၂၀၁၉ ခုနှစ် နိုဝင်ဘာလဟာ ရုံတင်တော့မယ့် Horror ရုပ်ရှင်တွေနဲ့ TV Channel တွေမှာ စတင်ပြသတော့မယ့် Horror ရုပ်ရှင်တွေ ပြည့်နှက်နေတဲ့လ ဖြစ်ပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ ဟောလိုးဝင်း အားလပ်ရက်တွေ မတိုင်ခင်ကတည်းက Horror ရုပ်ရှင်ပေါင်းများစွာ ထွက်ရှိခဲ့ပြီး အခု နိုဝင်ဘာလအတွင်း ထွက်ရှိလာမယ့် ရုပ်ရှင်စာရင်းကို ဧရာဝတီ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) Doctor Sleep (နိုဝင်ဘာ ၈)
စတီဗင်ကင်းရဲ့ ဝတ္ထုကို မှီငြမ်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး ဒါရိုက်တာ Mike Flanagan က တာဝန်ယူ ပုံဖော်ထားတာပဲဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Shining” ရဲ့ နောက်ဆက်တွဲအဖြစ် လူသိများပြီး “The Shining” ထဲက Overlook Hotel မှာပဲ ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
(၂) Koko-di Koko-da (နိုဝင်ဘာ ၁၅)
ဆွီဒင် အခြေစိုက် Production တခုကနေ ထုတ်လုပ်မယ့် Horror ရုပ်ရှင်ဖြစ်ပြီး တခြား Horror အမျိုးအစားရုပ်ရှင်ကားတွေနဲ့ ကွဲပြားနေမှာဖြစ်တဲ့အတွက် ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။
(၃) The Shed (နိုဝင်ဘာ ၁၅)
ဒါရိုက်တာ Frank Sabatella ကိုယ်တိုင် ရေးသားရိုက်ကူးတဲ့ မကောင်းဆိုးဝါးတကောင်အကြောင်း ဖြစ်ပြီး ထွက်ရှိထားတဲ့ Trailer နဲ့တင် စိတ်လှုပ်ရှား ထိတ်လန့်မှုကို ခံစားကြရမှာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကားတကားဖြစ်မယ်လို့ ပရိသတ်တော်တော်များများက မျှော်လင့်ထားကြပါတယ်။
(၄) Nekrotronic (နိုဝင်ဘာ ၂၁)
Horror, Comedy အမျိုးအစားရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Kiah Roache-Turner ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သြဂုတ်လတုန်းက ရုံတင်ခဲ့ဖူးပေမယ့် ကန့်သတ်ထားတဲ့ ရုပ်ရှင်ရုံ တချို့ရှိခဲ့ပြီး Horror အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေဆီ ပျံ့နှံ့ဖို့အားနည်းခဲ့တာကြောင့် ဒုတိယအကြိမ်ရုံတင်ဖို့ နီးကပ်နေပြီဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။
Ref. screenrant.com
You may also like these stories:
စိတ်ချောက်ချားမှု အပြည့်နဲ့ ကြည့်ရှုရမယ့် “Hereditary” ရုပ်ရှင်
ဂျပန်နိုင်ငံမှာ အစပြုခဲ့တဲ့ ပထမဆုံး ဂေါ်ဇီလာရုပ်ရှင် သက်တမ်း ၆၅ နှစ်ပြည့်ပြီ
ထိတ်လန့်တုန်လှုပ်စွာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ရုပ်ရှင် “A Cure For Wellness”