ဆိုတာ မသိရသေးပါဘူး။
Paramount ကုမ္ပဏီအနေနဲ့ Fall Out ရဲ့ အဓိကဇာတ်ကောင်တယောက်ဖြစ်တဲ့ Ethan Hawke နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Henry Cavill ကို နောက်ထပ် ရုပ်ရှင်နှစ်ကားအတွက် ကမ်းလှမ်းဖို့ စဉ်းစားနေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
“The Man of Steel” ရဲ့ စူပါမန်း ဇာတ်ကောင်နေရာနဲ့ ကျော်ကြားလာခဲ့တဲ့ မင်းသား Henry Cavill ကို နောက်ထပ် “Mission: Impossible” ရုပ်ရှင်တွေမှာ ဘယ်လို ဇာတ်အိမ် တည်ဆောက်မှုထဲ တွေ့မြင်ရဦးမလဲဆိုတာကတော့ မေးခွန်းထုတ်စရာ အခြေအနေတခုပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.co