တောင်ကိုရီးယားနိုင်ငံရဲ့ ဂီတဟာ အာရှမှာသာမက တကမ္ဘာလုံး အတိုင်းအတာနဲ့ပါ အောင်မြင်ကျော်ကြားမှုတွေ ရရှိနေတယ်လို့ ပြောလို့ရပါတယ်။ K-Pop Idol တဦးအနေနဲ့ ရေရှည်အောင်မြင်နိုင်ဖို့ ရုပ်ချောရုံ၊ သီချင်းဆိုတတ်ရုံ၊ အုပ်စုလိုက် ကတတ်ရုံနဲ့တင် မရဘဲ ကိုယ်ပိုင်စွမ်းရည် တခုခု ရှိမှလည်း အောင်မြင်နိုင်တာပါ။
2NE1 ရဲ့ Member တယောက်ဖြစ်ခဲ့ပြီး အခုချိန်ထိလည်း နာမည်ကြီးနေသေးတဲ့ Sandara Park (Dara) ဟာဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံမှာရော၊ အာရှနိုင်ငံတွေမှာပါ မသိသူ မရှိအောင် အောင်မြင်နေသူ တယောက်ပါ။
သူမရဲ့ချစ်စရာ အသွင်အပြင်နဲ့အတူ ဖက်ရှင်ဆန်းတွေ ဝတ်စားတတ်မှုကလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိစေခဲ့တာဖြစ်ပြီး Dara လို့ပြောလိုက်တာနဲ့ သူမရဲ့ Pineapple Hairstyle ကို သတိရကြဦးမယ်လို့ ထင်ပါတယ်။
2NE1 မှာ ရှိစဉ်က ဖျော်ဖြေပွဲတွေမှာ တွေ့ရတတ်တဲ့ သူမရဲ့ တမူထူးခြားတဲ့ Pineapple Hairstyle ဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့သလို Beauty Blogger တွေနဲ့ Youtuber တွေ၊ အာရှက အနုပညာရှင်တော်တော်များများကပါ လိုက်လံ တုပခဲ့ရတဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့တာပါ။
K-Pop စတားတွေရဲ့ ထူးထူးခြားခြားဆံပင်ပုံစံတွေကြားမှာ Dara ရဲ့ Hairstyle တော်တော်များများဟာ ပါဝင်နေခဲ့ပြီး အဲဒီထဲမှာမှ Pineapple Hairstyle နဲ့ Half-shaved Hairstyle ဟာဆိုရင်တော့ လက်ရှိအချိန်ထိ K-Pop လောကမှာရော၊ အာရှက အနုပညာအသိုင်းအဝိုင်းမှာပါ မကြာမကြာ လိုက်လံ ပြုလုပ်လေ့ ရှိကြတဲ့ ဆံပင်ပုံစံတွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လည်း လက်ရှိ ပြသနေတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်တဦးဖြစ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကလည်း ဒီလို ဆံပင်ပုံစံကို ပြုလုပ်ထားပြီး ပရိသတ်အများရဲ့ သဘောကျနှစ်သက်မှုကို ရရှိနေပါသေးတယ်။
Pineapple Hairstyle ဟာဆိုရင်တော့ Dara ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တဲ့ ဆံပင်ပုံစံမျိုးဖြစ်တာကြောင့် Music Award အများစုမှာ ဒီ Hairstyle ကို ပြင်ဆင်လာလေ့ ရှိပါတယ်။ 2015 Mnet Asia Music Award ပွဲမှာဆိုရင်လည်း Pineapple Hairstyle နဲ့အတူ ရွှေရောင် မျက်နှာဖုံးတခုကို တပ်ဆင်ကာ ပွဲတက်လာခဲ့ပြီး အချိန်တော်တော်များများမှာ သူမရဲ့Trademark တခုလည်း ဖြစ်နေခဲ့ပါတယ်။
Ref. www.koreaboo.com
You may also like these stories:
အုန်းမှုတ်ခွက်ကေကို အမုန်းတရားရဲ့ သင်္ကေတအဖြစ် ADL အဖွဲ့ သတ်မှတ်
Spring သီချင်းနဲ့ ပရိသတ်ရှေ့ပြန်ရောက်လာခဲ့တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom